သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-19
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်အစပ်က ရင်ပေါင်တိုင်၊ ပုထိုးသာနဲ့ ပျားအုံရွာတွေကို ဒီနေ့ မနက် ၁၀ နာရီလောက်ကနေစပြီး စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ပိတ်မိနေသူတွေရှိသလို ကျန်အားလုံးကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
2022-10-19
ဒီစခန်းမှာ ကျေးရွာပေါင်း ၇၀ ကျော်က ဒုက္ခသည် ၈၀၀၀ ကျော်ရှိပြီး လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတည်းက ခိုလှုံနေကြရတာပါ။
2022-10-19
စက်မှုဇုန် ၂၉ ခုက လုပ်ငန်းရှင်တွေ လက်ရှိ ဆက်သွယ်ဆောင်ရွက်နေတဲ့ ဘဏ်အမည်စာရင်းအားလုံးကို အောက်တိုဘာလ ၂၁ ရက် ဒီနေ့ နောက်ဆုံးထားပေးပို့ဖို့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတွေထံ စစ်ကောင်စီရဲ့ စစ်မှုဇုန်ဖော်ဆောင်ရေးနဲ့ ကြီးကြပ်ရေးကော်မတီက အကြောင်းကြားထားပါတယ်။
2022-10-19
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ် တစ်ပတ်တည်းမှာတင် မြန်မာနိုင်ငံဘက်က စစ်ဘေးဒုက္ခသည် ၁၈၀၀ ကျော် ခိုလှုံလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အောက်တိုဘာလ ၃ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2022-10-19
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြိန်တောရွာမှာ အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၃ နှစ်အရွယ် မငြိမ်းအေးဇံ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-19
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကုလရွာအနီးမှာ သတ်ဖြတ်ပြီး စွန့်ပစ်ခံထားရတဲ့ လူငါးဦးရဲ့အလောင်းတွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၈ ရက် မနေ့က လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-19
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး တစ်ဦးသေဆုံးပြီး ၁၈ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့ ထောင်ဝင်စာသွားပို့ခဲ့သူ အကျဉ်းသားမိသားစုဝင်တွေနဲ့ ရှေ့နေတွေက ပြောပါတယ်။
2022-10-18
ဆွေးနွေးညှိနှိုင်းရခက်ခဲတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ အာဆီယံနဲ့ အလေးအနက် စတင်ဆွေးနွေးဖို့ မလွယ်ကူဘဲဖြစ်နေပါတယ်။
2022-10-18
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အိမ်နီးချင်းတရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ်အခွင့်အရေး ချိုးဖောက်မှုမှာ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာတယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့က ထုတ်တဲ့ FEM အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2022-10-18
ပြီးခဲ့တဲ့ မေလက ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အမှုတစ်ခုမှာဆိုရင် မြန်မာအလုပ်သမား ၃ဝဝ ကျော်ထံက ဘတ်ငွေ နှစ်သန်းကျော်ကို လင်မယားနှစ်ဦးက လိမ်လည်ရယူပြီး မြန်မာနိုင်ငံကို ပြန်လည်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
2022-10-18
လျှပ်စစ်မီးအလုံအလောက်မရရှိတဲ့ မြန်မာနိုင်ငံမှာ လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ဖို့ လျှပ်စစ်ဓာတ်အားအသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၈ ရက်နေ့က မွန်ပြည်နယ်မှာ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ပြောလိုက်ပါတယ်။
2022-10-18
ပြီးခဲ့တဲ့မေလက မုန်တိုင်ပင်ရွာမှာ လူ ၃၀ လောက်အသတ်ခံခဲ့ရတဲ့အကြောင်း RFA က ဇွန်လ ၁၇ ရက်နေ့က ထုတ်လွှင့်တဲ့ ပထမဆုံးအထူးဆောင်းပါးမှာ တင်ပြခဲ့ပါတယ်။ အဲဒီလိုအသတ်ခံရတဲ့သူတွေမှာ ကျန်ရစ်တဲ့ မိခင်၊ ဇနီး၊ ဦးလေးတို့ရဲ့ ပြောစကားတွေကို ကြားရမှာပါ။
2022-10-18
ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်အုပ်စု၊ သရက်တောင်မွတ်စလင်ကျေးရွာမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်က စိမ်းညှင်းပြာအုပ်စု၊ ဒိုင်းနက်ပြင်မွတ်စလင်ရွာကို အောက်တိုဘာ ၁၈ ရက်နေ့၊ ဒီနေ့လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၄၅ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သူ့ကိုစစ်ကောင်စီတပ်က လာရောက်ခေါ်ဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
2022-10-18
စစ်ရေးပြဿနာတွေက လူမှုစီးပွားဘဝကို ထိခိုက်နေတာကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးလိုကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က အခုလ ၁၀ ရက် နေ့မှာ ထုတ်ပြန်ကမ်းလှမ်းလိုက်ပါတယ်။
2022-10-18
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ရွှေပန်းကုံးနယ်မြေရဲစခန်းကို အောက်တိုဘာလ ၁၇ ရက် မနေ့ မနက်ပိုင်းက ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေ စီးနင်းတိုက်ခိုက်ချိန် ပခုက္ကူထောင်ဖောက်ပြီး လွတ်မြောက်လာသူ တစ်ဦး သေဆုံးခဲ့တယ်လို့ 96 Soldiers - PDF အဖွဲ့ရဲ့ ခေါင်းဆောင် ကိုဇေယျာလွင်က RFA ကို ပြောပါတယ်။