သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-04
ရှမ်းပြည်နယ်၊ လားရှိုး-သိန္နီလမ်းပိုင်းပေါ်မှာ ရှိတဲ့ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း တွင်းမှာ မနေ့ညက လက်လုပ် မိုင်းတစ် လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်းတစ်လုံး ကို ဒီနေ့မနက်မှာ တွေ့ရှိခဲ့ပါတယ်။
2017-06-04
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ တဝိုက်က တရားမဝင်ရွှေတူးဖော်ရေးလုပ် ငန်းတွေကနေထွက်လာတဲ့စွန့်ပစ်သဲနှုန်းမြေစာတွေ အင်းတော်ကြီးအိုင်ထဲ စီးဆင်းဝင်ရောက်မှုဟာ ဒီနှစ်မှာ အများဆုံးဖြစ်တာကြောင့် အင်းတော်ကြီးအိုင်ကို ထိခိုက်မှု အဆိုးဆုံးဖြစ်နေတယ်လို့ ဒေသခံလွှတ်တော် ကိုယ်စားလှယ် က ပြောပါတယ်။
2017-06-04
ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ ဆက်စပ်ပြီး ရဲကအလိုရှိနေတဲ့ ထိုင်းအမျိုးသမီး ၃ ဦးကို မနေ့ညနေပိုင်း ဇွန်လ ၃ ရက်နေ့က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံ တာဝန်ရှိသူတွေထံကို ည ၉ နာရီကျော်မှာ ထိုင်း မြန်မာ နယ်ခြားကော်မတီကနေတဆင့် လွဲပြောင်းပေး ခဲ့ပါတယ်။
2017-06-04
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်က လယ်သမားတွေ၊ လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ သွားရောက်တွေ့ဆုံမယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။
2017-06-04
၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ အစိုးရကသိမ်း ဆည်းထားပြီး အသုံးမပြုတဲ့လယ် ယာမြေတွေကို သက်ဆိုင်ရာ တောင်သူလယ်သမားတွေ ကို ပြန်လည်ပေးအပ်သွားမယ်လို့ အင်န်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
2017-06-04
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ အနီးတဝိုက်က စက်ရုံတွေ၊ ဆောက် လုပ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေ ကြတဲ့ မြန်မာနိုင်ငံသား ၄၀၀ ကျော် အခုရက်ပိုင်း ၄ ရက် အတွင်းမှာ ဖမ်းဆီးခံရပါတယ်။
2017-06-04
ကျောင်းအုပ်ချုပ်မှုစနစ်ကို ဆန္ဒပြခဲ့ တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး ကျောင်းထုတ် ခံထားရတဲ့ စစ်ကိုင်းပညာရေးကောလိပ် က ကျောင်းသား ကိုဇော်ရဲထွဋ်ကို ကျောင်းပြန်တက်ခွင့်ပေး ဖို့အတွက် ပညာရေးစနစ် ပြုပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER က တောင်းဆိုလိုက်ပါတယ်။
2017-06-04
The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ နဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ဖမ်းဆီးထားတဲ့ အမှုအတွက် ဗဟန်းမြို့နယ်တရားရုံးက ရုံးပိတ်ရက် စနေနေ့မှာ ရမန်ပေးခဲ့တာဟာ ဥပဒေနဲ့ ညီညွတ်ခြင်း ရှိမရှိကို မနက်ဖြန် အနောက်ပိုင်း ခရိုင်တရား ရုံးမှာ တင်ပြမေးမြန်းသွားမယ်လို့ ဖမ်းဆီးခံထားရသူတွေ ရဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
2017-06-03
ရန်ကုန်မြို့ ဗဟန်းမြို့နယ်တရားရုံးမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့် အဖမ်းဆီးခံနေရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ကို ဆက်လက်ဖမ်းချုပ်ထားဖု့ိအတွက် ရုံးပိတ်ရက်ဖြစ်တဲ့ ဒီကနေ့ စနေနေ့မှာပဲ ဗဟန်းမြို့နယ် တရားရုံးကနေ ချုပ်ရမန် ပေးလိုက်ပါတယ်။
2017-06-03
ဇွန်လ ၃ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ" ဝန်ထမ်းများနဲ့ အဂတိလိုက်စားမှု၊ ဘယ်လိုဖြေ ရှင်းနိုင်မလဲ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးသန်းနိုင်ဦး (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်) က ပင်တိုင်ဆွေးနွေးမှာ ဖြစ် ပါတယ်။
2017-06-03
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ပြီး ကုသမှုခံယူနေရတဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ညနေပိုင်းမှာ လာရောက်ကြည့်ရှု သတင်းမေးခဲ့ ပါတယ်။
2017-06-03
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ဒေသတွေမှာ အခုလကုန်ပိုင်းလောက် ကျင်းပနိုင်ဖို့အတွက် ပြည်ထောင် စုငြိမ်းချမ်းရေး ကော်မရှင်က ပြင်ဆင်နေပါတယ်။
2017-06-03
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ အကြမ်းဖက်စစ်သင်တန်း တက်ရောက်ခဲ့ သူတွေကို နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေ က ဖမ်းဆီးရမိခဲ့ပါတယ်။
2017-06-03
ရန်ကုန်မြိ့ ဗဟန်းမြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အဖမ်းခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါး ရှင် ဗြိတိသျှကိုကိုမောင်တို့ကို ရဲတပ်ဖွဲ့က ဆက်လက် ဖမ်းဆီးထားဖို့အတွက် ရုံးပိတ်ရက်ဖြစ်တဲ့ ဒီကနေ့ စနေနေ့မှာပဲ ချုပ်ရမန်ယူလိုက်တယ်လို့ ဖမ်းဆီးခံ ထားရသူတွေရဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ပြော ပါတယ်။
2017-06-03
ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်မတော် နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေ နေ့တိုင်းနီးပါး တိုက် ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ TNLA က ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြော ပါတယ်။