သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-08
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှု စစ်ဆေးရာ မှာ မြန်မာအလုပ်သမား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ က နှိပ်စက်ညှင်းပန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထိုင်းအစိုးရကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2014-10-08
အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အာရှသတင်း မြင်ကွင်းစုံ” အစီအစဉ်ကို ထုတ် လွှင့်ပေးမှာပါ။ အိမ်နီးချင်း အာရှဒေသနိုင်ငံတွေမှာ တစ်ပတ်အတွင်းဖြစ်ပွားခဲ့တဲ့ ထူးခြားတဲ့သတင်းတွေ ကို RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-10-08
ရှမ်းနိုင်ငံရေးပါတီ ၂ ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA)၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) နဲ့ စိန်ကျော့ပြည်သူ့စစ်အဖွဲ့က ခေါင်းဆောင်တွေဟာ အောက်တိုဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။
2014-10-08
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တည်ထောင်တဲ့ ၂၅ နှစ် မြောက်အခမ်းအနားနဲ့ ကျဆုံးရဲဘော်တွေ ဂုဏ်ပြုတဲ့အခမ်းအနားတစ်ခုကို ကရင်ပြည်နယ် ဘားအံမြို့မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုဂျေက တင်ပြပေးမှာပါ။
2014-10-08
အောက်တိုဘာလ ၇ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ရဲ့အမိန်နဲ့ တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေက အကျဉ်းသား ၃ဝ၇၃ ဦးကို ပြစ်ဒဏ်က လွတ်ငြိမ်းသက်သာခွင့် ပေးပြီး လွှတ်ပေးလိုက် ပါတယ်။ RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြပေးမှာပါ။
2014-10-07
မြန်မာနိုင်ငံရှိ မြို့ရွာအသီးသီး က ဈေးတွေ ကျောင်းတွေမှာ ရောင်းချနေတဲ့ တရုတ်မုန့်တွေဟာ ကလေးတွေ စားသောက်ဖို့ မသင့်ကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။
2014-10-07
ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံ ထားရတဲ့ လယ်ယာမြေတွေထဲ ဝင်ရောက် ထွန်ယက်မှုနဲ့ တရားစွဲခံထားရတဲ့ လယ်သမား ငါးဦးအမှုအတွက် ပြည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ သဲကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်တို့ကို သက်သေအဖြစ် စစ်ဆေးပေးဖို့ လယ်သမားတွေဖက်က တင်ပြတာကို သဲကုန်းမြို့နယ် တရားရုံးက ဒီနေ့ ပယ်ချခဲ့ပါတယ်။
2014-10-07
ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ဗြိတိသျှ ခရီးသွားနှစ်ယောက်ကိုသတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်အပေါ် ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ခြိမ်းခြောက်အကြပ်ကိုင် အနိုင် အထက်ပြုပြီး အဓမ္မ ဝန်ခံခိုင်းခဲ့တာမျိုးမရှိခဲ့ကြောင်း ထိုင်းရဲချုပ်က မနေ့က ခုခံကာကွယ်ပြောဆိုခဲ့ပါတယ်။
2014-10-07
အလုပ်သမားတွေကို နစ်နာကြေးမပေးပဲ စက်ရုံပိတ်လိုက်တဲ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် (၃) က Master Sports ဖိနပ်စက်ရုံပိုင်ပစ္စည်းတွေကို လေလံဆွဲဖို့ ဒီကနေ့ အထိ ကြိုတင်ငွေ ကျပ်သိန်း ၁၀၀ စီ ပေးသွင်းထားတဲ့ လုပ်ငန်းရှင်အယောက် ၅၀ ရှိတယ်လို့ သိရပါတယ်။
2014-10-07
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကြား အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ဖြစ်ပေါ် လာမယ့် နိုင်ငံရေးဆွဲနွေးပွဲတွေမှာ နိုင်ငံရေး မူဘောင်တစ်ခု တင်ပြနိုင်ဖို့အတွက် NLD အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နိုင်ငံရေးမူဘောင်ရေးဆွဲဖို့ စတင်ဆွေးနွေးနေကြပါပြီ။
2014-10-07
ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ မြန်မာ့ပင်လယ်ပြင်ကို မုန်တိုင်းငယ်တခု ဖြတ်သန်းတိုက်ခတ်နိုင် တဲ့အတွက် ရေလမ်းခရီးသွားလာနေသူတွေအနေနဲ့ သတိထားဖို့ လိုအပ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။
2014-10-07
ဒီကနေ့ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီး မှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသားတွေ အပါအဝင် အကျဉ်းသား သုံးထောင်ကျော်ကို နိုင်ငံတော်သမ္မတအမိန့်နဲ့ လွှတ်ပေးလိုက်ပါတယ်။
2014-10-07
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် စိန်တောင်ကြီး မြတောင်ကြီးကျေးရွာနဲ့ ၁ ဖာလုံအကွာ ဧရာဝတီမြစ်ဘေး မှာ ပေါ်ထွန်းနေတဲ့ မြေနုကျွန်းမှာ စိုက်ပျိုးခွင့်ရရှိရေးအတွက် ရွာသူ၊ ရွာသားတွေက ဟင်္သာတမြို့မှာ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-10-07
ခါကာဘိုရာဇီတောင်ကနေ ပြန်အဆင်း မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ရင်း အဆက် အသွယ်ပြတ်တောက်ပျောက်ဆုံးနေတဲ့ ထိုင်း B4 ရဟတ် ယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၃ ဦးနဲ့ ဒီနေ့ညနေပိုင်းမှာ အဆက်အသွယ် ပြန်လည်ရရှိခဲ့ကြောင်း ထူးဖောင်ဒေးရှင်း တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
2014-10-07
ထိုင်းနိုင်ငံ ခိုထောင်းကျွန်း (ခေါ်) လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးချက် အစီရင် ခံစာကို ဆမွေမြို့နယ် တရားစီရင်ရေး ရဲအထူးတပ်ဖွဲ့ရုံးကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့မှာ တင်သွင်းလိုက်ပါတယ်။