သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-06
ဖမ်းဆီးခံရသူတွေအထဲမှာ MPA သတင်းဌာနက ရုပ်သံသတင်းထောက် မမှူးရတနာ ခက်မို့မို့ထွန်းနဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း တို့ပါဝင်ပါတယ်။ သူတို့ဟာ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပေမဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တွေ့ခွင့်မရသေးဘူးလို့ MPA သတင်းဌာန တည်ထောင်သူ ဂျေပိုင် က RFA ကို ပြောပါတယ်။
2021-12-06
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ဒီနေ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် လေးနှစ်စီ အသီးသီး ချမှတ်လိုက်ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ကို ထောင်ဒဏ် နှစ်နှစ်ချလိုက်ပါတယ်။
2021-12-06
စစ်ကိုင်းတိုင်း ကလေးမြို့မှာ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက Kalay Police Service (ရဲအဖွဲ့) ဆိုပြီး ဒီဇင်ဘာ ၆ ရက် ဒီနေ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။
2021-12-06
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ကျင်ဆန်းကျော့ဂိတ်ကနေ တရုတ်နိုင်ငံဘက် ကုန်စည်တင်ပို့ရာမှာ အချိန်တွေ ကြန့်ကြာနေလို့ ဖရဲသီးတွေ ပျက်စီးကုန်တယ်လို့ သစ်သီးကုန်သည်တွေက ပြောပါတယ်။
2021-12-06
ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် အာဏာယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံသွားမယ်လို့ ဒီနေ့ပြောလိုက်ပါတယ်။
2021-12-06
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်ထဲက ဆန္ဒပြသူတွေကို စစ်ကားနဲ့တိုက် ဖမ်း ဆီးခဲ့တဲ့ဖြစ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ နေရာ ၄ နေရာမှာ ဒီဇင်ဘာ ၅ ရက် မနေ့က လက်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2021-12-06
တရားဝင်လိုင်စင်မရှိတဲ့ ပရဟိတအသင်းတွေနဲ့ အရေးပေါ်လူနာတင်ယဉ်တွေကို ဆက်လက်လုပ်ကိုင်ခွင့် မပြုတော့တဲ့ အမိန့်စာကို နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
2021-12-06
ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီဇင်ဘာ ၅ ရက် မနေ့က သားအမိနှစ်ဦး နေအိမ်ရှေ့ မှာရှိနေစဉ် မိုင်းနင်းမိလို့ မိခင်ဖြစ်သူ သေဆုံးပြီး လေးနှစ်အရွယ် သမီးဖြစ်သူ ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-06
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့မှာ ဒီဇင်ဘာ ၆ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး အိမ်စီးကားသုံးစီး ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-05
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ မနေ့က ဆန္ဒပြသူတွေကို စစ်ကားနဲ့တိုက်ပြီး သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုဟာ လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံရုံးက ညှိနှိုင်းဆောင်ရွက်ရေးမှူး Ramanathan Balakrishnan က မနေ့ကပဲ ကြေညာချက် ထုတ်ပါတယ်။
2021-12-05
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ လူငယ်သပိတ် စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကားနဲ့ ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။
2021-12-05
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ဒီဇင်ဘာ ၅ ရက် ဒီနေ့ မနက်က ဆန္ဒပြလူငယ်တွေ ကားနဲ့တိုက် ဖြိုခွင်းခံခဲ့ရပြီးနောက် ဗုံးပေါက်ကွဲခဲ့ရာမှာ သုံးယောက် ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-05
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကတစ်ဦးလည်းဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ သူရ ဦးတင်ဦးထံ လက်ရှိ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၅ ရက် ဒီနေ့မနက်က နာရီဝက်ခန့်ကြာ လာရောက်တွေ့ဆုံခဲ့တယ်လို့ NLD နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-05
ဖုန်းခေါ်ဆိုခနဲ့ အင်တာနက်သုံးစွဲခနှုန်းထားတွေ တိုးမြှင့်သတ်မှတ်မယ်ဆိုရင် ဖုန်းအော်ပရေတာတွေကို စစ်ကောင်စီရဲ့ လက်ပါးစေတွေအဖြစ် သတ်မှတ်ပြီး တာဝါတိုင်တွေ ဖျက်ဆီးမယ်လို့ AREA 21 Revolution Network က ဒီဇင်ဘာလ ၅ ရက် ဒီနေ့ ထုတ်ပြန်ကြေညာ ပါတယ်။
2021-12-04
စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာလ ၁၁ ရက်ကနေ ဒီဇင်ဘာ ၄ ရက် မနေ့က အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း ကလေးမြို့နယ်ထဲက ဒေသခံ ၂၆ ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်အဖွဲ့က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။