သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-26
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာတွေနေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က ကျူးကျော်တွေကို ဖယ်ရှားဖို့ အမိန့်ထုတ်ပြီးနောက်မှ အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းလိုက်တာဟာ အစိုးရကိုယ်တိုင် ဥပဒေကို လေးစားလိုက်နာမှု မရှိတာလို့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးက ဝေဖန်လိုက်ပါတယ်။
2020-05-26
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုက်ပျိုးရေး ထုတ်ကုန်တွေရောင်းချမရဖြစ်နေတဲ့ တောင်သူတွေမှာ အစိုးရချေးငွေနဲ့ ပုဂ္ဂလိကချေးငွေတွေ ပြန်ဆပ်ဖို့အခက်အခဲရှိနေပြီး ဆပ်ရမယ့်ရက်ကို နောက်ဆုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
2020-05-25
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေးအတွက် ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေအရ ဖမ်းဆီးခံရတာများနေပြီး၊ အခက်အခဲတွေတွေ့နေလို့ အကူအညီတွေ လိုအပ်နေပါတယ်။
2020-05-25
ကမ္ဘာမှာရော မြန်မာမှာပါ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့စိန်ခေါ်မှုကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့ အချိန်မှာ ရခိုင်ပြည်နယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးရတာထက် စစ်ကြောင့် သေကြေပျက်စီးရတာပိုများနေပါတယ်။
2020-05-25
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုန်တန်းကျေးလက် ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးမှူး ဦးစိုးသူဝင်းဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကတည်းက ပျောက်ဆုံးနေပြီး လက်ရှိ အချိန်အထိ ဘာသတင်းမှ မရသေးပါဘူး။ ရက္ခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပေမယ့် AA ဘက်ကတော့ ဖမ်းဆီးထားခြင်းရှိမရှိ သတင်းအတိအကျ မရသေးဘူးလို့ RFA ကို ပြောပါတယ်။
2020-05-25
အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ၊ ဂမ်ဘီယာက တရားစွဲထားတဲ့ကိစ္စကို ရင်ဆိုင်ဖြေရှင်းဖို့ အတွက်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြည့်စွက် ရန်ပုံငွေ တောင်းခံတဲ့အပေါ် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မေးခွန်း ထုတ်လိုက်ပါတယ်။
2020-05-25
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ကော်မရှင်ထံကို စာပေးပို့တိုင်ကြားပေမယ့် အရေးတယူ ဆောင်ရွက်တာမျိုးမရှိဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2020-05-25
ပြည်ပက ပြန်ရောက်လာသူတွေ ၂၁ ရက် ကြပ်မတ်စောင့်ကြည့်ခံရတဲ့ နေရာတချို့မှာ စားသောက်စရိတ်ကို စောင့်ကြည့်ခံရသူတွေ ကိုယ်တိုင် ကျခံနေရတာကြောင့် အစိုးရရဲ့ ထောက်ပံ့မှု ရရှိမှ အခက်အခဲ ပြေလည်မယ်လို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။
2020-05-25
ICJ နိုင်ငံတကာတရားရုံးကို မြန်မာနိုင်ငံဘက်က တင်သွင်းတဲ့ ကြားဖြတ် အစီရင်ခံစာမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်တယ်ဆိုတာ မသိရသေးပေမယ့် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေ ပြောင်းလဲမှုမရှိသေးဘူးလို့ အင်္ဂလန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအသင်း-ယူကေ က ပြောလိုက်ပါတယ်။
2020-05-24
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ သေဆုံးနှုန်းရော ကူးစက်နှုန်းပါ မကျသေးပေမယ့် ကမ်းခြေတွေဆီလူတွေ သွားနေကြပါတယ်။
2020-05-24
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲအုပ်စု ကံသစ်ကျေးရွာ အနောက်ဘက် နှစ်မိုင်ဝန်းကျင် လောက်အကွာမှာ ဒီနေ့မွန်းလွဲပိုင်းက ဒေသခံနှစ်ဦး မိုင်းနင်းမိတဲ့အတွက် ခြေထောက်တွေ ဆုံးရှုံးခဲ့ပါတယ်။
2020-05-24
ပြည်နယ်အသီးသီးက တိုက်နယ်ဆေးရုံတွေမှာ ဆရာဝန် လိုအပ်နေတာကြောင့် ခန့်အပ်ဖို့ စီစဉ်နေပေမယ့် အလုပ်လျှောက်တဲ့ ဆရာဝန်ဦးရေ အလွန်နည်းပါးနေပါတယ်။
2020-05-24
တိုင်းခုနှစ်တိုင်းနဲ့ နေပြည်တော်မှာ ဆိုလာနေရောင်ခြည်သုံး လျှပ်စစ်စက်ရုံတွေ တည်ဖို့ တင်ဒါခေါ်တဲ့ အခါမှာ အမေရိကန်၊ ဥရောပကုမ္ပဏီတွေ ဝင်လျှောက်ဖို့ အချိန်မလုံလောက်သလို၊ လုပ်ခွင့်ချပေးမယ့် နေရာတွေထဲမှာ ပြည်နယ်တွေလဲ ပါဝင်တာမတွေ့ရပါဘူး။
2020-05-24
အင်းလေးကန်ထိန်းသိမ်းရေးအတွက် သစ်မျိုးစေ့နဲ့ သစ်မျိုးစေ့မြေလုံးပေါင်း နှစ်သိန်းငါးသောင်းကျော်ကို ရေဝေရေလဲဒေသ တောင်ကတုံးနေရာတွေနဲ့ စိုက်ပျိုးသွားမယ်လို့ ညောင်ရွှေမြို့နယ် သစ်တောဦးစီးဌာနနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က ပြောပါတယ်။
2020-05-24
လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီအထိ “RFA စကားဝိုင်း” (Call-in Show) အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။