သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-04
မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များ အသင်းချုပ်က ရေဘေးဒဏ်ကြောင့် ပြည်ပ ကို ဆန်တင်ပို့မှု တစ်လခွဲကြာ ရပ်ဆိုင်း ထားရာကနေ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ မှာ ပြန်လည်တင်ပို့ခွင့်ပြုမှာ ဖြစ်ပါတယ်။
2015-09-04
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရေဘေးဒဏ်ခံရတဲ့အတွက် ဆက်လက်နေထိုင်လို့မရတော့တဲ့ ကလေးမြို့နယ်နဲ့ တမူးမြို့နယ်က ကျေးရွာပေါင်း ၂ဝ နီးပါးကို နေ ရာပြောင်းရွှေ့ချထားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပြောပါတယ်။
2015-09-04
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်နဲ့ ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက ပယ်ချထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၅ ဦးက အယူခံဝင်ရာမှာ အဲ့ဒီထဲက ၄ ဦးကို ပြည်နယ်ကော်မရှင်က ဒီနေ့ ရွေးကောက်ပွဲ ဝင်ခွင့်ပြုလိုက်ပါတယ်။
2015-09-04
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မှာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးဖို့ တိုက်တွန်းထားတဲ့ ထီး၊ ယပ်တောင်နဲ့ ကျောင်းသုံးပရိဘော ဂတွေကို ကျေးရွာတချို့မှာ ဒီကနေ့ လိုက်လံဝေငှခဲ့ပါတယ်။
2015-09-04
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးမှသာ မိမိအနေနဲ့ အသိ သက်သေအဖြစ် လက်မှတ်ထိုးမယ်လို့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး က ဒီနေ့ ပြောပါတယ်။
2015-09-04
လာမယ့်နိုဝင်ဘာလမှာ မြန်မာအစိုးရအနေနဲ့ UPR လို့ခေါ်တဲ့ လေးနှစ်တစ်ကြိမ် လူ့အခွင့်အရေး အခြေနေပြ အစီရင်ခံစာကို ကုလသမဂ္ဂကို တင်ပြရမှာဖြစ်ပါတယ်။ အစိုးရရဲ့ အစီရင်ခံစာအပေါ် အကြံပြုချက်တွေပေးနိုင်ဖို့ ညီမျှခြင်းမြန်မာ Equality Myanmar အဖွဲ့က ဦးဆောင်ပြီး ဆွေးနွေးပွဲတစ်ခု ကို ရန်ကုန်မြို့ Best Western Chinatown Hotel မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
2015-09-04
လာမယ့် ပြည်လုံးကျွတ်ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ - ယာယီကို အဖွဲ့ဝင် ၂၉ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းတော့မယ်လို့ သိရပါတယ်။ အဲဒီမှာ လွှတ်တော်နှစ်ရပ်ကအဆိုပြုခဲ့တဲ့ ကိုယ်စားလှယ် နှစ်ဦးနဲ့ သမ္မတကအဆိုပြုတဲ့ ကိုယ်စားလှယ်တစ်ဦးလည်းပါဝင်ပြီး ဒီအတွက် နိုင်ငံရေးအရအဂတိနဲ့ ဘက်လိုက်မှုရှိလာမှာကို ပူပန်စရာမရှိပါဘူးလို့ စာနယ်ဇင်းကောင်စီ-ယာယီက ပြောပါတယ်။
2015-09-04
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကနေ မတူပီမြို့ကို ဆက်သွယ်ထားတဲ့ မော်တော်ကားလမ်းဟာ မိုင်ပေါင်း ၁၀၂ မိုင် ရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကစပြီး မိုးများတဲ့အတွက် တောင်ကျချောင်းရေတွေကြောင့် လမ်းတွေ ပျက်စီးနေပြီး သယ်ယူပို့ဆောင်ရေး ခက်ခဲနေပါတယ်။
2015-09-04
ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် အမှတ်တရ ကဗျာရွတ်ပွဲ အခမ်းအနားကို မန္တလေးမြို့ တောင်လေးလုံးကျောင်းတိုက်မှာ အထက်မြန်မာပြည်က ကဗျာဆရာတွေစုပေါင်းပြီး ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-09-04
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကြား နားလည် မှုလွဲမှားတာတွေကြောင့် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးတာတွေ ရှိနိုင်တယ်လို့ နိုင်ငံခြားရောက် မြန်မာတွေက ပြောပါတယ်။
2015-09-03
ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်တို့အတွက် သတ်မှတ်ထားတဲ့ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေ တာကြောင့် ခန္တီးမြို့ပေါ်ရပ်ကွက် ၂ခုက အိမ်ခြေ ၆၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
2015-09-03
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို သတင်းမီဒီယာသမားတွေ၊ ထုတ်ေ၀ သူတွေနဲ့ စာရေးဆရာတွေ အပါအဝင် အဖွဲ့ဝင် ၂၉ ဦးနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင် ခင် ပြင်ဆင်ဖွဲ့စည်းတော့မှာ ဖြစ်တယ်လို့ စာနယ်ဇင်းကောင် စီ(ယာယီ) တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
2015-09-03
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ လူ့အခွင့် အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်နဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ) ရွေးကောက်ပွဲကျင်းပခဲ့တဲ့ သမဂ္ဂအဖွဲ့ဝင် ၉ဦး ကို ကျောင်းစည်းကမ်းဖောက်ဖျက် မှုနဲ့ တက္ကသိုလ် ပါမောက္ခချုပ်က ခံဝန်လက်မှတ်ရေးထိုးခိုင်း ခဲ့ပါတယ်။
2015-09-03
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် တောင်ကြီး ခရိုင် အတွင်းရေးမှူး ဦးညီညီရွှေကို ငွေကြေးလိမ်လည်မှု နဲ့ တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်းက မနေ့ညက ဖမ်းဆီး လိုက်ပါတယ်။
2015-09-03
လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုပေးဖို့ ဒီမိုကရက်တစ် ပါတီ (မြန်မာ)က လာမယ့် စက်တင်ဘာလ ၆ရက်နေ့မှာ ရန်ကုန်မြို့ တာမွေမြို့နယ်က လူထုဟစ်တိုင်မှာ ဆန္ဒပြတောင်းဆိုမှာဖြစ်ပါတယ်။