သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-12
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်လောင်း ၁၇ ဦးကို တိုင်းနဲ့ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံပယ်ချ ခံရတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ စာပေးပို့တင်ပြ သွားမယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ပြောပါတယ်။
2015-09-12
အရင်ရွေးကောက်ပွဲတွေတုန်းက မဲပေးနည်းဟာ အမှန်ခြစ်တာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ တံဆိပ်တုံးနဲ့ နှိပ်ရမှာဖြစ်တဲ့အတွက် မဲပေးနည်း ကို ပြည်သူတွေနားလည်စေဖို့ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဘယ်လိုမဲပေးရမယ် ဆိုတာကို ရှင်းပြထားတဲ့ လက်ကမ်းစာစောင်တွေ ဝေငှခဲ့ ပါတယ်။
2015-09-12
မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ တစ်သီးပုဂ္ဂလကိုယ်စား လှယ်တွေကို မဲပေးမယ့်အစား အစိုးရဖွဲ့နိုင်တဲ့ ပါတီကိုသာ မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2015-09-11
တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ကြယ်ဂေါင် မြို့တွေကို တရားမဝင်သွားရောက် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၇ သောင်းကျော်လောက်က မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ် ရှိနေတဲ့ အတွက် မူဆယ်မြို့ NLD ပါတီက ရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေ မဲပေးခွင့်ရဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
2015-09-11
မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြား ဆက်ဆံမှုတွေ ပွါးများလာတာဟာ နိုင်ငံ ရဲ့ညီညွတ်ရေးကို ခြိမ်းခြောက်နေတယ်လို့ အရှေ့အာရှရေးရာ အမေရိကန် အထူးသံတမန် Mr. Daniel Russel က ပြောကြားလိုက်ပါတယ်။
2015-09-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့် ကော့ မှူးမြို့နယ်က ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုကျော်ဇင်ဟိန်းက သူ့ အနေနဲ့အခုလို ပြိုင်ခွင့်ရတာကို ဂုဏ်ယူတယ် လို့ပြောပါတယ်။
2015-09-11
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ဆောင်ရွက်ရမယ့် အချက်တွေကို မြန်မာငြိမ်းချမ်းရေးစင်တာ MPC က ကိုယ်စားလှယ်တွေက ဒီနေ့ သတင်းမီဒီယာတွေကို ခေါ်ယူရှင်းပြခဲ့ပါတယ်။
2015-09-11
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ေ တွ့ဆုံမေးမြန်းခန်းကို ထုတ်လွှင့်မှာပါ။ ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေနဲ့ ရွေးကောက်ပွဲပြင်ဆင်ထားမှု တွေအကြောင်း ကော်မရှင် ဥက္ကဌ ဦးတင်အေးကို နေပြည်တော် ကော်မရှင်ရုံးချုပ်မှာ RFA ဝိုင်းတော်သူ မသင်းသီရိက တွေဆုံမေးမြန်းထားပါတယ်။
2015-09-11
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကာကွယ်ရေးဝန်ကြီးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဌေးတို့ဟာ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာမှာ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
2015-09-11
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ စက်တင်ဘာလ ၁၁ ရက်နေ့က ဇာတိဖြစ်တဲ့ ဖြူးမြို့မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ကယားပြည်နယ် ဖားဆောင်းမြို့မှာ ဟောပြောခဲ့ပြီး စက်တင်ဘာလ ၁ဝ ရက်နေ့ကတော့ ဖရူဆိုနဲ့ ဘောလခဲတို့မှာ ဟောပြောခဲ့ပါတယ်။
2015-09-11
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိသျှ လူငယ်နှစ်ယောက် အသတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက် အမှုနဲ့ပတ်သက်လို့ လူသတ်လက်နက်အဖြစ် သတ်မှတ် ထားတဲ့ ပေါက်တူးရိုးပေါ်ကတွေ့ရတဲ့ DNA ခေါ် မျိုးရိုးဗီဇနဲ့ စွပ်စွဲခံရသူ မြန်မာလူငယ်နှစ်ယောက်ရဲ့ မျိုးရိုးဗီဇ လုံးဝမတူ ဘူးလို့ ထိုင်းနိုင်ငံက နာမည်ကျော် မှုခင်းဆရာဝန်ချုပ်က တရားရုံးမှာ ဒီနေ့ထွက်ဆိုလိုက်ပါတယ်။
2015-09-11
ကယားပြည်နယ်မှာ ဒေသခံတွေကို ခြိမ်းခြောက်ပြီး မဲဆွယ်တာတွေ ရှိနေကြောင်းနဲ့ အဲ့ဒီလိုမဲဆွယ်မှုတွေဟာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2015-09-11
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အခြေခံလုပ်ခလစာ တိုးပေးဖို့ဆန္ဒပြခဲ့တဲ့ ရွှေပြည်သာမြို့နယ်က အလုပ် သမားခေါင်းဆောင် ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင် တို့ကို တောင်ဥက္ကလာပမြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တရားမဝင်စီတန်း လှည့်လည်မှု၊ ခွင့်ပြုချက်မပေးတဲ့နေရာမှာ ဆန္ဒပြမှု စတဲ့ ပုဒ်မ ၃ ခုနဲ့ ဒီနေ့ ထောင်ဒဏ် ၂ နှစ်ကျော်စီ အမိန့်ချလိုက်ပါတယ်။
2015-09-11
တပ်မတော်က အရာရှိ ၂ဝ လောက်ကို အငြိမ်း စားပေးပြီး နေပြည်တော် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးမှာ ဒုတိယညွန်ကြားရေးမှူးချုပ်လို ရာထူးမျိုးတွေ တိုက်ရိုက် ခန့်အပ်လိုက်တာကို ကန့်ကွက်တဲ့ ဖဲကြိုးအဝါလှုပ်ရှားမှုကို ရန်ကုန်မြို့ က ရှေ့နေတွေက ဒီနေ့ စတင်လိုက်ပါတယ်။