သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-17
ရခိုင်ပြည်နယ် မင်းပြားမြို့မှာ အောက်တိုဘာ ၁၇ ရက် ဒီကနေ့ နေ့လယ်ပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ကလေးသုံးဦး အပါအဝင် ငါးဦးဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-10-17
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် လေးမိုင်ရွာ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးသီလာနန္ဒကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အောက်တိုဘာလ ၁၆ ရက်နေ့မှာ သေနတ်နဲ့ ဝင်ပစ်တဲ့အတွက် ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-17
လူမှုကွန်ရက်စာမျက်နှာ ၁၅ ခုထက်မနည်းကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၄၂ အရ ဆက်လက်အရေးယူသွားမယ်လို့ အဲဒီ ၁၅ ခုရဲ့ အမည်တွေနဲ့တကွ ဗဟိုဘဏ်က ဖော်ပြခဲ့ပါတယ်။
2022-10-17
မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေအပေါ် စစ်ကောင်စီက အမှုဖွင့်အရေးယူတာနဲ့ ထောင်ချတာတွေ သိသိသာသာ မြင့်တက်နေဆဲဖြစ်တယ်လို့ ပြည်တွင်း သတင်းသမားတွေက ပြောပါတယ်။
2022-10-17
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ခြမ်းက ရွှေပန်းကုန်းရဲစခန်း အောက်တိုဘာလ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
2022-10-17
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို စွပ်စွဲထားတဲ့ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းကိစ္စနဲ့ သက်ဆိုင်တဲ့ အဂတိအမှုငါးမှုကို စွဲချက်တင်သင့်၊ မတင်သင့် ဒီနေ့ရုံးချိန်းမှာ နှစ်ဖက်စလုံးက လျှောက်လဲချက်ပေးခဲ့ကြတယ်လို့ ပြောပါတယ်။
2022-10-17
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးအုပ်စု ပန်ယန်ခါးရွာ ဒုက္ခသည်စခန်းမှာ ကလေးငယ်အများစု ဖျားနာနေပြီး ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်လို့ ဒုက္ခသည်စခန်းမှာနေထိုင်သူတွေက ပြောပါတယ်။
2022-10-17
လက်ပံတန်းမြို့က ဒေသခံ ကိုအောင်ဇော်မင်းကို စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေ ဖမ်းဆီးခဲ့ပြီးနောက် တစ်လကျော်အကြာ လက်ပံတန်း ရဲစခန်း အချုပ်မှာပဲ သေဆုံးသွားကြောင်း မိသားစုကို အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-17
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့မှာ အောက်တိုဘာ ၁၆ ရက်၊ မနေ့က အင်အားဖြည့်ဖို့ ရောက်လာတဲ့ စစ်ရဟတ်ယာဉ်ကို ကန်ပက်လက် ဒေသကာကွယ်ရေးအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆီတိုင်ကီနဲ့ ပန်ကာ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-10-16
ပျူစောထီး၊ သွေးသောက်၊ ပြည်သူ့စစ် စတဲ့အဖွဲ့တွေက စစ်ကောင်စီကိုတော်လှန်တဲ့အဖွဲ့တွေ၊ ဒီမိုကရေစီလိုလားတဲ့ ပါတီအဖွဲ့ဝင်တွေနဲ့ သတင်းမီဒီယာသမားတွေ၊ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်သူတွေကို တန်ပြန်တိုက်ခိုက်ဖို့ ပေါ်ပေါက်လာတာတွေ့ရတယ်လို့ဆိုပါတယ်။
2022-10-16
လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီဝင်တွေပါဝင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ကြားကာလမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အောက်တိုဘာလ ၁၁ ရက်နေ့ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2022-10-16
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ရွာကို စစ်ကောင်စီတပ်တွေ စီးနင်းခဲ့တာကြောင့် အောက်တိုဘာ ၁၆ရက် ဒီနေ့မနက်ပိုင်း အရပ်သား ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-16
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အခွန်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကို သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-16
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မြောက်ပိုင်း ငါးလုံးတင်၊ မထိသာနဲ့ မှန်ချိုရွာတွေကို အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။
2022-10-16
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းခဲ့လို့ ရွာခုနစ်ရွာက အရပ်သား လေးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။