သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-17
လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ခရိုင်တရားရုံးဝင်းထဲက စစ်ကောင်စီတပ်သားတွေကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့ပြီးနောက် ရုံးဝင်းအတွင်း မီးလောင်နေပါတယ်။
2023-11-17
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားသုံးဦးကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-17
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတွေ တိုးမြှင့်ချထားတာကြောင့် စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကို ပြောပါတယ်။
2023-11-17
မုံးကိုးမြို့နယ် ရပ်ကွက် ၆ အတွင်းမှာ လက်နက်ကြီးကျည် ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်လို့ ကလေးသုံးဦး သေဆုံးသွားပါတယ်။
2023-11-17
အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ထောင်တွေ၊ စစ်ကြောရေးစခန်းတွေ၊ စစ်တပ်ဘားတိုက်တွေ အပါအဝင် ဖမ်းချုပ်ထားတဲ့နေရာတွေမှာပါ အသက်ဆုံးရှုံးရတဲ့လူပေါင်း အနည်းဆုံး ၁၅၀၇ ယောက်ရှိပြီလို့ AAPP က အောက်တိုဘာ ၃၁ မှာ ထုတ်ပြန်ထားပါတယ်။
2023-11-16
ဘဏ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေဟာ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ဗဟိုဘဏ်က စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။
2023-11-16
နယ်မြေတည်ငြိမ်မှုမရှိတဲ့ ဒေသတချို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနေတာရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံလိုက်ပါတယ်။
2023-11-16
စစ်ကောင်စီဟာ အစိုးရဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေအားလုံးကို အရေးပေါ် အခြေအနေအတွက် အသင့်ပြင်ထားကြဖို့ အမိန့်ကြေညာချက် ထုတ်ပြန်ထားကြောင်း စစ်ကောင်စီ တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။
2023-11-16
အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို တောင်ဒဂုံမြို့နယ်တရားရုံးကနေ နိုဝင်ဘာလ ၁၅ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခုနစ်နှစ် ထပ်မံချမှတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
2023-11-16
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၁၀ သန်းခွဲ (အမေရိကန်ဒေါ်လာ ၁၁ သန်းခွဲနီးပါး) ထပ်မံထောက်ပံ့သွားမယ်လို့ ဥရောပသမဂ္ဂ (EU) က နိုဝင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-11-16
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းရိုးတန်းကို နိုဝင်ဘာ ၁၆ ရက်နေ့က ရိုဟင်ဂျာ ၂ဝဝ ဝန်းကျင် ရောက်ရှိခဲ့ပြီး ဒီသုံးရက်အတွင်း စုစုပေါင်း ရိုဟင်ဂျာ ၆ဝဝ ခန့် ရောက်ရှိလာတယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်း အကြီးအကဲက ဒီနေ့ ပြောပါတယ်။
2023-11-16
ပေါက်တောမြို့မရဲစခန်းကို AA က ဒီနေ့မနက်က ဝင်ရောက်ထိန်းချုပ်လိုက်ပြီးနောက် စစ်တပ်က လေကြောင်း၊ ရေကြောင်းနဲ့ အင်အားသုံးပြန်တိုက်ခိုက်ခဲ့တာကြောင့် မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။
2023-11-16
တရုတ်အစိုးရ အလိုရှိနေတဲ့ ကိုးကန့်လုပ်ငန်းရှင် မြီရှောက်ချန်း၊ သားဖြစ်သူ မြီကော်ဖျင်းနဲ့ မြေးဖြစ်သူ မြီကျိန်းကျိန်းတို့ကို လောက်ကိုင်မြို့မှာ ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ MRTV က နိုဝင်ဘာ ၁၆ ရက်မှာ ကြေညာပါတယ်။
2023-11-16
မတ္တရာမြို့နယ် မန္တလေး-မိုးကုတ် ကားလမ်းဘေး အောင်ကန်သာရွာက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အမျိုးသား ၁၁ ဦးနဲ့ ပွဲစားကုန်းရွာသား တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်သတ်သွားပါတယ်။
2023-11-16
မတူပီမြို့နယ် ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။