သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-07
အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုရှိ တယ်လို့ ဝေဖန်ခံနေရတဲ့ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2015-07-07
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် တရားရုံးမှာ မိုးကုတ်မြို့ ရေပူဆရာတော် ဦးဣန္ဒကနဲ့ ဒကာ ၄ ဦးကို ဒီကနေ့ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2015-07-07
၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသအဖွဲ့ဝင်တွေက ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-07-07
သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူတွေထဲက အဝေးသင်ကျောင်း သူ ကျောင်းသားတွေနဲ့ ကျန်းမာရေးမကောင်းသူ စုစုပေါင်း ၁၅ ယောက်အတွက် အာမခံလျှောက်ထားရာမှာ သာယာ ဝတီခရိုင်တရားရုံးက ၁၁ ယောက်ကို အာမခံနဲ့ လာမယ့် ၁၄ ရက်နေ့မှာ လွှတ်ပေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2015-07-07
ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကရင်အမျိုး သားအကြိုညီလာခံကို ဇွန်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့ပါတယ်။
2015-07-07
နိုင်ငံရေးအကျဉ်းသားတွေ ၂၀၁၅ ရွေးကောက်ပွဲ အမှီပြန်လွှတ်ပေးဖို့ နိုင်ငံရေးလှုပ်ရှားသူ တဦးက မကွေးမြို့မှာ ဇူလိုင်လ ၄ ရက်နေ့ ပြီးခဲ့တဲ့ စနေနေ့က တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။
2015-07-07
ရွှေတိဂုံစေတီတော်အနီးမှာတည်ဆောက်မယ့် ဒဂုံစီးတီးအိမ်ရာစီမံကိန်းက ဆောက်လုပ်ဆဲလုပ်ငန်း တွေကို ရပ်ဆိုင်းပေးဖို့အတွက် တောင်းဆိုတဲ့ လက်မှတ်တွေကို မနက်ဖြန် ဇူလိုင်လ ၇ ရက်နေ့က စတင်ပြီး ကောက်ခံသွားမယ်လို့ ရွှေတိဂုံစေတီတော်ကာကွယ်စောင့် ရှောက်ရေးအဖွဲ့က ဒီနေ့ ဇူလိုင်လ ၆ ရက်နေ့က ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-07-07
အစိုးရက အဆိုပြုသတ်မှတ်လိုက်တဲ့ တစ်ရက် အနိမ့်ဆုံးလုပ်ခ ၃၆ဝဝ ကျပ်ကို မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က လက်ခံကြောင်း ဇူလိုင်လ ၅ ရက်နေ့ ရန်ကုန်မြို့လှိုင်သာယာ မြို့နယ်မှာ သတင်းစာရှင်းလင်းပွဲကျင်းပ ပြောကြားလိုက်ပါတယ်။
2015-07-07
ရှမ်းပြည်နယ် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု နာယာမကျေးရွာမှာရှိတဲ့ တရုတ်ရိုးရာသုံး စက္ကူစက်ရုံတွေက စွန့်ထုတ်လိုက်တဲ့ရေဆိုးတွေကြောင့် စက်ရုံဝန်းကျင်ကျေးရွာတွေက လယ်သမားတွေနဲ့ ဒေသခံတွေဟာ သောက်သုံးရေနဲ့စိုက်ပျိုးရေအတွက် အခက်ခဲဖြစ်နေကြရပါတယ်။
2015-07-07
ကယားပြည်နယ်က လွိုင်ကော်၊ အောင်ပန်း အဝေးပြေးကားလမ်းမကြီးဟာ ကျဉ်းလွန်းတာကြောင့် ကားကြီးတွေတစ်စီးနဲ့ တစ်စီး ရှောင်ဖို့ အခက်အခဲဖြစ်နေပြီး ကားသမားတွေသာမက ခရီးသွားတွေ အတွက်လည်း အခက်အခဲဖြစ်နေ ရှိနေပါတယ်။
2015-07-06
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အကျိုးကာကွယ်ပေးနိုင်ဖို့ အပါအဝင် မြန်မာနိုင်ငံကို သွားရောက်လိုသူတွေ ဗီဇာလျှောက်ရာမှာ ပိုမိုအဆင်ပြေနိုင် ဖို့ရည်ရွယ်ပြီး အခု ဇူလိုင်လကုန်ကစလို့ ထိုင်းနိုင်ငံမြောက် ပိုင်း ချင်းမိုင်မြို့မှာ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်မှာဖြစ် တယ်လို့ သိရပါတယ်။
2015-07-06
အနိမ့်ဆုံးလုပ်ခလစာ ၃၆၀၀ နှုန်းထား သတ်မှတ် ချက်ကို ကန့်ကွက်နေတဲ့ စက်မှုလုပ်ငန်းရှင်တွေ ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေ နဲ့ ပြန်လည်စိစစ်သုံးသပ်သင့်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန်သည်ကြီးများအသင်းရဲ့ တွဲဖက် အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။
2015-07-06
အနည်းဆုံး လုပ်အားခ ၃၆၀၀ ကျပ်ကို အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ထောက်ခံတယ်လို့ ပြောဆိုလိုက်ချိန်မှာ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများကွန်ရက်က အနိမ့်ဆုံးလုပ်ခလစာ ၄၀၀၀ ကျပ်ရရှိရေးအတွက် လမ်းလျှောက်ချီတက်ဆန္ဒပြမယ်လို့ ကြေညာလိုက်ပါတယ်။
2015-07-06
နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအရ တရားစွဲ အမှုရင်ဆိုင်နေရသူတွေကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ လွှတ်ပေးဖို့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဒီကနေ့ နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံစာပေးပို့လိုက် ပါတယ်။
2015-07-06
ရွှေတိဂုံစေတီတော်အနီးမှာ တည်ဆောက် မယ့် ဒဂုံစီးတီးအိမ်ရာစီမံကိန်းက ဆောက် လုပ်ဆဲလုပ်ငန်းတွေကို ဇူလိုင်လ၂၆ ရက်နေ့ နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက် ပါတယ်။