သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-15
မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ကို စတင်ဖွဲ့စည်းတဲ့ ရည်ရွယ်ချက် ကောင်းပေမယ့် အကောင်အထည်ဖော်မှု ညံ့တာကြောင့် ဖျက်သိမ်းတာ ကောင်းတယ်လို့ MICA ဥက္ကဌတာဝန်ယူခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ဒီနေ့ ပြောပါတယ်။
2017-11-15
ARSA အကြမ်းဖက်သမားတွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေ နဲ့ အမည်စာရင်းတွေကို ပေးအပ်ပြီး အမြန်ဆုံးစုံစမ်းဖော်ထုတ်လွဲှပြောင်းပေးဖို့ မြန်မာဘက်က တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်က လက်ခံကြောင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ တိုက်ဖျက်ရေးကို အလေးထားဆောင်ရွက်မှာဖြစ်ကြောင်း သဘောတူညီချက် ရရှိထားတယ်လို့ ဒီနေ့ ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။
2017-11-15
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့တွေအကြား လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ဗဟိုအဆင့်အစည်းအဝေးကို ၂ဝ၁၇ နိုဝင်ဘာလ ၁၄ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့ပါတယ်။
2017-11-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် မြန်မာအစိုးရကို တရုတ်နဲ့ ရုရှားနိုင်ငံတွေနဲ့ ပိုမိုနီးကပ်သွားစေတယ်လို့ မနေ့ညက ပြောကြားလိုက်ပါတယ်။
2017-11-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားပြုရာရောက်နေတဲ့ အတွက် ကန့်ကွက်ကြောင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၇ခုက မနေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-11-15
ရခိုင်ပြည်နယ်မှာ နိုင်ငံသားနဲ့ဆိုင်တဲ့ အထောက်အထားတစ်စုံတစ်ရာရှိသူတွေကိုသာ ပင်လယ်ပြင်ငါးဖမ်းခွင့် ပြုမယ်လို့ အစိုးရကသတ်မှတ်လိုက်တာကြောင့် ငါးဖမ်းလုပ်ငန်းနဲ့ အဓိကအသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ မွတ်စလင်တွေ ငါးဖမ်းလုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းထားကြပါတယ်။
2017-11-15
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ လက်ရှိကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံအပြီး ထုတ်ပြန်မယ့် သဘောထားကြေညာချက်မူကြမ်းမှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ထည့်သွင်းဖော်ပြတာ မတွေ့ရပါဘူး၊ ဒီအခြေအနေအပေါ် သုံးသပ်ချက်တွေအပြင် အာဆီယံထိပ်သီးစည်းဝေးပွဲအတွင်း ရခိုင်ပြည်နယ်အရေး ဆွေးနွေးချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2017-11-14
ကမ္ဘာ့လေထုဟာ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကာဘွန်ဓာတ်ငွေ့တွေများလာချိန်မှာ ကရင်ပြည်နယ်မှာ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ဘောင်ထက်ကျော်လွန်ပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ စီစဉ်နေတာကို လူထုက စိုးရိမ်မကင်း ဖြစ်နေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-11-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် မြန်မာအစိုးရကို တရုတ်နဲ့ ရုရှားနိုင်ငံတွေနဲ့ ပိုမိုနီးကပ်သွားစေတယ်လို့ RFA ကို အင်္ဂါနေ့ညက ပြောကြားလိုက်ပါတယ်။
2017-11-14
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်၊ မောင်တောဒေသက ကျေးရွာ ၉ရွာလောက် မှာ စေတနာ့ဝန်ထမ်းလူငယ် ၄၀ ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ စတင်ပေးနေပါတယ်။
2017-11-14
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုတွေ ရပ်တန့်ပေးဖို့နဲ့ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်ဝင်ရောက်သူ လူဦးရေ ၆သိန်းကျော်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ညွှန်ကြားရေးမှူးချုပ်က ဒီနေ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
2017-11-14
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကို လေ့လာကြည့်ရှုစစ်ဆေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။
2017-11-14
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားနေတဲ့ AA နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံရေးအခြေအနေကြောင့် စားနပ်ရိက္ခာအကူအညီတွေ ပေးပို့နိုင်ခြင်း မရှိသေးဘူးလို့ ချင်းပြည်နယ် စည်ပင်သာယာရေး လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ဒီနေ့ ပြောပါတယ်။
2017-11-14
နေပြည်တော်မှာ ပညာရေးဝန်ကြီးဌာနက ကျင်းပခဲ့တဲ့ ရာထူးတိုးမူဝါဒ အစည်းအဝေးကို တက္ကသိုလ်ဆရာ ဆရာမများအသင်း UTA က ကန့်ကွက်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-11-14
မြန်မာနိုင်ငံက စာပေပညာရှင်တွေနဲ့ အနုပညာရှင်တွေ စုပေါင်းပြီး လာမယ့် ဒီဇင်ဘာလအတွင်း စာပေညီလာခံ ကျင်းပသွားမယ်လို့ ညီလာခံကျင်းပရေး ဗဟိုကော်မတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။