သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-13
၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အင်န်အယ်လ်ဒီပါတီက မန္တလေး တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ကန့်ကွက်ခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။
2019-06-13
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ မေလ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရွာသား ခြောက်ယောက်သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ရာမှာ တွေ့ရှိခဲ့ရတဲ့ အခြေအနေ ပတ်သက်ပြီး ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန် လိုက်ပါတယ်။
2019-06-13
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးခွဲကို ပြီးခဲ့တဲ့ မေလက စတင်ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
2019-06-13
ရှေးခေတ်အမျိုးသမီးစာဆိုကြီးတစ်ဦးဖြစ်တဲ့ မယ်ခွေရဲ့ လက်ဆောင်ကဗျာကို စနစ်သစ် အခြေခံပညာ အထက်တန်း ဒဿမတန်း မြန်မာဖတ်စာမှာ ထည့်သွင်းဖော်ပြသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
2019-06-13
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လ.ဝ.က) မြို့နယ်ဦးစီးမှူးနဲ့ ဒု-လူဝင်မှုကြီးကြပ်ရေးမှူး အပါအဝင် လဝက ဝန်ထမ်း ၇ ဦးနဲ့ ကူညီပေးသူ ၁ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ ၆၃ နဲ့ လားရှိုးမြို့မ ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်ပါတယ်။
2019-06-13
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ဇွန် ၁၁ ကစပြီး နောက်ထပ် နှစ်လ သက်တမ်းတိုးမြှင့်လိုက်ပါတယ်။
2019-06-13
ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် ဆဒုံမြို့မှာ တရားမဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို လဝက အက် ၁၃ (၁) နဲ့ အရေးယူပြီး ဒီကနေ့ တရုတ်အာဏာပိုင်တွေဘက်ဆီကို ပြည်နှင်ဒဏ်အဖြစ် လွှဲပြောင်းပေး လိုက်ပါတယ်။
2019-06-12
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ တနေ့တခြား တိုးပွားများပြားလာနေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ တစ်သိန်းခြောက်သောင်းကျော်နေပြီ ဖြစ်ပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ စစ်ဘေးဒဏ် ရင်မဆိုင်နိုင်လို့ ပြေးခဲ့ရတာ အခု ပြန်သွားရင်အိုးအိမ်သစ် ဘယ်လိုထူထောင်ရမှန်းမသိ၊ ဘာလုပ်စားရမှန်းမသိလို့လည်း ဆိုကြပါတယ်။
2019-06-12
ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်း ရဲဌာနချုပ် အဆောက်အဦးဆောက်လုပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ဇွန်လ ၁၂ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
2019-06-12
ရခိုင်ပြည်နယ်မှာ ခြောက်လအတွင်း တိုက်ပွဲကြီးငယ် စုစုပေါင်းငါးရာကျော်ပြီလို့ AA ရခိုင့်တပ်တော်က ပြောဆိုပေမယ့် မြန်မာ့တပ်မတော်ကတော့ တိုက်ပွဲ ၁၅ဝ ကျော်သာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
2019-06-12
ပေါက်တောမြို့နယ် ပေါက်တောပြင်ဘုန်ကြီးကျောင်းမှာ ရခိုင်စစ်ပြေးဒုက္ခသည်တွေကို တပ်မတော်က မနေ့က စစ်ဆေးခဲ့ပြီးတဲ့နောက် ဒုက္ခသည် ၃ဝဝ ကျော်လောက်ပဲ ကျန်တော့တယ် လို့သိရပါတယ်။
2019-06-12
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ တရုတ်အစိုးရက ကူညီသွားမယ့်အကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လည်း အနီးကပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောလိုက်ပါတယ်။
2019-06-12
နှစ်နှစ်နီးပါး ရိက္ခာထောက်ပံ့မှုတွေ ဖြတ်တောက်ခံထားရတဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် ခြောက်ထောင်ကျော်အတွက် စားဝတ်နေရေး အခက်အခဲတွေရှိနေပြီး နေရပ်ပြန်ပို့မှာကို စိုးရိမ်နေကြပါတယ်။
2019-06-12
ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှာရှိတဲ့ အောင်မြေအနီးမှာ ဒီကနေ့ ညနေက အမျိုးသားရေး တက်ကြွလှုပ်ရှားတဲ့ သံဃာတွေနဲ့ လူပုဂ္ဂိုလ်အချို့ စုပေါင်းပြီး မေတ္တာပို့ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-06-12
ရခိုင်ပြည်နယ် အမ်းမြို့နယ် ပဒေကြောကျေးရွာမှာရှိတဲ့ ချင်းတိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူးကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းဖို့ ခြိမ်းခြောက်လက်မှတ်ရေးထိုးခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဇွန်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။