သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-06
ပြည်တွင်း စီးပွားရေးလုပ်ငန်းတချို့ဟာ နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တွေကို အဆင့်မြင့် အစိုးရ ရာရှိတွေနဲ့ သီးသန့်တွေ့ဆုံနိုင်အောင် ချိတ်ဆက်ပေးတဲ့ အလုပ်ကို စီးပွားဖြစ် လုပ်ကိုင်နေကြတာဟာ အကျင့်ပျက်ခြစားမှုတွေ ဖြစ်လာအောင် အားပေးရာရောက်နေတယ်လို့ ပြည်တွင်းက ကျွမ်းကျင်သူတွေက ပြောပါတယ်။
2020-11-06
ပဲခူးတိုင်း ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ရုံးဝင်းအတွင်း မနေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် ထိခိုက်သူ မရှိဘူးလို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းက ကော်မရှင်ရုံးတွေမှာအခု လုံခြုံရေးတွေ တိုးချဲ့ချထားပါတယ်။
2020-11-06
ရွေးကောက်ပွဲအပြီး တက်လာမယ့်အစိုးရသစ်အနေနဲ့ လတ်တလောကြုံနေရတဲ့ ကပ်ဘေး၊ စစ်ဘေးနဲ့ စီးပွား ရေး အပါအဝင် ရေတို-ရေရှည် စိန်ခေါ်မှုတွေကတော့ သေချာပေါက် ရှိနေပါတယ်။ ဒီလိုစိန်ခေါ်မှုတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ - တိုင်းရင်းသားဒေသတွေမှာလည်း အစိုးရသစ်အပေါ် မျှော်လင့်ချက်တွေ ရှိနေပါတယ်။
2020-11-06
လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ မသန်စွမ်းဦးရေ ရှစ်သောင်းကျော်ရှိပါတယ်။ ဒီနှစ် ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေထဲမှာလည်းမသန်စွမ်း ကိုယ်စားလှယ်လောင်း သုံးဦးပါပါတယ်။
2020-11-06
ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းရွာမှာ နိုဝင်ဘာလ ၂ ရက်နေ့ကတည်းက အရပ်သား ဒါဇင်နဲ့ချီပြီး တပ်မတော်က ဖမ်းပြီးစစ်နေပါတယ်။
2020-11-06
ရန်ကုန်တိုင်းမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေက ကရင်စာပေနဲ့ယဉ်ကျေးမှုကို ပိုမိုထိန်းသိမ်းနိုင်မယ့် အခြေအနေ ပေါ်ပေါက်လာစေချင်ပါတယ်။
2020-11-06
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာမှာ မနေ့က ပေးခဲ့တဲ့ ကြိုတင်မဲ လက်မှတ်တွေထဲမှာ ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ကိုယ်စားလှယ်လောင်း နေရာမှာ တံဆိပ်တုံးကြိုနှိပ်ထားတဲ့ မဲလက်မှတ်တွေကို တွေ့ရှိရတဲ့အတွက် အငြင်းပွားမှုတွေ ပေါ်ပေါက်နေပါတယ်။
2020-11-06
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူဟာ ဝေဘာဂီဆေးရုံမှာ ဆေးကုသခံယူနေရာ ကျန်းမာရေးကောင်းမွန်တယ်လို့ သူနဲ့အတူရှိနေတဲ့ သရုပ်ဆောင်ထွန်းကိုကိုက ပြောပါတယ်။
2020-11-06
ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးဝင်းအတွင်း ဒီနေ့ နေ့လည် ၂ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဗုံးပေါက်ကွဲချိန်မှာရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ ကပြောပါတယ်။
2020-11-06
ရန်ကုန်တိုင်း သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) ကနေ လက်ရှိ တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ ယှဉ်ပြိုင်သွားမယ့်သူတစ်ယောက်ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက အစ္စလာမ်ဘာသာဝင် အမတ်လောင်း ဦးအောင်ကြီး ဖြစ်ပါတယ်။
2020-11-06
ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့ဟာ၊ ရွေးကောက်ပွဲအတွက် ပါတီအားလုံး မဲဆွယ်ရမယ့် နောက်ဆုံးရက် ဖြစ်တာကြောင့် နေပြည်တော်မှာ မဲဆွယ်ဆိုင်းဘုတ်နဲ့ ကြော်ငြာပိုစတာတွေ ဖြုတ်သိမ်းနေကြသလို၊ အငြိမ်းစား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တပ်မတော်သားမိသားစုဝင် တစ်ထောင်နီးပါး နေရာအသီးသီးမှာ ကြိုတင်မဲပေးခဲ့ကြပါတယ်။
2020-11-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းတွေဖြစ်ကြတဲ့ မွန်ပြည်နယ်က ဦးကိုကိုဦး၊ တနင်္သာရီတိုင်းက ဦးဗိုလ်ထွေးတို့ဟာ အပြောအဆို ကြမ်းတမ်းတယ်လို့ စွပ်စွဲခံထားရပြီး အရေးယူပေးဖို့ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရပါတယ်။
2020-11-05
နိုဝင်ဘာ ၄ ရက်နေ့ အစိုးရသတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ကာကွယ်ရေးဦစီးချုပ် ကို ရည်ညွန်းကာ နိုင်ငံ့ဝန်ထမ်းတွေဟာပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး တပ်မတော်က ကြေညာချက်တစောင် နိုဝင်ဘာ ၅ ရက် မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
2020-11-05
အရာရှိတွေ၊ စစ်သည်တွေ၊ မိသားစုတွေအားလုံး လွတ်လွတ်လပ်လပ် မဲပေးနိုင်ပြီး တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ထည့်သွင်းစဉ်းစား မဲပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ် အသီးသီးက တိုင်းမှူးတွေနဲ့ ဗွီဒီယိုက တဆင့်တွေ့ဆုံချိန်မှာ မနေ့က တိုက်တွန်းလိုက်ပါတယ်။
2020-11-05
ရခိုင်ပြည်နယ် အင်းဒင်ရွာလူသတ်မှုကို သတင်းမီဒီယာမှာ ဖော်ထုတ်နိုင်ဖို့ ကူညီပံ့ပိုး တဲ့အတွက် ထောင်ဒဏ်ချမှတ်ခံရတဲ့ ဒု-ရဲမှူးဟောင်း ဦးမိုးရန်နိုင်ဟာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကနေ တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်နဲ့ အခု ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။