သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-14
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံကို ပြန်ပို့မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။
2024-02-14
ဖယ်ခုံမြို့နယ် ရွှေစမ်းရွာနားမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းသူတစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
2024-02-14
မြိတ်အကျဥ်းထောင်က နိုင်ငံရေး အကျဥ်းသားတွေ အပါအဝင် အကျဥ်းသားတွေကို ကော့သောင်း အကျဥ်းထောင်ကို ရွှေ့ပြောင်းနေတယ်လို့ (PPNM) က ထုတ်ပြန်ပါတယ်။
2024-02-14
ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (အထက်ချင်းတွင်းဒေသ) ရဲ့ သတင်းပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဆလိုင်းဘော်ဘွိုင်းကို တမူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်မိခဲ့တဲ့အပေါ် တာဝန်ယူ၊ တာဝန်ခံသွားမယ်လို့ တမူးခရိုင် (ပကဖ) က ထုတ်ပြန်ထားပါတယ်။
2024-02-14
ရမ်းဗြဲနဲ့ ကျောက်ဖြူကို ဖေဖော်ဝါရီ ၁၃ ရက်က စစ်တပ် ဂျက်တိုက်လေယာဉ်အပြင် Y-12 ထောက်ပို့လေယာဉ်နဲ့ပါ ဗုံးအလုံး ၁၃၀ ကျော်ကြဲခဲ့တယ်လို့ (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
2024-02-14
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ဖရဲရွာက မြေရှားသတ္တုတူးဖော်မှုအပေါ် ကန့်ကွက်ဆန္ဒပြတဲ့ ဒေသခံတွေကို KIA က ဗုံးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။
2024-02-14
ဧရာဝတီတိုင်းမှာ ကျုံပျော်၊ မြန်အောင်၊ ကြံခင်း၊ ကျိုက်လတ်နဲ့ မော်လမြိုင်ကျွန်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ မဲနှိုက်ခေါ်ယူတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
2024-02-14
စစ်တွေမြို့နယ် စစ်တွေ - ရန်ကုန်ကားလမ်းမပေါ် အမြင့်ကျွန်းရွာနားက မင်းချောင်းတံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။
2024-02-13
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ဆက်မလုပ်တော့ဘဲ အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
2024-02-13
ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာကို အင်အား နှစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံ လေးရာကျော် ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။
2024-02-13
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရေတပ်ရဲ့ စစ်ရေယာဉ် ငါးစင်းကို တစ်ပတ်အတွင်း နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။
2024-02-13
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ သဘောတူတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံစဉ် ပြောလိုက်ပါတယ်။
2024-02-13
ပြည်သူတွေ စစ်မှုမထမ်းမနေရ ဥပဒေကို လက်တွေ့အကောင်အထည်ဖော်မယ့် “ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့” ကို ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းက အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။
2024-02-13
ဒီနေရာမှာ အရေးကြီးတဲ့တာဝန်တစ်ခုက ပြည်နယ်နယ်နိမိတ်တွေ ပြန်လည်ရေးဖွဲ့စည်းဖို့ တောင်းဆိုချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
2024-02-13
ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းတွေကို တိုက်ဖျက်သွားမယ်လို့ KNU က ထုတ်ပြန်လိုက်ပါတယ်။