သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-03-08
ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ ဒီနေ့ နေ့လယ်ပိုင်းက စပြီးတော့ တရုတ်နိုင်ငံ ရွှေလီမြို့ ရေပူစမ်းဟော်တယ်မှာ နိုင်ငံရေးအရ ဆွေးနွေးကြပါတယ်။ ဒီနေ့ ဆွေးနွေးပွဲမှာ အရင် သဘောတူထားတဲ့ အချက်တွေကိုပဲ ပြန်လည် ဆွေးနွေးကြတာလို့ KIO ဘက်ကပြောပါတယ်။
2012-03-08
အင်းစိန်ထောင် အထူးတရားရုံးမှာ မတရားသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) တို့နဲ့ စွဲချက်တင် စစ်ဆေးနေတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် အမှုကို လာမယ့်အပတ် အင်္ဂါနေ့မှာ အပြီးသတ် အမိန့်ချတော့မယ်လို့ ရှေ့နေ ဦးကြီးမြင့်ကပြောပါတယ်။
2012-03-08
ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးချယ်ခံမယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပုဂ္ဂိုလ်စွဲ အုပ်စုစွဲတွေကို ဘေးဖယ်ပြီး အင်တိုက်အားတိုက် အလုပ်လုပ်ကြဖို့နဲ့ မဲစာရင်းတွေမှာ အမှားများနေတာကို အမြန်ဆုံးပြုစုဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2012-03-08
မြန်မာအစိုးရက ဧပြီလမှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ ဒီမိုကရေစီကို ဖော်ဆောင်ပေးမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ် ဆိုတာကိုကြည့်ပြီး ကနေဒါနိုင်ငံက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းသင့်မသင့် စဉ်းစားသွားမယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘဲ့ဒ် (John Baird) က ပြောကြားလိုက်ပါတယ်။
2012-03-08
မြန်မာပြည် ကြားဖြတ် ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖို့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell ဟာ ဒီလလယ်ပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
2012-03-07
တစ်တိုင်းပြည်လုံး အတိုင်းအတာအရ မဲဆန္ဒရှင် အမည်စာရင်းကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားရာမှာ စာရင်းပါဝင်သူတချို့ဟာ မဲပေးခွင့် မရှိသူတွေ ဖြစ်တာကြောင့် အသေအချာပြန်လည် စိစစ်နိုင်အောင် အချိန်ကာလတိုးပြီး သတ်မှတ်ပေးဖို့ NLD ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီကနေ့ စာပေးပို့ မေတ္တာရပ်ခံလိုက်ပါတယ်။
2012-03-07
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွ့ံ့ဖြိုးရေးပါတီကိုသာ မဲထည့်ရမယ်ဆိုပြီး ဒေသခံတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ မိုင်းရယ် ပြည်သူ့စစ်ခေါင်းဆောင်ကို အရေးယူပေးဖို့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။
2012-03-07
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်နေတဲ့ International Women’s Courage ဆုကို ဒီနှစ်အတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ချီးမြှင့်ရာမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်လည်း ချီးမြှင့်ခံရပါတယ်။
2012-03-07
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့နဲ့ အစိုးရတို့ဟာ ဒီကနေ့ အချက်သုံးချက်ကို သဘောတူညီပြီး ပြည်နယ်အဆင့် ပဏာမအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
2012-03-07
ထိုင်းနိုင်ငံ အခြေစိုက် အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်က ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ အစိုးရရဲ့ အပစ်ရပ်စဲရေး ဖြစ်မြောက်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အကြိုဆွေးနွေးဖို့ ဒီကနေ့ ရန်ကုန်မြို့ကို ထွက်ခွာသွားပါတယ်။
2012-03-07
စစ်ကိုင်းတိုင်း ကသာမြို့ ဈေးကြီးမှာ ဒီနေ့မနက် ၃ နာရီလောက်က မီးလောင်ခဲ့လို့ ဈေးကြီးတစ်ခုလုံး မီးထဲပါသွားပြီး ကျပ်ငွေ သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
2012-03-06
အင်းစိန်ထောင်မှာကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၄၄ ယောက်အတွက် အလှူငွေနဲ့ စာအုပ်တွေကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဒီနေ့ ထောင်တာဝန်ခံအရာရှိတွေကို သွားရောက်ပေးအပ်ခဲ့ပါတယ်။
2012-03-06
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်အတွင်း ရှေ့လမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးနိုင်မယ့် မဲဆန္ဒရှင် အမည်စာရင်း မှားယွင်းနေတာကြောင့် အန်အယ်လ်ဒီပါတီက သက်ဆိုင်ရာကို မဲစာရင်းအတည်ပြုမယ့်အချိန် တိုးပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
2012-03-06
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းတွေ တံတားတွေအကြောင်း သတင်းဆောင်းပါးရေးသားတဲ့ မော်ဒန်ဂျာနယ်က သတင်းထောက်တစ်ဦးနဲ့ ဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံကို သပိတ်ကျင်းမြို့နယ် အာဏာပိုင်တွေက အသရေဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပြီး ဒီကနေ့ ပထမဆုံး တရားရင်ဆိုင်ရတယ်လို့ သိရပါတယ်။
2012-03-06
ကယားပြည်နယ် လွိုင်ကော်မြို့တော်မှာ မနက်ဖြန်ကျင်းပမယ့် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ ဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ရဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို နိုင်ငံတကာအဖွဲ့အစည်းတွေ ပထမဆုံးအကြိမ် လေ့လာသူအဖြစ် တက်ရောက်မယ်လို့ သိရပါတယ်။