သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-17
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ် မူတူးစေးဖိုး ဦးဆောင် တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကြာသပတေးနေ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-07-16
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း အစိုးရဘက်က အဆက်မပြတ် လိုက်လံ တိုက်ခိုက်နေမယ်ဆိုရင် အာရှလမ်းမကြီးဖွင့်ပွဲနေ့ မှာ လက်တုန့်ပြန်ပစ်ခတ်မယ်လို့ ဒီမိုကရေစီအကျိုးပြု တပ်မတော် DKBA က ဗိုလ်မှူးကြီးစောဆန်းအောင်က RFA ကိုပြော ပါတယ်။
2015-07-16
မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော်ကြီးတချို့၊ မိုးကုတ်မြို့ က သံဃာတော်တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၀ ကျော်က နိုင်ငံတော်သမ္မတထံ လက်မှတ်ရေး ထိုး တောင်းဆိုလိုက်ပါတယ်။
2015-07-16
အသက် ၁၈နှစ်အောက် ကလေးငယ်တွေ ကို စစ်သားအဖြစ် စုဆောင်းသူတွေကို အပြစ်ပေးအရေးယူဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Leila Zerrougui ကပြောပါတယ်။
2015-07-16
သာယာဝတီအကျဉ်းထောင်မှာ ထောင် အတွင်း ယူဆောင်ခွင့် တားမြစ်ထား တဲ့ ဆေးလိပ်နဲ့ ကွမ်းယာတွေ သယ်ဆောင် မှုနဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို တားမြစ်ပစ္စည်းသွင်းယူ မှု ပုဒ်မ ၄၂နဲ့ သာယာဝတီမြို့နယ် တရားရုံးမှာ ဒီနေ့ တရားစွဲ လိုက်ပါတယ်။
2015-07-16
တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်တွေကို တာဝန်ကနေ ပြန်လည် ရုပ်သိမ်းဖို့ ပြဌာန်းချက်အပေါ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့အကြား သဘောထားကွဲ လွဲနေကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော် မတီက ဒီနေ့ အစီရင်ခံစာ တင်သွင်းရာမှာ ပြောကြားခဲ့ ပါတယ်။
2015-07-16
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ တို့အကြား ဖြစ်ပွားနေတဲ့ တိုက် ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
2015-07-16
နိုင်ငံတော်သမ္မတအကြံပေးဟောင်း ဒေါက်တာနေဇင် လတ် တည်ထောင်ထားတဲ့ အမျိုးသားတိုးတက်ရေး ပါတီဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ဝဝ ကျော် ဝင်ရောက်ရွေးချယ်ခံမှာဖြစ်တယ်လို့ သိရပါတယ်။
2015-07-16
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ဝဝ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
2015-07-16
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မိုးကုတ်မြို့က ရေပူကျောင်းတိုက်ဆရာတော်ကို လွှတ်ပေးဖို့အတွက် သံဃာတော်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက နိုင်ငံတော်သမ္မတထံ စာပေးပို့တောင်းဆိုလိုက်ပါတယ်။
2015-07-16
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ရတနာပုံတက္ကသိုလ် မှာ အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတဲ့ ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဉာဏ်လင်းထက် တို့ကို ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေ မှု အပါအဝင် ပုဒ်မ ၁၄၃၊ ၁၄၇တို့နဲ့ အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
2015-07-16
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Leila Zerrougui ဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဇူလိုင်လ ၁၅ ရက်နေ့က တွေဆုံခဲ့ပါတယ်။
2015-07-16
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တွေက ကန့်ကွက်နေတဲ့ အကျဉ်းထောင်များဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2015-07-16
ရှမ်းပြည်နယ်ဟာ မိုးတွင်းကာလမှာ သဘာဝဘေးအန္တရာယ်တွေများပြားလွန်းတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ရှမ်းပြည်နယ် တောင်ကြီးမြို့ မီးသတ်တပ်ဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ ပထမဆုံးအကြိမ်လေ့ကျင့်နေကြပါတယ်။
2015-07-16
စစ်ကိုင်းမြို့ ကန္နားတော်ရပ်ကွက်မှာ ရိုးရာလက်မှုပညာဖြစ်တဲ့ စက္ကူရုပ်လုပ်ငန်းကို စားဝတ်နေရေး အတွက် လုပ်ကိုင်နေကြသူတွေများပါတယ်။ ဈေးကွက်သိပ်မရှိတော့ပေမယ့် ရိုးရာလုပ်ငန်းဖြစ်တဲ့အတွက် စားဝတ်နေရေးအတွက် ဆက်လက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။