သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-02
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့နိုင်ငံတွေ ကနေပြန်လာပြီး နေအိမ်မှာစောင့်ကြည့်ခံရတဲ့ သူတွေအနေနဲ့ ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာဖို့က သိပ်ပြီးအရေးကြီးပါတယ်။
2020-04-02
တကိုယ်ရေသန့်ရှင်းရေးဟာ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်း လက်ရှိဖြစ်ပွားနေတဲ့ COVID 19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်ရေးမှာလည်း တကိုယ်ရေသန့်ရှင်းရေးက အဓိကကျပါတယ်။
2020-04-02
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသူကို မတ်လ ၂၃ ရက်နေ့က အမေရိကန်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေက ပြန်လာသူ ၂ ဦးထံမှာ ပထမဆုံးတွေ့ရှိခဲ့ပြီး တပတ်ကျော်ကျော် အချိန်အတွင်း ကူးစက်ခံရသူ အယောက် ၂ဝ ဖြစ်လာပါတယ်။
2020-04-02
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ နေထိုင်တဲ့ ဦးစိုင်းပန်ဆိုင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပေမဲ့ အသက်ဘေးက လွတ်မြောက်လာသူဖြစ်ပါတယ်။ ဟာဝိုင်အီနဲ့ ကနေဒါနိုင်ငံကို ခရီးသွားရာဇဝင်ရှိခဲ့ဖူးတဲ့ ဦးစိုင်းပန်ဆိုင်းအနေနဲ့ အသက်ဘေးက လွတ်မြောက်အောင် ဘယ်လို ရင်ဆိုင် ကျော်လွှားခဲ့သလဲ။
2020-04-02
ရခိုင်ပြည်နယ် ကျောက်တော်မြို့အနီးမှာ မနေ့ညနေက တိုက်ပွဲဖြစ်လို့ အရပ်သား ငါးဦးသေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2020-04-02
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲကျော်ရှိသွားပါပြီ။ မတ်လအတွင်း ကျောက်တော်၊ မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေက ဒုက္ခသည်တွေ အများဆုံး တိုးလာတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ပြောပါတယ်။
2020-04-02
ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ သံသယရှိတဲ့သူတွေကို သီးသန့်စောင့်ကြည့်ထားရှိနိုင်ဖို့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် က အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ စောင့်ကြည့်လူနာ တစ်သောင်းခွဲ နေထိုင်နိုင်အောင် အသင့်ပြင်ဆင် ထားကြောင်း စခန်းရဲ့တာဝန်ခံလည်းဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် အမှတ် ၁ စစ်ဗျူဟာမှူးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးအောင်မြတ်စိုး က ပြောပါတယ်။
2020-04-02
ကမ္ဘာတဝှမ်း ကိုရိုနာ ကူးစက်မှုအခြေအနေဟာ မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီအထိ သတင်းတွေအရ ကူးစက်ခံရသူ ကိုးသိန်းလေးသောင်းနီးပါး၊ သေဆုံးသူ လေးထောင့် ခုနစ်ရာကျော် ရှိနေပါတယ်။
2020-04-02
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ “မြန်မာ - ကိုရိုနာကပ်ဘေးကို ဘယ်လို ကျော်လွှားမလဲ” ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်သွားမှာပါ။
2020-04-02
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခရီး မသွားကြဖို့ အာဏာပိုင်တွေက ဧပြီ ၁ ရက် မနေ့ညက အမိန့်ထုတ်လိုက်ပြီးနောက် မြန်မာပြည်ပြန်တဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော် ဧပြီ ၂ ရက် ဒီနေ့မနက်က ဖမ်းဆီးခံခဲ့ရပြီး ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာပါတယ်။
2020-04-02
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ အငြိမ်းစား ရေတပ်ဦးစီးချုပ်ဖြစ်သလို၊ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် စက်မှုဝန်ကြီးနဲ့ သမ္မတရုံး ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သူ၊ လက်ရှိတစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစိုးသိန်း ကို RFA ၀ိုင်းတော်သူ မသက်စုအောင် က သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီတစ်ပတ် ဒုတိယပိုင်းကို ရှုစားကြရမှာပါ။
2020-04-02
ရန်ကုန်တိုင်း မြောက်ဥက္ကလာပ ဆေးရုံမှာ တက်ရောက်ကုသရင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းတွေ့ရှိတဲ့ လူနာအမှတ် ၁၆ နဲ့ ထိတွေ့ခဲ့တဲ့ ဆေးခန်းက ဆရာဝန်မိသားစုကို နေအိမ်ကြပ်မတ်စောင့်ကြည့်နေပြီး လူနာတည်းခိုနေထိုင်တဲ့ မြောက်ဥက္ကလာ နီလာ ၁ လမ်းကို မနေ့ကစပြီး ဝင်ထွက်သွားလာခွင့် ပိတ်လိုက်ပါတယ်။
2020-04-02
ပြည်ပကနေပြန်လာပြီး နေအိမ်မှာစောင့်ကြည့်ခံရသူတွေကို ခွဲခြားဆက်ဆံ တာတွေဟာ ရောဂါကာကွယ်ရာ မရောက်ဘဲ ပိုပြီးနှံ့မယ့် အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် အိမ်တွေမှာထားတဲ့ စောင့်ကြည့်လူနာတွေကို ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ ကျန်းမာရေးဌာနကနေ ပြောထားပါတယ်။
2020-04-01
လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေကြောင့် အသေအပျောက် အများဆုံး ဖြစ်နေတဲ့ အီတလီ နိုင်ငံမှာ နိုင်ငံမြောက်ပိုင်းက လွမ်ဘာဒီ ပြည်နယ်ဟာ အခြား ပြည်နယ်တွေထက် သေဆုံးသူ အရေအတွက် သိသိသာသာ မြင့်မားနေပါတယ်။
2020-04-01
ပြည်ပက ပြန်လာကြတဲ့ မြန်မာနိုင်ငံသားတွေထံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရခြင်းရှိ မရှိ ၁၄ ရက် သီးသန့်ခွဲခြားစောင့်ကြည့်တာလုပ်ဖို့ အစိုးရကညွှန်ကြားထားပါတယ်။ အဲဒီပြန်လာတဲ့သူတွေအပေါ် ခွဲခြားဆက်ဆံမှုရှိတယ်ဆိုတဲ့သတင်းတွေလဲ ကြားရပါတယ်။