သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-14
၅၃ ဦးကိုတော့ စစ်တွေမြို့ ကုလားတန်မြစ်ဝမှာ ရေတပ်သင်္ဘောက ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်ခုနစ်ဦးကိုတော့ မင်းပြားမြို့နယ် ပန်းမြောင်းရွာအထက်က တောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
2023-12-14
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းရွာမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-14
Data For Myanmarရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ ထိ ခုခံစစ်တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက နေအိမ် ၅၇,၅၀၃ လုံးနဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
2023-12-14
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ အလှိုင်ကျေးရွာမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-14
ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အထောက်အပံ့ကိုမှီပြီး ရှင်သန်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်လို့ ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ လုံလုံလောက်လောက်မရှိတဲ့အပြင် တစ်ကျော့ပြန် စစ်ပွဲကြောင့် သူတို့ရဲ့ အိမ်အပြန်လမ်းကို မမြင်ရသေးပါဘူး။
2023-12-13
မန္တလေးကနေ ရန်ကုန်ကို ထွက်လာတဲ့ ရထားဟာ ဒီဇင်ဘာ ၁၃ ရက်၊ မနက် သုံးနာရီခွဲမှာ မိုင်တိုင် ၁၀၄ နဲ့ ၁၀၃ အကြား ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရထားစက်ခေါင်းနဲ့ လူစီးတွဲ သုံးတွဲ လမ်းချော်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
2023-12-13
ဒီနှစ်ဇွန်လအထိ ၁၂ လတာ တွက်ချက်မှုတွေအရ စားသုံးကုန်တန်ဖိုးတွေဟာ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
2023-12-13
NSM အဖွဲ့ဟာ ဒုက္ခသည်တွေကို အကာကွယ်ပေးရမဲ့အစား ဥပဒေမဲ့ ဖမ်းတာ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
2023-12-13
ကုန်တင်ကားတစ်စီးပေါ်မှာ ဖွက်ပြီးသယ်လာတဲ့ စိတ်ကြွဆေးပြားတွေကို ထိုင်းနိုင်ငံ ရဲနဲ့ စစ်တပ်ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခုမှာ တွေ့ခဲ့တာဖြစ်ပါတယ်။
2023-12-13
စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အဆုံးသတ်နိုင်ဖို့ အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ Justice For Myanmar က တိုက်တွန်းလိုက်ပါတယ်။
2023-12-13
ထိုင်းရောက် အထွေထွေအလုပ်သမားတွေရဲ့ လစဉ်ဝင်ငွေကို ဘတ် ၇၅၀၀ နှုန်း သတ်မှတ်ပြီး ဝင်ငွေခွန် ဘတ် ၁၅၀ လစဉ် ပေးရမယ်လို့ ဆိုပါတယ်။
2023-12-13
စစ်ကောင်စီအဖွဲ့ဝင် လေးဦးနဲ့ စစ်ကောင်စီကို လက်နက်ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီနှစ်ခုကို ဥရောပသမဂ္ဂ (EU) ကပိတ်ဆို့ အရေးယူလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဒီဇင်ဘာလ ၁၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။
2023-12-13
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာ ဒီနေ့ တစ်လပြည့်ပါပြီ။
2023-12-13
စစ်ကိုင်းမြို့နယ် ပန်းချီရွာမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် သုံးဦး ပစ်သတ်ခံရပြီး၊ နေအိမ် သုံးဆယ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2023-12-13
စစ်ကောင်စီယန္တရားထဲက စစ်သား၊ ရဲနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြည်သူ့ဘက်ခိုလှုံလာတာ လေးရာကျော်ရှိနေပြီလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။