သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-06-10
မိုခါမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်သူတွေအတွက် FPNCC နဲ့ UWSA တို့က အလှူငွေ ကျပ်သိန်းတစ်သောင်းကို ရက္ခိုင့်တပ်တော် AA ကတစ်ဆင့် ဇွန်လ ၁ဝ ရက်နေ့မှာ လှူဒါန်းလိုက်ပါတယ်။
2023-06-10
စစ်ကောင်စီတပ်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် ညောင်ပင်ကြီးရွာအပါအဝင် ရွာ ၁၀ ရွာခန့်က ဒေသခံငါးထောင်နီးပါး ထွက်ပြေးနေရပါတယ်။
2023-06-10
မိုခါမုန်တိုင်းဒဏ်ခံရတဲ့ဒေသတွေထံ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေသွားရောက်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားတယ်လို့ UNOCHA က ကြေညာပါတယ်။
2023-06-10
ပဒူရွာက စစ်ဘေးဒုက္ခသည်ကိုးဦးကို စစ်ကောင်စီတပ်သားတွေ ဒီရက်ပိုင်းမှာ ဆက်တိုက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2023-06-10
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေအေးကုန်းရွာကို အင်အားတစ်ရာကျော်ပါစစ်ကြောင်း ဇွန်လ ၉ ရက် နေ့လယ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို နေအိမ်ပစ္စည်းတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-06-10
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရပြီး ရွာ ၄၆ ရွာက ဒေသခံတွေရဲ့ လယ်မြေဧကလေးထောင်ကျော် စိုက်ပျိုးရေးမလုပ်နိုင်ဘူးလို့ ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီက ဇွန်လ ၁၀ ရက်မှာထုတ်ပြန်ပါတယ်။
2023-06-10
ကယားပြည်နယ်နေရာတချို့မှာ Starlink အင်တာနက်ကို အကန့်အသတ်နဲ့ လူတချို့ အသုံးပြုလို့ရနေပြီလို့ ပြောပါတယ်။
2023-06-10
ကလေးမြို့နယ်၊ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
2023-06-09
၂၀၁၉ ခုနှစ်မှာ အစ္စရေးလက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဟာ မြန်မာစစ်တပ်အတွက် လက်နက်ထုတ်လုပ်နိုင်စေမယ့် စက်ပစ္စည်းတွေ တင်ပို့ခဲ့တယ်လို့ Justice for Myanmar အဖွဲ့က ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
2023-06-09
ဇွန်လ ၉ ရက် ညနေပိုင်းက ညောင်ပင်ကြီးရွာရဲစခန်းတစ်ခုကို ဒေသအခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။
2023-06-09
စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နဘဲပင်လှကျေးရွာက နေအိမ် ၈၀ ပျက်စီးသွားခဲ့ပြီး လူဦးရေ ၈ဝဝ လောက် ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘိုခရိုင် တပ်ရင်း ၁၈ တပ်ရင်းမှူးက ပြောပါတယ်။
2023-06-09
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ KNU ထိန်းချုပ်နယ်မြေတွေကို လူငယ်အများအပြားရောက်လာတဲ့အတွက် ဘုံရန်သူကိုပြန်တိုက်ဖို့ လက်တွဲလုပ်ဆောင်ရမယ့်မူဝါဒရှိတယ်လို့ ပဒိုစောတောနီး က ပြောပါတယ်။
2023-06-09
တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒဟာ မြန်မာပြည်သူတစ်ရပ်လုံးအတွက်ဖြစ်သလို သူတို့နိုင်ငံရဲ့ အကူအညီတွေဟာလည်း မြန်မာပြည်သူတွေရဲ့ဘဝတွေ တိုးတက်ကောင်းမွန်ဖို့အတွက် ဖြစ်တယ်လို့ တရုတ်သံအမတ်ကြီးက ပြောပါတယ်။
2023-06-09
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ဇွန် ၉ ရက်နေ့က သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။
2023-06-09
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်ဝင်ရောက်ပြီး ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးကာ နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။