သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-04
လက်ရှိ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ တင်သွင်းထားတဲ့ “အသင်းအဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်း” ဟာ အရပ်ဖက် လူမှုအဖွဲ့ အစည်းတွေကို ကန့်သတ်ချုပ်ချယ်တဲ့အတွက် အဲဒီဥပဒေကို ပြင်ဆင်ပေးဖို့ ဒီနေ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ဆွေးနွေးတောင်းဆိုကြပါတယ်။
2013-08-03
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဲဒီကာလတုန်းက ဟင်္သာတ သပိတ်ခေါင်းဆောင် ဖြစ်တဲ့ ဒေါက်တာ မန်းမြင့်ဆိုင် တို့ရဲ့ အတွေ့အကြုံနဲ့ သဘောထားတွေကို တင်ဆက်မှာဖြစ်ပါတယ်။
2013-08-03
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြင့်တင်ရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို နေပြည်တော်မှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်တွေနဲ့ လယ်သမားတချို့ကိုလဲ ဖိတ်ကြားခဲ့ပါတယ်။
2013-08-03
အကျဉ်းထောင်တွေထဲမှာ ကျန်သေး တဲ့ နိုင်ငံရေးအကျဉ်းသား ၁ဝဝ ကျော်ကို ရှစ်လေးလုံး ၂၅ နှစ်ပြည့်မတိုင်မီ အားလုံး ပြန်လွှတ်ပေးဖို့ မြောက်ဒဂုံမြို့နယ်၊ သီရိအောင်မြေကျောင်းတိုက် ဆရာတော် ဦးရက္ခဝံသက ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ တကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2013-08-03
ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုအပြီး ၂၅ နှစ်အကြာ ဒီကနေ့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ၈လေးလုံးအရေးတော်ပုံ ကာလအတွင်း အကသ လို့ခေါ်တဲ့ အခြေခံပညာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးအဖြစ် လှုပ်ရှားခဲ့သူ လက်ရှိအမေရိကန်ပြည်ထောင်စု ဘာကလေမြို့ ကာလီဖိုးနီးယားတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံပညာ ပါရဂူဘွဲ့အဆင့် လေ့လာဆည်းပူးနေတဲ့ ဦးမင်းဇင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းတင်ပြမှာပါ။
2013-08-03
နိုင်ငံရေးဆွေးနွေးပွဲတွေ မကြာခဏ လက်ခံကျင်းပတဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ လူစုလူဝေးနဲ့ ပွဲကျင်းပမယ်ဆိုရင် ရက်ပေါင်း ၂ဝ ကြိုတင် အကြောင်းကြားရမယ်လို့ အာဏာပိုင်တွေက မနေ့က ခေါ် ယူပြောဆိုကြောင်း ခန်းမပိုင်ရှင် ဦးစိုးညွှန့်ရဲ့မိတ်ဆွေ ဦးဇော်ရမ်းက RFA ကိုပြောပါတယ်။
2013-08-03
လွန်ခဲ့တဲ့ ၂၅ နှစ် ရှစ်လေးလုံး အရေးတော်ပုံ ကာလမှာ သတင်းစာ လွတ်လပ်ခွင့် ရရှိခဲ့တဲ့ ကာလတစ်ခုဖြစ်ကြောင်း၊ အရေးတော်ပုံ ကာလ သတင်းစာ လွတ်လပ်ခွင့်ဟာ တိုင်းပြည်ကို မျက်စိဖွင့်ပေးလိုက်တာဖြစ်ကြောင်း ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်က ဒီနေ့ရန်ကုန်မြို့ HOME ခန်းမမှာ ကျင်းပတဲ့ စာအုပ် မိတ်ဆက်ပွဲမှာ ပြောဆိုပါတယ်။
2013-08-03
လက်ပံတောင်းတောင် ဒေသခံ၂၆ ရွာက ဒေသခံတွေဟာ ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ လုပ်ငန်း အကောင်အထည်ဖော်မယ့်အဖွဲ့တွေကို ဖိတ်ကြားပြီး သူတို့ရဲ့ သဘောထားတွေကို ဒီကနေ့တင်ပြခဲ့ကြပါတယ်။
2013-08-03
မြန်မာနိုင်ငံမှာ ပြည်သူလူထုကို ဗဟိုပြုတဲ့ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နိုင်ဖို့အတွက် လက်ရှိ တာဝန် ထမ်းဆောင်နေကြတဲ့ အစိုးရဋ္ဌာန ဆိုင်ရာ ဝန်ထမ်းတွေအနေ နဲ့ တွေးခေါ် လုပ်ကိုင်တာတွေကို ပြောင်းလဲဖို့ လိုတယ်လို့ သမ္မတရုံး ဝန်ကြီး ဦးတင်နိုင်သိန်း ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2013-08-03
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအထူးအစီအစဉ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အဲဒီကာလက ပါဝင်လှုပ်ရှားခဲ့ပုံတွေနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လှကျော်ဇောနဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်မှာဖြစ်ပါတယ်။
2013-08-02
မြန်မာနိုင်ငံက ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက် ၃၀ အတွက် အိန္ဒိယနိုင်ငံက RIL ၊ OVL နဲ့ Cairn ကုမ္ပဏီတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေခွင့် ရဖို့ ပြိုင်ဆိုင်နေကြတယ်လို့ အိန္ဒိယ PTI သတင်းဌာန က ဖော်ပြပါတယ်။
2013-08-02
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးရေလျှံမူတွေဖြစ်ခဲ့ရာ မှာ ထောင်နဲ့ချီတဲ့ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ကရင်ပြည်နယ်အတွင်း လူသုံးသောင်းကျော် ကို နေအိမ်တွေကနေ ရွေ့ပြောင်းပေးခဲ့ရပါတယ်။
2013-08-02
နှုတ်ခမ်းမွှေးညီနောင်လို့ နာမည်ကြီးတဲ့ မန္တလေးမြို့က လူရွှင်တော် ဦးပါပါလေးဟာ ဒီနေ့နေ့လည် ၁ နာရီက ကွယ်လွန်သွားခဲ့ တယ်လို့ သတင်းရရှိပါတယ်။
2013-08-02
ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်ဘက်ကိုတင်ပို့မယ့် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းနီးပါးကို စစ်တွေ-ဘူးသီးတောင် အမြန်ရေယာဉ် ဂိတ်မှာ ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
2013-08-02
လက်ရှိ တောင်တရုတ်ပင်လယ်မှာဖြစ်နေ တဲ့ ဂျက်ဘီ (Jebi) တိုင်ဖွန်းလေမုန်တိုင်း ဟာ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို မကြာမီရက်ပိုင်းအတွင်း ဝင်ရောက်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။