သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-03
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တပ်ပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိပေမယ့်လည်း ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မရရှိသေးဘူးလို့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေက ပြောနေကြပါတယ်။
2020-02-03
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ တစ်လကျော်အတွင်း သေဆုံးသူ ၃၆၁ ဦးရှိလာပါပြီ၊ မြန်မာနိုင်ငံမှာလည်း သံသယရှိသူ ငါးဦးလောက်ကို စစ်ဆေးခဲ့ပါတယ်။ ဒီကူးစက်မြန်ရောဂါကို စစ်ဆေးဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အသိအမှတ်ပြု ဇီဝလုံခြုံမှု Biosafety Level-3 ဓာတ်ခွဲခန်းက မြန်မာနိုင်ငံမှာ မရှိပါဘူး။
2020-02-03
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ AA ရက္ခိုင့်တပ်တော်ရဲ့လက်ချက်နဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ သေဆုံးဒဏ်ရာရတာတွေ၊ မုဒိန်းကျင့်ခံနေရတာတွေ ရှိနေတယ်လို့ မြန်မာ့တပ်မတော်က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး စွပ်စွဲလိုက်ပါတယ်။
2020-02-03
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပိုက်သည်ရပ်ကွက်နဲ့ ပြည်တော်သာရပ်ကွက်အတွင်း လက်နက်ကြီး ကျည်ကျရောက်ခဲ့တာကြောင့် အမျိုးသမီးတစ်ယောက် သေဆုံးပြီး အမျိုးသား သုံးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
2020-02-02
ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်မှုစတင်ခဲ့ရာ တရုတ်နိုင်ငံ ဟူပေပြည်နယ်မှာ အခုထိ သေဆုံးသူ အရေအတွက် ၃၀၅ ဦး ရှိလာခဲ့ပြီဖြစ်ပြီး၊ ကူးစက်ခံရသူ အရေအတွက် အခုထိ တစ်သောင်း ငါးထောင်နီးပါး ဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်အပါအဝင် စုစုပေါင်း ၂၅ နိုင်ငံလောက်မှာလည်း ကူးစက်နေပါတယ်။
2020-02-02
ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ ရန်ကုန်မြို့ အောင်ရတနာပုဂ္ဂလိက အထူးကုဆေးရုံက လူနာတစ်ဦး ဝေဘာဂီဆေးရုံကို ပို့ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်း သံသယနဲ့ စောင့်ကြည့်စစ်ဆေးနေတဲ့ လူနာ လေးဦးရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2020-02-02
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်မှာ ဒီကနေ့တစ်ရက်တည်း မိုင်းပေါက်ကွဲတာ၊ လက်နက်ကြီးကျည်ပေါက်ကွဲတာကြောင့် အရပ်သား နှစ်ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့ပါတယ်။
2020-02-01
တနင်္ဂနွေမနက် နောက်ဆုံးရ သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃ဝ၄ ဦး ရှိပြီဖြစ်ပြီး ကူးစက်ဖြစ်ပွားနေသူက ၁၄၀၀၀ ကျော်သွားပါပြီ။
2020-02-01
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ စီနိုဝမ်းကုမ္ပဏီရဲ့ ဒုတိယ မန်နေဂျာ တရုတ်လူမျိုးဟာ တရုတ်နိုင်ငံကနေ ပြန်လာပြီးတဲ့နောက် မနေ့ညက ကုမ္ပဏီအတွင်း နေထိုင်ခဲ့တာကြောင့် ဝန်ထမ်းတွေနဲ့ အငြင်းပွားခဲ့ကြပါတယ်။
2020-02-01
၂ဝ၂၀၊ ဖေဖော်ဝါရီ ၁ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ “မြန်မာနဲ့ ကိုရိုနာဗိုင်းရပ်စ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-02-01
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅၉ ဦးနဲ့ ကူးစက်ဖြစ်ပွားသူက ကမ္ဘာတဝန်း ၁၂ဝဝဝ နီးပါး ရောက်ရှိလာပါပြီ။
2020-01-31
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာအပါအဝင် နိုင်ငံခြောက်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာတွေ ပိတ်ပင်တော့မယ်လို့ အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီးဌာန ယာယီဝန်ကြီး Chad Wolf က သောကြာနေ့က ပြောလိုက်ပါတယ်။
2020-01-31
ကိုရိုနာဗိုင်းရပ်စ်ရောဂါအများဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ တရားမဝင်နေထိုင်အလုပ်လုပ်နေရတဲ့ မြန်မာနိုင်ငံသားရာပေါင်းများစွာရှိနေပြီး၊ တချို့က မြန်မာပြည်ပြန်ချင်ပေမယ့် ပြန်နိုင်အောင် ကူညီမယ့်သူမရှိလို့ အခက်အခဲဖြစ်နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2020-01-31
ICJ တရားရုံးရဲ့ ကြားဖြတ်စီမံချက်အမိန့်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာမရှိသလို၊ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးကော်မရှင်နဲ့လည်း ပူးပေါင်းဆောင်ရွက်စရာမလိုဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
2020-01-31
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါပြီ။ တရုတ်နဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ ဇန်နဝါရီလကုန်အထိ ရောဂါကူးစက်တာ မရှိသေးဘူးလို့ အစိုးရအာဏာပိုင်တွေက ပြောဆိုထားပါတယ်။