သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-10
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ (၁၉) နဲ့ တရားစွဲဆိုခံရတဲ့ မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်နဲ့ ကိုဆိုင်းခွမ်အောင်တို့ သုံးဦးအမှုကို ဒီနေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှာ စတင်စစ်ဆေးပြီး အာမခံပေးလိုက်ပါတယ်။
2018-12-10
ရန်ကုန်တိုင်းအတွင်း ဖွံ့ဖြိုးရေးစီမံကိန်းတွေဆောင်ရွက်ဖို့ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုငွေသန်း ၇ဝ ချေးယူမယ့်ကိစ္စကို ဆိုင်းငံ့ထားဖို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဒီနေ့ အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။
2018-12-10
ကျပ်တစ်သောင်းတန်ငွေတုကိစ္စကြောင့် ဖမ်းဆီးခံထားရတဲ့ မနော်သော့သွဲ့ထူးရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွေဟာ ကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
2018-12-10
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ကြိုးပမ်းမှုကြောင့် ပြည်ထောင်စုဝန်ကြီးဌာန တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့အသီးသီးတို့ရဲ့ ပူးပေါင်းလုပ်ဆောင်တာတွေကနေ နိုင်ငံထဲမှာ လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက်လာတာကို တွေ့မြင်နိုင်ပြီလို့ နိုင်ငံတော် သမ္မတက ပြောလိုက်ပါတယ်။
2018-12-10
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိကြောင်း အစိုးရ သတင်းစာတွေမှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
2018-12-10
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြင်သစ် ဖံ့ွဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုသန်း ၇၀ ချေးငွေရယူမယ့် အစီအစဉ်ကို ဆိုင်းငံ့ဖို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာ တင်လိုက်ပါတယ်။
2018-12-10
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံရတဲ့ ကချင်လူငယ် ၃ ဦး ကို ဒီနေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှာ စတင်စစ်ဆေးပြီး အာမခံ ပေးလိုက်ပါတယ်။
2018-12-10
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု ဟိုနားရွာမှာ RCSS နဲ့ SSPP တို့ ဒီနေ့ တိုက်ပွဲ ဖြစ်နေတာကြောင့် ဒေသခံကျေးရွာသားတွေ ထွက်ပြေးလာရတယ်လို့ နယ်စည်းမခြား ပရဟိတအဖွဲ့က ကိုမျိုးက ပြောပါတယ်။
2018-12-10
မလေးရှားနိုင်ငံ ပီနန်းကျွန်းမှာ လူကုန်ကူးသူလို့ သံသယရှိတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို မလေးရှား ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
2018-12-10
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေကို ဒီနေ့အချိန်အထိ အမျိုးသမီးတွေ ခံစားနေကြရတာကြောင့် စစ်ပွဲတွေရပ်တန့်ဖို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
2018-12-09
တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို စောင့်ကြည့်မယ့် အဖွ့ဲတစ်ဖွဲ့ ဖွဲ့စည်းသွားမယ်လို့ အင်န်အယ်လ်ဒီပါတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီနေ့ ပြောပါတယ်။
2018-12-09
တရုတ်-မြန်မာနယ်စပ် ကေအိုင်အေ ထိန်းချုပ်နယ်မြေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပို့ဆောင်နိုင်ဖို့ တရုတ်ဘက်က နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ကြိုးစားနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။
2018-12-09
ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့အတွက် တိုင်းရင်းသားဒေသ အသီးသီးက စစ်ပွဲတွေ ရပ်တန့်ဖို့၊ တိုင်းရင်းသားဒေသတွေမှာ တိုးချဲ့ထားတဲ့ အစိုးရတပ်တွေကို ပြန်ရုပ်ပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ) က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2018-12-09
အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့အတွက် မန္တလေးတိုင်းဒေသကြီး အလုပ်သမားဝန်ကြီးတစ်ဦး ခန့်အပ်ပေးဖို့ နဲ့ အလုပ်သမားအရေးကို အစိုးရတာဝန်ရှိသူတွေ အလေးထားဆောင်ရွက်ပေးဖို့ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အလုပ်သမား ၇၀၀ ကျော်က ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-12-09
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ကချင်ပြည်နယ်ခရီးစဉ်အတွင်း မြစ်ဆုံကို သွားရောက်ကြည့်ရှုပြီး မြစ်ဆုံအလှ မပျက်စီးသေးတာကို နှစ်သက်သဘောကျမိကြောင်း ရန်ကုန်အမေရိကန်သံရုံး facebook စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။