သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-06
ရှမ်းပြည်မြောက်ပိုင်း နန့်ခမ်းမြို့မှာ စာရေးဆရာ ခိုင်ထူးသစ်နဲ့ အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ဝန်ထမ်း နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်က အဖမ်းခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2022-02-05
မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ရှားလှရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ကိုးယောက် သေဆုံး ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-02-05
စစ်တပ်က အာဏာသိမ်းခဲ့ပြန်ပြီးတဲ့နောက်၊ နိုင်ငံတဝှမ်း အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ လွှမ်းခြုံလာခဲ့ပါတယ်။
2022-02-05
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မီးတပ်ကျေးရွာရဲ့ အရှေ့မြောက်ဖက်မှာ ရခိုင့်တပ်တော် ULA/ AA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီလ ၄ ရက်နေ့က ၁ နာရီနီးပါးကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရခိုင့်တပ်တော် AA တပ်သားတစ်ဦး ကျဆုံးခဲ့တယ်လို့ ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခက RFA ကိုပြောပါတယ်။
2022-02-05
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် မာထောအုပ်စု တဒွံခို့ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် ရွာခံနှစ်ဦး သေဆုံးပြီး အသက် ၇ နှစ်အရွယ် ကလေးအပါအဝင် ခြောက်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ရဲ့ လက်ထောက်မန်နေဂျာ စောလေးက ပေါ်က RFA ကို ပြောပါတယ်။
2022-02-05
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က လှော်ကားရွာနဲ့ ကိုင်းတွင်းရွာမှာ နေအိမ်အလုံးပေါင်း ၇ဝဝ နီးပါး မီးရှို့ခံလိုက်ရပါတယ်။
2022-02-05
ကနီမြို့နယ်၊ ဝင်းမနားရဲစခန်းကို ဖေဖော်ဝါရီ ၄ ရက် မနေ့ညက ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဝင်တိုက်ခိုက်ခဲ့ပါတယ်။
2022-02-05
စစ်အဏာရှင်စနစ် ပပျောက်သွားအောင် စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းတိုက်ခိုက်မယ်လို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားပါတယ်။
2022-02-05
ကချင်လွတ်လပ်ရေး တပ်မတော် (KIA\KIO) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ AA၊ MNDAA နဲ့ TNLA တပ်မတော်တို့က ကြေညာလိုက်ပါတယ်။
2022-02-05
ထားဝယ်မြို့က တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုစိုင်းမင်းသူ (ခ) ဖွိုင်ဝမ်းကို စစ်ကောင်စီကနေ ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ပါတယ်။
2022-02-05
ဒီအပတ် RFA စကားဝိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာက မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ အာဏာခွဲဝေရေး ပြောဆိုမှု၊ ICJ နိုင်ငံတကာတရားရုံးမှာ ယခင် NLD အစိုးရလက်ထက်က လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကနဦး ကန့်ကွက်မှုအားလုံးကို NUG အစိုးရက ပြန်လည်ရုပ်သိမ်းမှု၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ခွင့်မရရှိတဲ့ ကိစ္စအပါအဝင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးထားပါတယ်။
2022-02-05
ပခုက္ကူမြို့ အင်းဝဘဏ်ရှေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပခုက္ကူ ပြည်သူ့ ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ပါတယ်။
2022-02-05
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်မြို့က ကုန်တိုက်တွေနဲ့ ဈေးဝယ်စင်တာတွေမှာ စျေးဝယ်သူတွေ သိသိသာသာ နည်းပါးသွားခဲ့ပါတယ်။
2022-02-04
စစ်အာဏာသိမ်းမှုကြောင့် ပညာအခွင့်အလမ်း ဆုံးရှုံးခဲ့ရတဲ့ လွတ်မြောက်နယ်မြေတွေက လူငယ်တွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို ရင်ဆိုင်နေရပေမဲ့ ရောက်ရာ အရပ်မှာ ပညာလေ့လာရင်း အခက်အခဲတွေ ကျော်ဖြတ်နေကြပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က စစ်အာဏာရှင်ကို အပြီးတိုင်ချေမှုန်းမှ သူတို့တွေရဲ့ အိပ်မက်တွေ၊ လူငယ်တွေအားလုံးရဲ့ အနာဂတ်တွေ လှပနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ R
2022-02-04
မီးရှို့ခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး နေအိမ်အလုံးပေါင်း ၁၄၀၀ ကျော်၊ ဒုတိယအများဆုံးက ချင်းပြည်နယ် ဖြစ်ပြီး နေအိမ်အလုံးပေါင်း ၉၇၆ လုံး၊ မကွေးတိုင်းမှာ ၅၈၅ လုံး၊ ကယားပြည်နယ်မှာ ၃၀၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။