သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-02
စစ်ကောင်စီလက်ထက်မှာ တိုင်းပြည်မတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာလို့ အမျိုးသမီးတွေအပြင် ဆံပင်အရှည်ထားတဲ့ အမျိုးသားတွေပါ ဖြတ်ရောင်းနေရပါတယ်။
2023-02-02
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ NLD ပါတီဥက္ကဋ္ဌ ဦးအောင်ဌေးဦးကို ဇန်နဝါရီ ၃၁ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-02
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ညောင်ပင်သာကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-02
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆိပ်ကမ်းအနီးမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် ညပိုင်းက မလေးရှားနိုင်ငံကို စက်လှေနဲ့ထွက်ခွာဖို့ကြိုးစားကြတဲ့ ရိုဟင်ဂျာ ၃၆ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်တွေမြို့ခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2023-02-01
တရားမဝင်ဖွဲ့စည်းထားတဲ့ မြန်မာစစ်ကောင်စီဟာ ရှရုားနိုင်ငံခြားရေးဝန်ကြီးကို ကော်ဇောနီခင်း ကြိုခဲ့တာကိုကြည့်ရင် မသူတော်အချင်းချင်း အသိမှတ်ပြုပေါင်းစည်းနေကြတဲ့သဘောမြင်ရတယ်လို့လည်း မစ်ချ် မက်ကော်နယ်က ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။
2023-02-01
နိုင်ငံတော်သမ္မတက ခေါ်ခွင့်ရှိတဲ့ ကာလုံအစည်းအဝေးကို နိုင်ငံတော်သမ္မတကို ဖမ်းဆီးပြီး အခုလို လုပ်ဆောင်တာဟာ သူတို့ ရေးဆွဲထားတဲ့ ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေတာသာ ဖြစ်တယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
2023-02-01
မြန်မာစစ်ကောင်စီ လက်နက်ရရှိနေတာ ပိုပြီးခက်ခဲလာအောင် ပိုမိုတင်းတင်းကျပ်ကျပ် အရေးယူဒဏ်ခတ်ပိတ်ဆို့နိုင်အောင် ဆက်လက်နည်းလမ်းရှာမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet က ပြောကြားလိုက်ပါတယ်။
2023-02-01
စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်ပြည့်တဲ့အချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ရှုတ်ချကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ပြန်ရဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးက ထုတ်ပြန်ပြောဆိုခဲ့ကြပါတယ်။
2023-02-01
အမေရိကန်အစိုးရအနေနဲ့ Burma Act လို ဥပဒေတွေ ပြဋ္ဌာန်းပြီး မြန်မာပြည်သူတွေကို ကူညီပေးဖို့၊ စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းထပ်တိုးချမှတ်ဖို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
2023-02-01
ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ သူရထားတဲ့အခွင့်အရေးကို အသုံးချပြီး မြန်မာစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဖို့ တောင်းဆိုခဲ့သလို မြန်မာပြည်သူတွေရဲ့ တောင်းဆိုသံတွေကို နိုင်ငံတကာသိအောင် လုပ်ပေးနိုင်ခဲ့တာကြောင့် အမည်စာရင်းတင်သွင်းလိုက်တာလို့ PRIO အဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
2023-02-01
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ ဒီလ ၃ ရက်နဲ့ ၄ ရက်မှာ ၃၂ ကြိမ်မြောက် အာဆီယံညှိနှိုင်းရေးကောင်စီနဲ့ ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်ဖို့ ရှိပါတယ်။
2023-02-01
ဒီမိုကရေစီလမ်းကြောင်းကို အင်ဒိုနီးရှားက ဘယ်လိုအောင်အောင်မြင်မြင် အသွင်ကူးပြောင်းခဲ့တယ်ဆိုတာ မြန်မာစစ်ခေါင်းဆောင်တွေကို ပြသဖို့ မျှော်လင့်ချက်နဲ့ စီစဉ်တာလို့ ပြောပါတယ်။
2023-02-01
စစ်ကောင်စီက အာဏာသိမ်းနှစ်နှစ်ပြည့် ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒုတိယဝန်ကြီးချုပ်ငါးဦးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်းကြေညာလိုက်ပါတယ်။
2023-02-01
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရာပေါင်းများစွာက ဘန်ကောက်မြို့ ကုလသမဂ္ဂအဆောက်အဦးရှေ့ကို သွားရောက်စုဝေးပြီး စစ်ကောင်စီကို လက်မခံကြောင်းနဲ့ ထိရောက်စွာအရေးယူဖို့လိုကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
2023-02-01
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၄၁၉ အရ ကာကွယ်ရေးဦးစီးချုပ်ထံကို နိုင်ငံတော်အာဏာကို ထပ်မံအပ်နှံတယ်လို့ ကာ/လုံအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။