သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-30
အာဏာသိမ်းစစ်ကောင်စီတပ်တွေက သေနတ်တွေနဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတာကြောင့် မတ်လ ၂၉ မနေ့ ညနေပိုင်းကနေ ဒီနေ့ညနေပိုင်းအထိ ၂၄ နာရီအတွင်း သေဆုံးသူ အနည်းဆုံး အယောက် ၂၀ ရှိသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။ အဲဒီထဲမှာ မီးရှို့ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်အထိရှိနေပါတယ်။
2021-03-29
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း မြန်မာစစ်တပ်က မတ်လ ၂၇ ရက်နေ့က စပြီး ဆက်တိုက်ဆိုသလို လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ သေဆုံးမှုတွေရှိသလို ထောင်ပေါင်းများစွာလဲ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြပါတယ်။
2021-03-29
ပြီးခဲ့တဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို ရုရှား ဒုတိယကာကွယ်ရေးဦးစီးချုပ် အပါအဝင် နိုင်ငံ ၈ နိုင်ငံက စစ်ဘက်အရာရှိတွေတက်ရောက်ခဲ့ပါတယ်။ တနေ့ တည်းမှာပဲ အဲဒီ အခမ်းအနားကို တက်ရောက်ခြင်းမရှိတဲ့ အမေရိကန်အပါအဝင် နိုင်ငံ ၁၂ ခုရဲ့ ကာကွယ်ရေးဦးစီးချုပ် တွေက ကြေညာချက်ထုတ်ပြန်ပြီး မြန်မာ့တပ်မတော်ကို ရှုတ်ချခဲ့ပါတယ်။
2021-03-29
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေမှာ အာဏာသိမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ဒေသခံ ရွာသားတစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့သူတွေလည်း ရှိနေပြီး အဲဒီအထဲက အချို့ကို ဒီလူထိုင်းအာဏာပိုင်တွေက လက်မခံဘဲ မြန်မာနိုင်ငံဘက်ကို ပြန်ပို့နေတာကြောင့် စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ဖို့ အခက်ကြုံနေရပါတယ်။
2021-03-29
မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့ အထူးအရေးပေါ် အစည်းအဝေးလုပ်ဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ ပစ်ခတ် ဖြိုခွင်းမှုကြောင့် တရက်တည်းမှာတင် ကလေးငယ်တွေအပါအဝင် လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ရပါတယ်။
2021-03-29
ရန်ကုန်၊ တောင်ဒဂုံမြို့နယ်ထဲမှာ ဒီကနေ့ စစ်တပ်နဲ့ ရဲတွေ ဝင်ရောက်ပစ်ခတ်ရာမှာ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
2021-03-29
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ လက်နက်မဲ့အရပ်သားတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဥပဒေမဲ့ ပစ်သတ်ဖြိုခွင်းနေတာကြောင့် သေဆုံးသူအရေအတွက် နေ့စဉ်တိုးလာနေပါတယ်။
2021-03-29
ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေ ဒီနေ့ပစ်ခတ်ဖြိုခွဲနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီကနေ့ တောင်ဒဂုံမှာပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးတယ်လို့ ကနဦး သတင်းရရှိပါတယ်။
2021-03-29
74 media က သတင်းထောက် မချန်ဘူ၊ Kachinwaves သတင်းဌာနက သတင်းထောက် ကိုလရော်တို့ နှစ်ဦးဟာ မြစ်ကြီးနားမြို့ အေးစေတီကြက်ခြေနီရုံးအနီးမှာ ဒီနေ့ မနက်ဆန္ဒပြပွဲသတင်းယူနေရင်း ဖမ်းဆီးခံလိုက်ရတာပါ။
2021-03-29
စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဦးခေါင်းနောက်စေ့ကို သေနတ်ကျည်မှန်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ ၁၃ နှစ်သား မောင်စိုင်းဝေယံရဲ့ နာရေးကို ဒီကနေ့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
2021-03-29
မတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ အာဏာသိမ်းစစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်သောင်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2021-03-29
စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ တောင်ဒဂုံမြို့နယ်မှာ ဒီနေ့ သေနတ်၊ လက်ပစ်ဗုံးတွေအပြင် လက်နက်ကြီးတွေပါ သုံးစွဲပစ်ခတ်နေပြီး ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေ အများအပြားရှိနေပါတယ်။
2021-03-29
မြန်မာနိုင်ငံမှာ လက်ရှိအာဏာရယူထားတဲ့ စစ်ကောင်စီ တပ်တွေရဲ့ ပစ်ခတ်မှု ကြောင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေပါ သေဆုံး၊ ဒဏ်ရာရတာ ပိုမိုများပြားလာတာကြောင့် ကလေးသူငယ်တွေဟာ လုံခြုံမှုမရှိတော့ဘူးလို့ Save The Children အဖွဲ့နဲ့ ထိခိုက်မှု စာရင်းတွေပြုစုနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့က ပြောလိုက်ပါတယ်။
2021-03-29
သာကေတမြို့နယ်၊ မာန်ပြေ သုမနလမ်းမကြီးပေါ်က ဒီနေ့ မတ်လ ၂၉ ရက်နေ့မနက်က စစ်ကောင်စီတပ်က ဆန္ဒပြသပိတ်ကို ပစ်ခတ်ဖြိုခွင်းရာ ကျည်ထိမှန်သွားသူတစ်ဦးကို တွေ့ရတာဖြစ်ပါတယ်။
2021-03-29
မန္တလေးတိုင်း၊ မိုးကုတ်မြို့ CB ဘဏ်အနီး မတ် ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာ အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်တွေက ဆန္ဒပြလူငယ်တွေကို ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးသွားခဲ့တဲ့ ရွှေဘုံသာရပ်နေ အဖ ဦးတင်ကို ရဲ့ သား ကိုရဲရင့်အောင် အသက် ၂၆ နှစ်ကို ဗမွန်သုဿန်သို မတ် ၂၉ ရက်၊ ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်မှာ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပါတယ်။