သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-09
ပြီးခဲ့တဲ့ ၂ ရက်အတွင်း အကျဉ်းထောင်တချို့မှာ အကျဉ်းသားတွေ ဆူပူခဲ့ကြတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ နိုင်ငံတော် သမ္မတရုံးက ကြေညာချက်တစောင် မနေ့ညနေက ထုတ်ပြန် လိုက်ပါတယ်။
2019-05-09
မြန်မာ့ကဗျာနဲ့ စာပေလောကမှာ လူအများလေးစားကြည်ညိုခံရပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရှင်သန်နေထိုင်သွားခဲ့တဲ့ ကွယ်လွန်သူကဗျာဆရာကြီး ဒဂုန်တာရာကို မေလ ၁ဝ ရက်နေ့မှာ မွေးဖွားခဲ့တဲ့အတွက် ဒီနေ့ဟာ သူ့ရဲ့ မွေးနေ့ရာပြည့်ဖြစ်ပါတယ်။
2019-05-09
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်မကုန်ခင် မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးလိုအပ်ချက်ကို ၅ဝ ရာခိုင်နှုန်း အထိ ဖြည့်ဆည်းပေးဖို့ မျှော်မှန်းထားပြီး နောက် ၃ နှစ်အတွင်းမှာ အပြည့်အဝရရှိဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
2019-05-09
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်အသင်းအဖွဲ့တွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အတွေ့အကြုံရှိ ပညာရှင်တွေနဲ့ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2019-05-09
နိုင်ငံတော်သမ္မတက နှစ်လအတွင်း လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်ပေးအပြီးမှာ အကျဉ်းထောင်ခြောက်ခုလောက်မှာ အကျဉ်းသားတွေက တူညီတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြတာတွေ ဖြစ်ပေါ်လာပါတယ်။
2019-05-09
NLD ပါတီ ဦးဆောင်တဲ့ အစိုးရရဲ့ သုံးနှစ်မြောက်ကာလ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီကနေ့စတင်ကျင်းပပါတယ်။
2019-05-09
လူသေဆုံးမှုအထိရှိခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်ဆူပူမှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး ထောင်တွင်းဆူပူမှု ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ တပြိုင်နက်တည်း ထုတ်လွှင့်တာတွေကိုလည်း ထောင်ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။
2019-05-09
ရိုက်တာသတင်းထောက် ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ ပြန်လည်လွတ်မြောက်လာခဲ့ကြပေမယ့် ဖိနှိပ်တဲ့ဥပဒေမျိုးတွေ သတင်းမီဒီယာအပေါ် ဆက်လက်သုံးစွဲနေသမျှ မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ ဆက်လက် ခြိမ်းခြောက်ခံနေရဦးမှာပါလို့ သတင်းသမားတွေကဆိုပါတယ်။
2019-05-09
သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဟာ မမျှတဘူးဆိုပြီး ရွှေဘို၊ ကလေး (မော်လိုက်)၊ သာယာဝတီ၊ မြစ်ကြီးနား၊ ဘားအံ (တောင်ကလေး)၊ ပုသိမ် စတဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားတွေ ဆူပူဆန္ဒပြတောင်းဆိုမှုတွေရှိနေပါတယ်။
2019-05-09
မေလ ၈ ရက်နေ့ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်ရင်း ပြေးလမ်းချော်သွားခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
2019-05-09
ရန်ကုန်မြို့မှာ အလှည့်ကျစနစ်နဲ့ မီးပေးနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လာမယ့် ဇွန်လလယ်မှာ အဆင်ပြေနိုင်မယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး က ပြောလိုက်ပါတယ်။
2019-05-09
နိုင်ငံတော်သမ္မတက ၂ လအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ်ပေးအပြီးမှာ အကျဉ်းထောင် ၆ ခုလောက်မှာ အကျဉ်းသားတွေက တူညီတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
2019-05-09
ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ ဒီနေ့မနက် ၅ နာရီဝန်းကျင်ခန့်ကစပြီး အကျဉ်းသားတွေက တန်းတူညီမျှ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အပါအဝင် အချက် ၄ ချက်ကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-05-09
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာဟာ ဒီကနေ့ ညပိုင်းလောက်မှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ပြောပါတယ်။
2019-05-09
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ နိုင်ငံပေါင်းစုံက သံရုံးတွေဟာ မေလရောက်တိုင်း PassportDC လို့ခေါ်တဲ့ အစီအစဉ်ကို ကျင်းပလေ့ရှိပါတယ်။ ဒီအစီအစဉ်ဟာ နိုင်ငံပေါင်းစုံ သံရုံးအသီးသီးက သံရုံးတံခါးတွေကို အများပြည်သူကို ဖွင့်ပေးပြီး၊ စိတ်ဝင်စားလို့ လေ့လာချင်သူတွေကို သံရုံးအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။