သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-04
လက်ရှိအခြေအနေမှာ စစ်ကောင်စီနဲ့ ဘယ်လိုဆွေးနွေးမလဲ၊ ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်နဲ့ CDM မှာ ပါဝင်တဲ့ လူငယ်တွေရဲ့ ပညာရေး စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။။
2022-02-04
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစလို့ ပြည်တွင်းနိုင်ငံရေး မတည်မငြိမ်အကြပ်ဆိုက်ခဲ့ရပြီး ပြည်တွင်းတရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုလည်း မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ဒီသီတင်းပတ် အတွင်း ပြောလိုက်ပါတယ်။
2022-02-04
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်တွေအရ တိုင်းနဲ့ပြည်နယ်အသီးသီးက နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေ့စဉ်ကျဆုံးမှုတွေ ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လကနေ အခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ စာရင်းတွေကို တွက်ကြည့်မယ်ဆိုရင် သေဆုံးသူ ၆၀၀၀ နီးပါးရှိနေပါပြီ။ ဒီကျဆုံးမှုတွေအရ တပ်ရဲ့ဖွဲ့စည်းပုံကို ထိခိုက်နေပြီလို့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ တပ်မတော်အရာရှိတွေက သုံးသပ်ကြပါတယ်။
2022-02-04
ဒီစစ်ရေးလေ့ကျင့်မှုတွေကို မြန်မာနယ်စပ်အနီးမှာ ပြုလုပ်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ထိုင်းပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနာတာပိုလ်နဲ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတာဝန်ခံ မိုက်ကယ်ဟက် တို့က သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုသွားကြပါတယ်။
2022-02-04
မကွေးတိုင်း၊ ဆောမြို့မှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ် ပစ်ခတ်မှုဖြစ်ပွားပြီး ရုံးဌာန ကိုးခု မီးလောင်ပျက်စီးခဲ့ပါတယ်။
2022-02-04
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို နေပြည်တော်က အထူးတရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အရာရှိရဲ့ စွပ်စွဲချက်တချို့ကို အကျိုးဆောင်ရှေ့နေတွေက ကန့်ကွက်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-02-04
"နိုင်ငံခြားရန်ကို ကာကွယ်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ ပြည်တွင်းရန်ကို အဓိကထား ကာကွယ်ဖို့ ဒီစစ်မှုထမ်း ဥပဒေကိုလုပ်နေတာ" လို့ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM လုပ်နေတဲ့ ဗိုလ်ကြီး လင်းထက်အောင်ကပြောပါတယ်။
2022-02-04
KNU တပ်မဟာ (၅) နယ်မြေမှာ စစ်တပ်အုပ်ချုပ်ရေး ယန္တရားမလည်ပတ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ဒီဒေသရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
2022-02-04
ရန်ကုန်၊ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၁၅၀ နီးပါး စစ်အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့ထိ လေးရက်ကြာ ထောင်အာဏာပိုင်တွေပေးတဲ့ ထမင်းဟင်းကိုမစားဘဲ ဆန့်ကျင် ဆန္ဒပြနေကြတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
2022-02-04
မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲကို စစ်ရဟတ်ယာဉ်သုံး တိုက်ခိုက်ပြီး နောက် လူ ၁၁ ဦးရဲ့အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။
2022-02-04
ပူတာအိုမြို့နယ် ဆွမ်ပီယာန်ရွာကို စစ်တပ်က မနေ့က လေကြောင်းသုံး တိုက်ခိုက်ခဲ့ရာ ရွာသား ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2022-02-04
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်ခံရသူ ၃၄၈ ဦးရှိပြီလို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2022-02-04
ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာမှာ လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ခံထားရတဲ့ ဒေသခံ ခြောက်ဦးရဲ့အလောင်းတွေ တွေ့ရှိရပါတယ်။
2022-02-04
စစ်ကိုင်းတိုင်း၊ မင်းတိုင်ပင်ရွာကို ဖေဖော်ဝါရီလ ၃ ရက် မနေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရွာသားသုံးဦး အသတ်ခံရသလို နေအိမ်တွေက အဖိုးတန်ပစ္စည်းတွေကိုလည်း ဒီနေ့အထိ ကားတွေနဲ့သယ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-02-03
ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ဗြိတိန်နိုင်ငံရဲ့တောင်းဆိုချက်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တံခါးပိတ် ဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။