သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-17
ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေက ICC အပြည်ပြည်ဆိုင်ရာဇဝတ်ခုံရုံးမှာ တင်ပြစစ်ဆေးဖို့၊ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ဖို့ ဖိအားပေးနေကြပါတယ်။
2018-09-16
ကရင်ပြည်နယ် ဘားအံမြို့ အကျဉ်းထောင်က အကျဉ်းသား အယောက် ၄ဝ ကျော် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း က ထောင်ဖောက် ထွက်ပြေးသွားခဲ့ကြပါတယ်။
2018-09-16
ရခိုင်ပြည်နယ်မှာ အစ္စလာမ်ဘာသာဝင် အယောက်သုံးထောင်ကျော်ကို ကမန် တိုင်းရင်းသားအဖြစ် နိုင်ငံသားကတ် ထုတ်ပေးတဲ့ကိစ္စနဲ့ မောင်တောခရိုင်မှာ နိုင်ငံသား မဟုတ်သူတွေကို ကျောင်းဆရာခန့်အပ်မယ့် ကိစ္စကို ရခိုင် လူမှုအဖွဲ့အစည်းတွေနဲ့ ရခိုင်နိုင်ငံရေး ပါတီတွေက ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။
2018-09-16
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ပြန်လည်ပေးအပ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်မှာ ပြောကြားခဲ့ပေမဲ့ လက်တွေ့မှာတော့ မြေယာတွေ ပြန်မပေးသေးတာကြောင့် ဒေသခံတွေက ကျောက်တော်မြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2018-09-16
တရုတ်နိုင်ငံ ရွှေလီမြို့ကို အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ ရှမ်း၊ ပလောင်တိုင်းရင်းသား လေးဦးဟာ ဟိုနောင်-နမ့်ပန်း ကူးတို့ဆိပ်အရောက်မှာ ပျောက်ဆုံးနေခဲ့တာ ၁ လနီးပါးရှိနေပြီဖြစ်ကြောင်း သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
2018-09-16
မြန်မာနိုင်ငံကို အထီးကျန်ထားခြင်းထက် ထိတွေ့ဆက်ဆံရေးက ဒီမိုကရေစီအောင်မြင်ရေးအတွက် အရေးပါကြောင်း မြန်မာရင်းနှီးမြှုပ်နှံရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Serge Pun ခေါ် ဦးသိမ်းဝေက ပြောလိုက်ပါတယ်။
2018-09-16
နိုင်ငံတော်ကပေးထားတဲ့ ဘဏ္ဍာငွေတွေကို ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲတာဟာ တရားမျှတမှု မရှိဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောလိုက်ပါတယ်။
2018-09-16
လွတ်လပ်စွာသတင်းယူခွင့်ရရှိရေးနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦး လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သတင်းမီဒီယာသမား ၁၀၀ ကျော် တနင်္ဂနွေနေ့ညနေက စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။
2018-09-16
ပြီးခဲ့တဲ့လက ဆွာချောင်း ရေလှောင်တမံ ကျိုးကျတဲ့အတွက် ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု ကြာအင်းကျေးရွာမှာ နေအိမ် ၃၂ လုံးထဲက ၁၂ လုံး ရေထဲမျောပါ ပျက်စီးခဲ့ရပါတယ်။ အဲဒီထဲမှာ ရှစ်တန်း ကျောင်းသူလေး မအိဇင်ဖြိုးရဲ့ နေအိမ်လည်း ပါသွားပါတယ်။
2018-09-16
ပြည်တွင်းသတင်းမီဒီယာအပါအဝင် နိုင်ငံပိုင်မီဒီယာတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပုံဖော်ရေးသားတင်ပြတာ အားနည်းခဲ့လို့ နိုင်ငံတကာမီဒီယာတွေရဲ့ စိတ်ကြိုက်ပုံဖော်တာကို ခံခဲ့ရတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောပါတယ်။
2018-09-16
ဒီမိုကရေစီစနစ် ပိုမိုခိုင်မာအောင် လုပ်ဆောင်ဖို့နဲ့ ၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ဆောင်ရွက်ရမယ့် နည်းလမ်းတစ်ခုသာရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားလိုက်ပါတယ်။
2018-09-16
ပစိဖိတ်သမုဒ္ဒရာကနေ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်တိုက်လာတဲ့ မန်းကွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၂ ယောက်သေဆုံးပြီး၊ မြေတွေပြို၊ အိမ်တွေ ပျက်စီးသွားပါတယ်။
2018-09-16
မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုကို ဗီယက်နမ်က ကူညီပေးမယ်လို့ သမ္မတ ကျန်ဒိုင်ကွမ်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဟနွိုင်းမြို့မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။
2018-09-15
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ အိန္ဒိယနိုင်ငံထဲ ဝင်မလာနိုင်အောင် ပိုင်ပိုင်နိုင်နိုင် တားမြစ်နိုင်ခဲ့တယ်လို့ အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ရဲ့ ညွှန်ကြားရေးမှူးချုပ် K.K.Sharma က မနေ့က စနေနေ့မှာ ပြောလိုက်ပါတယ်။
2018-09-15
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဗြိတိန်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပြသဖို့အခွင့်အလမ်းဖြစ်တယ်လို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Kate Allen က မနေ့က စနေနေ့မှာ ပြောလိုက်ပါတယ်။