သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-12
အခုကိုရိုနာဗိုင်းရပ်စ်ကာလမှာ နိုင်ငံဝင်ပေါက် ထွက်ပေါက်တွေ လေဆိပ်တွေပိတ်ထားကြောင့် နိုင်ငံတကာကသင်္ဘောသားတွေ သင်္ဘောတစ်စီးနဲ့ တစ်စီးကူးပြောင်းရေးအတွက် အတော်လေး အခက်ကြုံနေရပါတယ်။
2020-05-12
ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်နားမှာ မနေ့ညနေ ၄ နာရီကျော်အချိန်လောက်က ပစ်ခတ်မှုတွေဖြစ်လို့ အနီးမှာရှိတဲ့ ပိုက်သည်ရပ်နဲ့ လက်ဆောင်ကောက်ရွာတွေက မွတ်စလင်ရိုဟင်ဂျာ သုံးဦးဟာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိသွားကြတယ်လို့ ဒေသခံတွေနဲ့ ကျေးရွာလူကြီးတွေက ပြောပါတယ်။
2020-05-12
နေပြည်တော်မှာ လွှတ်တော် အစည်းအဝေးတွေ ပြန်စတော့မှာမို့၊ အစည်းအဝေး တက်ရောက်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးနေသလို၊ လွှတ်တော်ထဲမှာလည်း social distancing စည်းကမ်းတွေအတိုင်း လိုက်နာဆွေးနွေး နိုင်ဖို့ ပြင်ဆင်နေပြီလို့ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက RFA ကို ပြောပါတယ်။
2020-05-12
အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNDP နဲ့ UNHCR အဖွဲ့တွေဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အပါအဝင် လူသားချင်းစာနာမှု အကူညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကို တစ်နှစ်သက်တမ်း တိုးဖို့ မနေ့က သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။
2020-05-12
အစိုးရက ကပ်ရောဂါ ထိန်းချုပ်တဲ့ကာလအတွင်း ပြည်သူတွေကို ဧပြီလအတွက် ဓာတ်အားသုံးစွဲမှု ယူနစ် ၁၅၀ အခမဲ့ သုံးစွဲခွင့်ပြုပေးခဲ့ပေမယ့် တနင်္သာရီတိုင်းမှာတော့ အဲဒီအခွင့်အရေး မရကြပါဘူး။
2020-05-12
အစိုးရက ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု တားဆီးရေးအတွက် လူစုလူဝေးနဲ့ သွားလာ ကန့်သတ်မှုတွေကို မေလ ၁၅ ရက်နေ့ထိ တိုးမြှင့်ထားပေမယ့် ကချင်ပြည်နယ်မှာ လူအသွားအလာ ပုံမှန်လို ပြန်ဖြစ်နေပါတယ်။
2020-05-12
လူထုထောက်ခံမှု အားကောင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို ကိုင်စွဲထားတဲ့ NLD ပါတီဟာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ မူဝါဒ မရှိပေမယ့် နိုင်ငံရေးပါတီ အတော်များများကတော့ ၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ပေါ်ထွက်လာဖို့ လိုလားနေကြပါတယ်။
2020-05-11
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတစ်ချို့မှာ ရာသီဥတု ပူပြင်းတာကြောင့် ရေတွင်းရေကန်တွေ ရေခန်းခြောက်ပြီး၊ သောက်သုံးရေပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-05-11
မြန်မာ့တပ်မတော်သားတွေက အမျိုးသား ငါးဦးကို ရိုက်နှက်ထိုးကြိတ်ပြီး ညှဉ်းပန်းနှိပ်စက်နေတဲ့ ရုပ်သံဖိုင်တစ်ခု မနေ့က ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ ဒီရုပ်သံဖိုင်မှာ ပါရှိသူတွေဟာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကဖြစ်ပြီး ဒီဖြစ်ရပ်အပေါ် တရားမျှတမှု ရရှိအောင်ဆောင်ရွက်ပေးဖို့ကိုလည်း မိသားစုဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
2020-05-11
တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နဲ့ အပါအဝင် သုံးဦးကို မြို့နယ် တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ ကနဲ့ အမှုဖွင့်ပြီး ဒီကနေ့ ရမန်ယူခဲ့ပါတယ်။
2020-05-11
ကိုရိုနာဖြစ်ပွားနေတဲ့ကာလမှာ တိုက်ပွဲတွေကို ရပ်တန့်ပြီး ရောဂါကို အဓိကထား တိုက်ဖျက်ဖို့ တောင်းဆိုနေချိန်မှာ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပါတယ်။
2020-05-11
ကင်ဆာကြောင့် သေဆုံးရတဲ့ အရေအတွက်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်လွှား သေဆုံးမှုတွေထက် ပိုများနေတယ်လို့ ကိုယ်တိုင် ကင်ဆာရောဂါကို အံတုနေရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဆောင်းပါးတစ်ပုဒ်မှာ ရေးထားပါတယ်။
2020-05-11
ကပ်ရောဂါ ထိန်းချုပ်ရေးကာလ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ပိတ်ဆို့ကန့်သတ်ထားတဲ့ ကာလမှာ မူဆယ်ကနေ တရုတ်နိုင်ငံထဲ ပြောင်းတွေ တင်ပို့ခွင့်မရလို့ နေ့စဉ် ကျပ် သိန်းပေါင်း သောင်းနဲ့ချီပြီး ဆုံးရှုံးနေရတယ်လို့ ပြောင်းစိုက်တောင်သူတွေက ပြောပါတယ်။
2020-05-10
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂၀၁၇ ခုနှစ်က လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်ခုံရုံးက စုံစမ်းစစ်ဆေးပြီးသွားပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေလ ၈ ရက်နေ့က သတင်းထုတ် ပြန်ခဲ့ပါတယ်။
2020-05-10
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတဲ့နှုန်း အတော်လေး လျော့ကျသွားတာကြောင့် ၅၈ ရက်ကြာ Lockdown ချ အသွားအလာ ကန့်သတ်ခဲ့ပြီးနောက် မေလ ၄ ရက်နေ့ကစပြီး နိုင်ငံကို ပြန်ဖွင့်ပေးလိုက်ပါပြီ။