သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-19
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ အမည်မသိရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က သွားရောက်ဖော်ယူရာမှာ အလောင်း ၁၀ လောင်း တွေ့ရှိခဲ့ရပါတယ်။
2017-12-19
မြန်မာသတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုမြတ်ကျော်သူကို မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ပဋိပက္ခများနဲ့ ပတ်သက်တဲ့ သတင်းတင်ပြချက်ကြောင့် Kate Webb ဆုကို ချီးမြှင့်လိုက်တယ်လို့ ပြင်သစ်နိုင်ငံ အခြေစိုက် AFP သတင်းဌာနက အင်္ဂါနေ့က ကြေညာပါတယ်။
2017-12-19
မြန်မာနိုင်ငံမှာ ရေနံရှာဖွေထုတ်လုပ်နေတဲ့ အမေရိကန်အခြေစိုက် ချက်ဗရွန် Chevron ကုမ္ပဏီအနေ နဲ့ လုပ်ငန်းတွေရပ်လိုက်ဖို့ အစုရှယ်ယာဝင်တွေရဲ့ ဆုံးဖြတ်ချက်ကျအောင် တင်ပြမယ်လို့ ရှယ်ယာဝင်တဦးက ပြောလိုက်ပါတယ်။
2017-12-19
တူလာတိုလီရွာက မြန်မာ့တပ်မတော်ရဲ့ရာဇဝတ်မှု ဆိုတဲ့ခေါင်းစဉ်နဲ့အစီရင်ခံစာတစောင်ကို HRW လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2017-12-19
ဘင်္ဂလားဒေ့ရှ်ကိုထွက်ခွာသွားတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေးကို ဇန်နဝါရီလအတွင်းစတင် ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံက အတိအကျသတ်မှတ် လိုက်ပေမယ့် သူတို့ရဲ့ လုံခြုံရေးအတွက် အခိုင်အမာအာမခံလို့ မရသေးဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။
2017-12-19
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ အမည်မသိရုပ်အလောင်းတွေ တွေ့ရှိ တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ့် အဖွဲ့တစ်ဖွဲ့ဟာ အင်းဒင်ကျေးရွာကို ဒီကနေ့သွားရောက်ပြီး အလောင်းတွေ ဖော်ယူနေပါတယ်။
2017-12-19
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် က ဒေသခံတွေ မောင်တောမြို့ သုံးမိုင်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာကြရာမှာ ဒီနေ့အချိန်အထိဆိုရင် လူဦးရေ ၁၇၀ လောက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
2017-12-19
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒကို လက်ရှိအစိုးရက အလေးထားစဉ်းစားမှု အားနည်းတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း က ဒီနေ့ ပြောပါတယ်။
2017-12-19
ရခိုင်ပြည်နယ် မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်ရှိနေသူတွေကို ပြန်လည် လက်ခံရေးအတွက် အထောက်အကူပြုအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပါတယ်။
2017-12-19
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ကို ပြန်လည်ထူထောင်ပေးဖို့ မြန်မာအလုပ်သမား ၁ ထောင်လောက်က ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဒီကနေ့ တောင်းဆိုခဲ့ကြပါတယ်။
2017-12-19
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပုဂ္ဂလိကယာဉ်များ စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌကို သေနတ်သမား ၄ ယောက်က ဒီကနေ့ နေ့လည်ပိုင်းမှာ ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
2017-12-19
လာမယ့်ဇန်နဝါရီလကုန်လောက်မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကို တစ်ဖွဲ့ချင်းစီ မဟုတ်ဘဲ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ ပါဝင်တဲ့ FPNCC ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီအနေနဲ့ ဖိတ်ကြားလာမယ်ဆိုရင် တက်ရောက်မယ်လို့ TNLA ဗိုလ်မှူးချုပ် တာဖုန်းကျော်က ဒီနေ့ ပြောပါတယ်။
2017-12-18
၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွက် တပ်မတော် စစ်အသုံးစရိတ်အဖြစ် မြန်မာကျပ်ငွေ "၂ ဒသမ ၉၁ ထရီလီယံ" တောင်းခံ ထားတယ်လို့ သိရပါတယ်။
2017-12-18
NLD ပါတီအစိုးရ တက်လာပြီးနောက် အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက်လာပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာမယ်လို့ အများက မျှော်လင့်ခဲ့ကြပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါဘူး။
2017-12-18
ကချင်ပြည်နယ်က အစိုးရအုပ်ချုပ်ရေးနယ်မြေ အတွင်းမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်မိသားစုတွေ ဟာ မိသားစုဝမ်းရေးအတွက် နေ့စားအလုပ်တွေ လုပ်ကိုင်ပြီး ဖြေရှင်းနေကြပါတယ်။