သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-09
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှာရှိတဲ့ သစ်ပုံရွာက ဒေသခံတွေကို AA ကို ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးခိုင်းသလို AA အလိုမရှိဆိုတဲ့ စာသားကိုရေးပြီး နေအိမ်တွေမှာ ကပ်ထားကြဖို့လည်း စစ်ကောင်စီတပ်က ဖိအားပေးခိုင်းစေမှုတွေရှိနေတယ်လို့ ဒေသခံတွေက ဧပြီလ ၉ ရက်နေ့မှာ ပြောပါတယ်။
2024-04-09
တစ်လအတွင်း တစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဒေသခံ အယောက်နှစ်ရာ သေဆုံးခဲ့ပါတယ်။
2024-04-09
ဓမ္မသရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်လုပ်ဆောင်နေတာကြောင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်တွေ မီးထပ်လောင်နေတယ်လို့ ဒေသခံတွေက ဧပြီ ၉ ရက်မှာ ပြောပါတယ်။
2024-04-09
စစ်ကိုင်းတိုင်း ဟုမ္မလင်းနဲ့ ဖောင်းပြင်ကြားက စစ်ကောင်စီတပ်ရင်း နှစ်ရင်းနဲ့ စခန်းနှစ်ခုကို PDF ပူးပေါင်းတပ်တွေက ဧပြီလ ၇ ရက်နေ့က တိုက်ခိုက်သိမ်းယူစဉ် ပျူစောထီး တစ်ရာကျော် လက်နက်ချခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2024-04-09
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ လိပ်သောင်ရေကျော် ကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် ဦးမြင့်စိုးဟာ ထင်းခုတ်ရောင်းပြီး ဝမ်းရေးဖြေရှင်းနေရသူပါ။
2024-04-09
ကလေးမြို့မြောက်ပိုင်းက ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွားဆယ်ရွာခန့်က ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဧပြီလ ၉ ရက်နေ့မှာ ပြောပါတယ်။
2024-04-09
ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တော မြို့ချင်းဆက်ကားလမ်းက မေယုတောင်ကြားမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတာကြောင့် လူတစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2024-04-09
မိုးဗြဲမြို့မှာ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီ ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။
2024-04-09
မြန်မာ-လာအိုနယ်စပ်က လာအိုနိုင်ငံဘက်ခြမ်းမှာ ဧပြီ ၈ ရက်က တရားဝင်နေထိုင်ခွင့်ကတ်မရှိတဲ့ မြန်မာ တစ်ရာနီးပါးကို လာအို အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ လာအိုရောက် မြန်မာတွေက ပြောပါတယ်။
2024-04-08
မြင်းခြံမြို့နယ် ရသာနဲ့ တောပုရွာကို ဧပြီ ၈ ရက်မှာ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ ဝင်ရောက်စီးနင်းပြီး နေအိမ်တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-08
စစ်ကြောင်းဝင်လာချိန် မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေက ရွာထဲမှာပဲ သတ်ဖြတ်မီးရှို့ခံခဲ့ရသလို တချို့ကတော့ ဖမ်းဆီးပြီးမှ သတ်ဖြတ်ခံရတာလို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
2024-04-08
တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကို KIA က အပြီးသတ်သိမ်းယူစဉ် နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဆယ်ကျော်ဟာ ဧပြီလ ၈ ရက် ညပိုင်းက နယ်စပ်ဖြတ်ပြီး တရုတ်နိုင်ငံထဲ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-08
ရခိုင်ပြည်နယ်မြောက်ပိုင်းက လူပေါင်းနှစ်သောင်းခန့်ကို မတ် ၁၉ ရက်ကနေ ဧပြီ ၈ ရက်အတွင်း WFP က အရေးပေါ် စားနပ်ရိက္ခာဖြန့်ဝေနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလရုံးက မနေ့က ထုတ်ပြန်ပါတယ်။
2024-04-08
ဆီဆိုင်မြို့နယ် တွေပူးရွာမှာ ဧပြီ ၈ ရက်က လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
2024-04-08
စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ နိုင်ငံပြင်ပကို ထွက်ခွာနေကြပြီး တိုင်းတပါးမှာ ရရာအလုပ်တွေ လုပ်ကိုင်ရင်း စားဝတ်နေရေး ဖြေရှင်းနေကြရပါတယ်။