သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-09
ယခင်အစိုးရလက်ထက်က တိုင်းနဲ့ ပြည် နယ်အလိုက်သုံးစွဲခဲ့တဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးရေး အသုံးစ ရိတ် တွေကိုပြန်လည်စိစစ်မယ်လို့ ပြည်ထောင်စုစာရင်းစစ် ချုပ် ဦးမော်သန်းက ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် ခေတ္တနားချိန်မှာ သတင်းထောက်တွေကို ပြောပါ တယ်။
2017-06-09
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ အစိုးရက မွတ်ဆလင်တွေကို ဥပဒေနဲ့ မညီဘဲ နိုင်ငံသားအဖြစ်လက်ခံဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ဒေသခံ ၅၀၀ လောက်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2017-06-09
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်ပေး ဖို့အတွက် အမျိုးသားလွှတ်တော်မှာ မေးခွန်းမေးမြန်း ဖို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြရာမှာ ပါတီရဲ့ မေးခွန်းနဲ့ အဆို စိစစ်ရေးကော်မတီက ဆိုင်းငံ့လိုက်ပါတယ်။
2017-06-09
တပ်မတော်ပို့ဆောင်ရေးလေယာဉ် ပျက်ကျ ရာမှာ ပါသွားပြီး သေဆုံးခဲ့တဲ့ ၃၁ ဦးရဲ့ ရုပ် အလောင်းတွေ ထဲက အမည်ခွဲခြားနိုင်ပြီး ပိုင်ရှင်ပေါ်တဲ့ အလောင်း ၁ဝ လောင်းကို ဒီနေ့နေ့လည်က ထားဝယ်မြို့ နယ် ဇဟာကျေးရွာက သံဝေဂလမ်း သင်္ချိုင်းမှာ သြင်္ဂိုဟ်လိုက် တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန် ပါတယ်။
2017-06-09
တရားရုံးကို ဆေးစာအတုတင်သွင်းတယ် ဆိုပြီး တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်း ကို လိမ်လည်မှု ပုဒ်မ ၄၂ဝနဲ့ မတ္တရာမြို့နယ်တရားရုံးက ဒီ ကနေ့ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။
2017-06-09
တပ်မတော်သယ်ယူပို့ဆောင်ရေး လေ ယာဉ် Y - 8 ပျက်ကျ ရာမှာ သေဆုံးခဲ့တဲ့ စစ်သည်တွေနဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ မှတ်တမ်းတင် လိုက်ပါတယ်။
2017-06-09
နိုင်ငံတော်သမ္မတ နဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့က နှစ်သစ်မိန့်ခွန်းမှာ အခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် ဆောင် ရွက်မယ်လို့ ပြောဆိုထားတဲ့အတိုင်း လက်တွေ့ အကောင်အ ထည်ဖော်ဖို့ စစ်ဘေးရှောင်တွေရဲ့ ၆ နှစ်ပြည့် ဆုတောင်း ပွဲ ဖြစ်မြောက်ရေးကော်မတီ က တိုက်တွန်းလိုက်ပါတယ်။
2017-06-08
ရှမ်းပြည်နယ်မှာ လူဦးရေ သောင်းဂဏန်းလောက် သာ ကျန်တော့တဲ့ ယင်းနက်နဲ့ ယင်းကျား တိုင်းရင်း သားတွေအကြောင်းကို RFA သတင်းထောက် ကိုကံသာက တင်ပြထားပါတယ်။
2017-06-08
ရှေ့နေ ဦးကိုနီကို လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းကို ဖမ်းဆီး ရင်း သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ ကလေးတွေ ပညာ သင်ကြားဖို့ ထောက်ပံ့ငွေပေးအပ်ပွဲကို ရန်ကုန်မြို့ နာရေးကူညီမှုအသင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2017-06-08
The Voice အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်အတွက် ဆုတောင်းပွဲနဲ့ သတင်းမီဒီယာသမားတွေကို ၆၆(ဃ)နဲ့ တရားစွဲဆိုနေတာတွေကို ကန့်ကွက်ရှုတ်ချတဲ့ လှုပ်ရှားမှုကို မန္တလေးအခြေစိုက် မီဒီယာသမား ၅၀ လောက်က ဇွန်လ ၈ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2017-06-08
ပုဒ်မ ၆၆-ဃ နဲ့ ဖမ်းဆီးခံထားရတဲ့ The Voice သတင်းစာ အယ်ဒီချုပ် ဦးကျော်မင်းဆွေနဲ့ ကလောင်ရှင် ဗြိတိသျှကိုကိုမောင်တို့ကို အာမ,ခံပေးနိုင်လောက်တဲ့ အချက်အလက်မပြည့်စုံလို့ဆိုပြီး ဗဟန်းမြို့နယ်တရားသူကြီးက အာမ,ခံ ပယ်ချလိုက်ပါတယ်။
2017-06-08
ကနေဒါနိုင်ငံကို လေ့လာရးခရီး ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျက်စတင် ထရူးဒိုးတို့ဟာ မနေ့ညနေကတွေ့ဆုံခဲ့ပါတယ်။
2017-06-08
၂၀၁၇ ကြားဖြတ်ရွေးကောက် ရလဒ်တွေနဲ့ ပတ် သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းထားတဲ့ အမှု ၆ မှုလုံးကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ခုံရုံးက စတင်စစ်ဆေး သွားမှာ ဖြစ်ပါတယ်။
2017-06-08
ပြီးခဲ့တဲ့ မေလ ၃၀ရက်နေ့က မတ္တရာမြို့နယ် တရား ရုံးမှာ တရားသူကြီးကို တရားရုံးချုပ်ရှေ့နေက ဖိနိပ် နဲ့ ပေါက်တဲ့ အမူပေါ်ပေါက်ခဲ့ပါတယ်။ ဒီအမှု ဟာ မြန်မာနိုင်ငံတရားရုံးတွေမှာ ဖြစ်တောင့်ဖြစ်ခဲ ထူးခြားတဲ့အမှုအနေနဲ့ ယူဆနိုင်ပေမဲ့ယိုယွင်းနေ တဲ့ မြန်မာတရားစီရင်ရေးစနစ်ကို မီးမောင်း ထိုးပြနေတာဖြစ်တယ်လို့ ဝေဖန်သူတွေရှိနေပါတယ်။
2017-06-08
မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင် သာယာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီး ခန့်အပ်ရာမှာ အမည်စာရင်းတင်သွင်းထားတဲ့ ဦးမင်းကျော်လွင်ကို ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်တွေ သဘောဆန္ဒကိုမမေးဘဲ အတည်ပြုလိုက်တာဟာ ဥပဒေနဲ့မညီဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဝေဖန်နေပါတယ်။