သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-12
ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းက တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တပ်တွေ တိုက်ပွဲဖြစ်လို့ ရွာသားတွေ ထွက်ပြေးနေရပါတယ်။
2020-03-11
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ကမ္ဘာတဝှမ်း ကူးစက်တဲ့ရောဂါအဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်လိုက်သလို နောက်ထပ် ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့အတွက် နိုင်ငံတွေ ကြိုတင်ကာကွယ်ထားကြဖို့ တိုက်တွန်းနေပေမယ့် မြန်မာနိုင်ငံမှာတော့ အများပြည်သူနဲ့ဆိုင်တဲ့ ပွဲလမ်းတွေ၊ လူစုလူဝေးတွေရှိနေဆဲပါ။
2020-03-11
မကွေးတိုင်းအတွင်း သုံးလနီးပါးကြာမယ့် မန်းစက်တော်ရာဘုရားပွဲနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမယ့်အရေး စိုးရိမ်မှုတွေအကြောင်း၊ ရိုဟင်ဂျာမွတ်စလင် လူမှောင်ခိုကူးမှုနဲ့ ဖမ်းဆီးရမိမှုတွေအကြောင်း၊ မကွေးတိုင်းက မြေယာပြဿနာတွေနဲ့ လောင်းကစားမှုတွေအကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို RFA သတင်းထောက် ကိုဇော်တူးက တွေ့ဆုံမေးမြန်းထားပါတယ်။
2020-03-11
ဆယ်တန်း စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးမှာ ဒီနေ့ မတ် ၁၁ ရက်နေ့ စတင် ဖြေဆိုနေကြပါပြီ။ ကျောင်းသား၊ ကျောင်းသူ ခြောက်ထောင်ကျော် နေရာရွှေ့ပြောင်း ဖြေဆိုရတဲ့ တိုက်ပွဲဒေသ ရခိုင်ပြည်နယ်မှာ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲခန်းထဲ မရောက်လာနိုင်သူတွေ ထောင်နဲ့ချီ ရှိနေပါတယ်
2020-03-11
ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့နယ်ခွဲတစ်ဝိုက် တပ်မတော်က မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေပေမယ့် ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ပိုင်ရှင်တွေ ဖမ်းမမိသေးတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
2020-03-11
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပဲယင်းမြို့မှာ ဒီနေ့လူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်ကဖြစ်ခဲ့တဲ့ ဒီပဲယင်းအရေးအခင်းကိစ္စကို ထည့်သွင်းပြောဆိုခဲ့တာ မရှိပါဘူး။
2020-03-11
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတဲ့ ၅၉ (စ) အပါအဝင် ပြင်ဆင်ချက်တွေကို နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဒုတိယနေ့အဖြစ် မဲခွဲဆုံးဖြတ်ရာမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ မဲ ၈ဝ ရာခိုင်နှုန်းကျော် ရခဲ့ပေမယ့် တပ်မတော်သားတွေရဲ့ ထောက်ခံမှု မရတဲ့အတွက် ရှုံးနိမ့်သွားပါတယ်။
2020-03-11
ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲမှာ တပ်မတော် တပ်ရင်းမှူးတစ်ဦး၊ တပ်ဆေးဗိုလ်ကြီးတစ်ဦး အခြားအဆင့် စစ်သည်တွေကို အရှင်ဖမ်းမိထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ထုတ်ပြန်ထားပါတယ်။
2020-03-10
ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်တဲ့ အန္တရာယ်ကြောင့် လူစုလူဝေးအခမ်းအနားတွေကို ဆိုင်းငံ့လာကြပေမယ့် မကွေးတိုင်း မင်းဘူးမြို့နယ်မှာ ရက်ပေါင်း ၈၀ ကြာကျင်းပမြဲဖြစ်တဲ့ မန်းစက်တော်ရာဘုရားပွဲကတော့ ပွဲဈေးသည်တွေ၊ နယ်ပေါင်းစုံက ပရိသတ်တွေနဲ့ စည်ကားနေပါတယ်။
2020-03-10
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ဦးလွင်မြို့က ဒေသခံတွေနဲ့ ပြင်ဦးလွင်ခရိုင်အားကစားကွင်းအတွင်းမှာ မတ်လ ၁ဝ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
2020-03-10
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ "နိုင်ငံရေးမှာ တပ်မတော်ရဲ့ပါဝင်ခွင့်အခန်းကဏ္ဍ" ကို လျှော့ချနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ ၄၅ ဦးကော်မတီက အဆိုပြုထားတဲ့ပုဒ်မတွေကို ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ မတ်လ ၁၀ ရက်နေ့ စတင်မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်သွားပြီး မူလအတိုင်းသာထားဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
2020-03-10
သမ္မတ အရည်အချင်းအကဲဖြတ်တဲ့ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးစိုးမောင် ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီနဲ့ အမျိုးသားရေး လှုပ်ရှားသူ ၁၀၀ ကျော်က လွှတ်တော်ထဲကိုဝင်ရောက်ပြီး ဆန္ဒပြဖို့ ကြိုးစားခဲ့ပါတယ်။
2020-03-10
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တပ်မတော်နေ့အခမ်းအနား၊ အကယ်ဒမီဆုပေးပွဲတွေကို မကျင်းပဖို့ ဆုံးဖြတ်ထားကြပေမယ့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ တစ်မြို့ပြီးတစ်မြို့ လူထုတွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
2020-03-10
မန္တလေး၊ မြို့သာစက်မှု ဥယျာဉ်ထဲ ဆေးခြောက်လျှော်ပင်စိုက်ပျိုးမှုနဲ့ တရားစွဲခံထားရတဲ့ စိုက်ခင်းတာဝန်ခံ ဦးရှိန်းလတ် ကို မြင်းခြံခရိုင်တရားရုံးက ဒီနေ့ အလုပ်နဲ့ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
2020-03-10
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်တို့ ကုန်ကြမ်းပြတ်လပ်ပြီး နှစ်လအတွင်း လုပ်သား ကိုးထောင်နီးပါး အလုပ်လက်မဲ့ဖြစ်သွားပြီလို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။