သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-17
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရကိုယ်စားလှယ်တွေအတွက် သုံးရက်တာ စွမ်းရည်မြှင့်သင်တန်းကို နေပြည်တော်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က စတင်ပို့ချနေပါပြီ။
2015-12-16
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP က ထုတ်ဝေလိုက်တဲ့ ၂ဝ၁၅ ခုနှစ် လူသား ဖွံ့ဖြိုးမှုညွန်းကိန်းမှာ မြန်မာနိုင်ငံကို အဆင့် ၁၄၈ သတ်မှတ်ပြီး ဖွံ့ဖြိုးမှုနည်းပါးနိုင်ငံ စာရင်း ထည့်သွင်းထားပါတယ်။ အရှေ့တောင်အာရှနိုင် ငံတွေထဲမှာ မြန်မာပြည်က အနိမ့်ဆုံးလည်းဖြစ်ပါတယ်။
2015-12-16
ပြည်မြို့နယ် အနောက်လက်ခုပ်ပင် ရွာသားတစ်ဦးက သူတို့ရွာလျှပ်စစ်မီးရဖို့ ကောက်ယူသုံးစွဲခဲ့တဲ့ ငွေကြေးရှင်းတမ်းလုပ်ပေးဖို့ ပြည်မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ ဒီနေ့တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။
2015-12-16
အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီနာကျွန်းက ရေလုပ်ငန်းလုပ်ကိုင်သူတွေဆီကို ရောင်းစားခံခဲ့ရပြီး မြန်မာနိုင်ငံကိုပြန်လည်လွတ်မြောက်လာသူတွေရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ Summit Park View Hotel မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-12-16
ရှမ်းပြည်နယ် တောင်ကြီး၊ တာချီလိတ်နဲ့ ပင်လောင်း မြို့နယ်တွေမှာ ငွေကျပ်သိန်းပေါင်း တစ်သိန်း နှစ်သောင်း နီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ အထူးစုံစမ်း စစ်ဆေးရေး (စ သုံးလုံး) အဖွဲ့က အရာရှိတချို့ ပါဝင်နေပြီး အဲဒီအမှုမှာ အဓိက ပါဝင်ပတ်သက်သူတွေ လွတ်မြောက်နေ ဆဲဖြစ်တယ်လို့ နေပြည်တော် မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
2015-12-16
တနသာၤရီတိုင်းဒေသကြီး ထားဝယ် ခရိုင် လောင်းလုံမြို့နယ်က မောင်းမကန် ကမ်းခြေအနီးမှာရှိတဲ့ မြေလွတ်မြေရိုင်းတွေကို ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ DDPC က မြေကွက် ရိုက်ပြီး ရောင်းချနေတာကို ဒေသခံ ၃၀၀ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2015-12-16
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရေးရာကော်မတီတွေမှာ တာဝန်ထမ်းဆောင် တဲ့အခါ ပါတီရဲ့ဂုဏ်သိက္ခာကို မထိခိုက်အောင် ပြော ဆိုဆွေးနွေး လုပ်ကိုင်နိုင်ဖို့ လိုအပ်ကြောင်း ပါတီရဲ့ နာယက သူရဦးတင်ဦးက ပြောပါတယ်။
2015-12-16
ရိုဟင်ဂျာဟာ တိုင်းရင်းသားတွေ ဖြစ်တယ် လို့ ရေသားထားတဲ့ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာနဲ့ ပြက္ခဒိန် ရိုက်နှိပ်ထုတ်ဝေသူ ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော် အပါအဝင် ၅ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဒီနေ့ ပုဇွန်တောင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2015-12-16
ကချင်ပြည်နယ်က အစိုးရအုပ်ချုပ်ရေး နယ်မြေအတွင်းမှာ ခိုလှုံနေတဲ့ စစ်ဘေး ဒုက္ခသည်တွေကို အစိုးရနဲ့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေ က ဒီကနေ့အထိ ငွေကျပ်သိန်းပေါင်း တစ်သိန်း ခုနှစ်သောင်း (ကျပ်သန်းပေါင်း ကုဋေ ၁၇ဝဝ) ကျော်ဖိုး ထောက်ပံ့ပေးခဲ့ တယ်လို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ က ပြောပါတယ်။
2015-12-16
ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်အောင် တားဆီးထားတဲ့ ပုဒ်မ ၅၉- စ ကို ယာယီ ဆိုင်းငံ့ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်လို့ ရာနှုန်းပြည့် မျှော်လင့်တဲ့အကြောင်း ကြံ့ခိုင်ဖံ့ွဖြိုးရေး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို က ဒီနေ့ ပြောလိုက်ပါတယ်။
2015-12-16
အစိုးရတာဝန်တွေကို စနစ်တကျ လွဲှပြောင်းပေးနိုင်ဖို့ အစိုးရဘက်မှ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် အကြီးအကဲ တာဝန်လွဲှပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အသွင် ကူးပြောင်းရေးအဖွဲ့ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-12-16
လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်ဖို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွေမှာ ယုံကြည်မှုနဲ့ စိတ်ရှည်သည်းခံ ပြီး ဆွေးနွေးကြဖို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
2015-12-16
(၂) ရက်ကြာကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ တတိယအကြိမ် စုံညီ အစည်းဝေးကနေ နိုင် ငံရေးဆွေးနွေးပွဲ မူဘောင် မူကြမ်းကို ရေးဆွဲနိုင်ခဲ့ ပါတယ်။
2015-12-16
လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့ဝင်တွေကို နိုင်ငံရေး ပင်စင်လို့ခေါ်တဲ့ တလုံးတည်း တခဲတည်း ပင်စင် ချီးမြှင့်ငွေကို လာမယ့် အစိုးရသစ် မတက်ခင်မှာ ချီးမြှင့်ဖို့ စီစဉ်နေပါတယ်။
2015-12-16
မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် NNER က ပညာရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းမှာ မနေ့ကစပြီး နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။