သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-05
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ နန်းယွန်းမြို့နယ်မှာ ကျန်းမာရေးဝန်ထမ်းသုံးပစ္စည်း မလုံလောက်တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာရင် ထိန်းချုပ်လို့မရတဲ့ အခြေအနေ ဖြစ်လာမှာကို ဒေသခံတချို့က စိုးရိမ်နေကြပါတယ်။
2020-04-05
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်း လိုက်နာဖို့ အချက် ခြောက်ချက်ပါဝင်တဲ့ တားမြစ်ချက်ကို တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2020-04-04
မြစ်ကြီးနားမြို့မှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အသိပညာပေးပန်းချီတွေ လမ်းဘေးနံရံတွေမှာ ရေးဆွဲရာကနေ အရောင်သုံးစွဲမှုကြောင့် ဘာသာရေးဆိုင်ရာထိခိုက်မှုဆန်သွားပြီး ပန်းချီဆွဲတဲ့ လူငယ်တွေတရားစွဲခံနေရပါတယ်။
2020-04-04
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး အကျဉ်းထောင်တွေ ထဲက အကျဉ်းသားဦးရေ လျှော့ချပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2020-04-04
ကိုရိုနာဗိုင်းရပ်စ် ရောဂါထိန်းချုပ်ရေးအတွက် ဒေသအသီးသီးကနေ ကိုယ့်မြို့ ရွာတွေကို ပြန်လာတဲ့သူတွေဟာ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံခံရမှာ၊ စားဝတ် နေရေးခက်ခဲမှာကို စိုးရိမ်တဲ့အတွက် သူတို့ရဲ့ ခရီးသွားရာဇဝင်နဲ့ ပတ်သက်ပြီး အမှန်အတိုင်း ထုတ်ပြောဖို့ ဝန်လေးနေကြပါတယ်။
2020-04-04
၂ဝ၂၀ ဧပြီ ၄ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ "ကိုရိုနာဗိုင်းရပ်စ် လျှော့ချရေး ဘာတွေလိုအပ်နေသေးလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2020-04-04
သင်္ကြန်ကာလ ရုံးပိတ်ရက်တွေမှာ ကျန်းမာရေးကိစ္စနဲ့ အစားအသောက်ဝယ်ယူရေး ကိစ္စမှအပ နေအိမ်ကနေ အပြင်မထွက်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2020-04-03
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန်အတွင်း၊ နိုင်ငံတွေရဲ့ အခြေအနေ၊ ဒီကပ်ရောဂါအပေါ် အစိုးရတွေနဲ့ နိုင်ငံသားတွေရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးသစ်ဆင်း က တင်ပြထားပါတယ်။
2020-04-03
ကချင်ပြည်နယ်မှာ ဆယ်နှစ်နီးပါးကြာအောင် ဒုက္ခသည်စခန်းတွေမှာ နေခဲ့ကြရတဲ့ စစ်ပြေးဒုက္ခသည်တချို့ဟာ မူလနေရာတွေမှာ ပြန်ပြီး နေထိုင်နေကြပါပြီ။ ဒါပေမဲ့ အဲဒီနေရာတွေဟာ စစ်ပွဲဖြစ်ပွားခဲ့တဲ့ ဒေသတွေမို့ နေရာအတော်များများမှာ မြေမြှုပ်မိုင်းတွေ ကျန်နေပါသေးတယ်။
2020-04-03
အခုနှစ်ပိုင်းတွေအတွင်း ရန်ကုန်မြို့မှာ စက်ဘီး အသုံးပြုသူတွေ များလာနေပါတယ်။ မြို့တွင်းမှာ ကားလမ်းတွေ အမြဲလိုလို ပိတ်ဆို့နေတဲ့အတွက် နေ့စဉ် အလုပ်သွားအလုပ်ပြန်မှာ လိုင်းကားထက် စက်ဘီးကို အားထားလာကြတာပါ။
2020-04-03
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ သတင်းထုတ်ပြန်ချက် အားနည်းနေပြီး ဆေးဝါးကုသနည်းတွေနဲ့ ပတ်သက်တဲ့ မမှန်မကန်သတင်းတွေကိုလည်း ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေထိုင်နေတဲ့ ဆေးပညာရှင် ဒေါက်တာတင့်ဆွေက ပြောပါတယ်။
2020-04-03
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်မှာရှိတဲ့ စက်ရုံ လေးရုံက အလုပ်သမား ထောင့်ငါးရာခန့်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧပြီလတစ်လလုံး စက်ရုံခေတ္တ ပိတ်ထားဖို့ တောင်းဆိုလိုက်ကြပြီး ဒီကာလမှာ စားဝတ်နေရေးအတွက် လစာပေး ထားဖို့အတွက် ဆန္ဒပြနေကြပါတယ်။
2020-04-03
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ကုသရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်း၊ ဆေးဝါးနဲ့ စားသုံးကုန်တွေ ဈေးမကစားဖို့နဲ့ ဈေးတိုးမြှင့်ရောင်းချတာမလုပ်ဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပေမယ့် လက်တွေ့မှာတော့ ဈေးနှုန်းတွေကို ထိန်းချုပ်နိုင်တာမျိုး မရှိသေးပါဘူး။
2020-04-03
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပက ပြန်လာသူတွေ ၁၄ ရက်စခန်းမှာ နေထိုင်ဖို့ အစိုးရရဲ့ အစီအစဉ်ကို ဒေသတချို့မှာ လိုက်နာမှုအားနည်းပြီး အကူအညီပေးသူတချို့ ရန်မူခံနေရပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲ မြို့မှာတော့ ၁၄ ရက်စခန်းမှာ နေထိုင်စဉ် စည်းကမ်း မလိုက်နာသူတစ်ဦး ထောင်ဒဏ် ခြောက်လ ချမှတ်ခံလိုက်ရ ပါတယ်။
2020-04-03
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတဲ့ လူဦးရေ တနေ့တခြား တိုးလာနေပါတယ်။ ဒီလိုတိုးလာတာနဲ့ အတူ အိမ်ထဲမှာပဲနေကြဖို့ ညွှန်ကြားချက် တွေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း ထိခိုက်လာပါတယ်။