သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-14
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး က ဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေးကော်မတီအဖွဲ့ဝင်တွေဟာ စတင်စစ်ဆေးဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိ နေပါတယ်။
2020-05-14
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-05-14
"ယနေ့နိုင်ငံရေး" အစီအစဉ်မှာ ပြီးခဲ့တဲ့ မတ်လ တုန်းက လွှတ်တော်ထဲမှာ အပြင်းအထန် ငြင်းခုန်ခဲ့ကြတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် ပါတီကြီးနှစ်ခုရဲ့ မတူညီတဲ့အမြင်သဘောထားတွေကို တင်ဆက်ပေးသွားမှာပါ။
2020-05-14
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး နေပြည်တော်နဲ့ မန္တလေး အပါအဝင် မြို့ကြီးအတော်များများမှာ ညမထွက်ရအမိန့်ကို အနည်းငယ်ဖြေ လျှော့ပေးခဲ့ပေမဲ့ ရန်ကုန်မှာတော့ မူလအတိုင်း ဆက်လက်ထားရှိပါတယ်။
2020-05-14
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ ပညာပေးရေးအတွက် အခမဲ့ ဖြန့်ဝေနေတဲ့ နှာခေါင်းစည်းတွေဟာ လူကြီးတွေအတွက်သာ ဖြစ်နေတတ်တာကြောင့် ကလေးတွေအတွက် အဆင်မပြေပါဘူး။ အခြေခံလူတန်းစားတွေ နှာခေါင်းစည်း မဖြစ်မနေ တပ်နိုင်ဖို့အတွက် အလှူရှင်တွေ ဒါမှမဟုတ် ဈေးသက်သက်သာသာနဲ့ ရောင်းပေးမယ့်သူတွေလည်း လိုအပ်နေပါတယ်။
2020-05-14
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို အစိုးရ ပေးပို့ရမယ့် ပထမဆုံး အစီရင်ခံစာကို မေလ ၂၃ ရက်နေ့ မတိုင်ခင် တင်သွင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
2020-05-14
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ဈေးကွက်ပျက်နေချိန်မှာ စိုက်ပျိုးရေးထွက် ကုန်တွေ ဝယ်လက်မရှိတာကြောင့် တောင်သူအများအပြား အရှုံးပေါ်ပြီး အကြွေးတင်နေကြပါတယ်။ တောင်သူတွေမှာ စိုက်ပျိုးစရိတ်တောင် မရှိတော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။
2020-05-13
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားနိုင်အောင် စားသောက်ဆိုင်အတွင်း ဝင်ရောက်စားသောက်ခွင့်မပြုဘဲ အစားအစာ အိမ်ကို ထုပ်ပိုးဝယ်ယူတဲ့စနစ် ကျင့်သုံးနေတာ အခုဆိုရင် တစ်လကျော်သွားပါပြီ။
2020-05-13
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး အလေးပေး ဆောင်ရွက် နိုင်အောင် တနိုင်ငံလုံး အပစ်ရပ်ဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ သံတမန် နည်းလမ်းတွေသုံးပြီး ဖိအားပေးဆောင်ရွက်ပါဆိုပြီး၊ အမေရိကန်ပြည်ထောင်စုအခြေစိုက် အန်ဂျီအို ၆၄ ဖွဲ့က နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပေးယိုကို မေလ ၁၃ ရက် မနေ့က စာရေးသားတိုက်တွန်းလိုက်ပါတယ်။
2020-05-13
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်းက သရက်ပြင်ရွာမှာ မိုင်းနင်းမိပြီး ရိုဟင်ဂျာ မွတ်စလင် ကလေး နှစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီမိုင်းဟာ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။
2020-05-13
ကီရင် (Kirin) ကုမ္ပဏီ အနေနဲ့ တပ်မတော်နဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်နေတာကို ရပ်တန်းကရပ်ပြီး တရားမျှတမှုအတွက် ဆောင်ရွက်နေတဲ့နေရာတွေမှာပါဝင်ဖို့ မြန်မာနိုင်ငံအတွက် တရားမျှတမှု (Justice For Myanmar) အဖွဲ့က သတင်းထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2020-05-13
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပေါ်တဲ့အထိ ကျောင်းတွေ ပိတ်ထားဖို့ မဖြစ်နိုင်တာကြောင့် ကျောင်းတွေ မဖြစ်မနေ ပြန်ဖွင့်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ကပ်ရောဂါကာလ အတောအတွင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်တွေနဲ့အညီ ကျောင်းပညာရေး စတင်နိုင်ပါ့မလားဆိုတာ စိုးရိမ်ပူပန်နေကြပါတယ်။
2020-05-13
နှာခေါင်းစည်းမတပ်ရင် ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေအရ ငွေဒဏ် ငါးထောင်ချမှတ်ခံရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ပြောပါတယ်။
2020-05-13
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ကန့်သတ်မှုအချို့လုပ်ခဲ့ပြီး တစ်လကျော်လာတဲ့အခါမှာတော့ နေရာငှားရမ်းလုပ်ကိုင်ရသူတွေ အလုပ်သမားဝန်ထမ်းတွေနဲ့ လည်ပတ်ရတဲ့ အသေးစားလုပ်ငန်းရှင်တွေ အခက် အခဲများစွာ ရင်ဆိုင်နေရပါတယ်။
2020-05-12
ရခိုင်ပြည်နယ်မှာ အရပ်သား ငါးယောက်ကို မြန်မာစစ်သားတွေ ရိုက်နှက်ထိုးကြိတ် ခဲ့တဲ့ ဗွီဒီယိုနဲ့ပတ်သက်ပြီး အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ တပ်မတော်ကနေ မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ - တပ်မတော်မပါဝင်ဘဲ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားကြပါတယ်။