သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-07
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာအုပ်စုက ဒေသခံပလောင် တိုင်းရင်းသား ၃၀ နီးပါးကို ပြီးခဲ့တဲ့ ဇူလိုင် လ၂၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဟာ တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က အတည်ပြုပြောပါတယ်။
2016-08-07
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ ရင်ဆိုင်ရတဲ့ အခက် အခဲတွေနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တဲ့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့တာဝန်ရှိသူတွေကို ထိုင်းအာဏာပိုင်တွေ က ခေါ်ယူမေးမြန်းတာတွေ ရှိနေပါတယ်။
2016-08-06
လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် ဦးနေဝင်း ဦးဆောင်တဲ့ မ.ဆ.လ အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ပဲခူးမြို့က ကျောင်းသူ၊ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ၂၈ နှစ်ပြည့် အခမ်းအနားကို ပဲခူးမြို့ နာရီစင်အနီးက Green Social ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-08-06
ဒေါ်အောင်ဆန်းစုကြည်အပေါ် IS အစွန်းရောက် မွတ်စလင်အကြမ်းဖက်အဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်မယ့် သတင်းနဲ့ ပတ်သက်ပြီး မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ဝီရသူက မည်သည့် မြန်မာနိုင်ငံသားအပေါ်ခြိမ်းခြောက်မှု ကိုမျှ သူ့အနေနဲ့ လက်မခံနိုင်ကြောင်း၊ မဘသ အဖွဲ့ရဲ့လုပ်ဆောင်မှုတွေကြောင့် အကြမ်းဖက် မှုတွေ လျှော့နည်းခဲ့ကြောင်းနဲ့ တဆက်တည်းမှာပဲ လက်ရှိအစိုးရဟာ မဘသကို ပစ်မှတ်ထားပြီး ခြေ မှုန်းတိုက်ခိုက်နေကြောင်း မိန့်ကြားလိုက်ပါတယ်။
2016-08-06
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် နဲ့နန်းယွန်းမြို့နယ်တွေမှာ ကူးစက်မြန်ရောဂါကြောင့် သေဆုံးသူတွေရဲ့ သွေးကို ဓာတ်ခွဲစစ်ဆေးရာမှာ ဝက်သက်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အတည်ပြုလိုက်ပါတယ်။
2016-08-06
လူမှုရေးလုပ်ငန်းလုပ်ဆောင်ရာမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ကွဲပြားမနေဘဲ အစိုးရနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက် တာ ဇော်မြင့်မောင်က ပြောပါတယ်။
2016-08-06
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ပိန်းကျေးရွာက ဒေသခံ ၅ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင် သွားတာ အခုထိ အဆက်အသွယ် မရသေးဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
2016-08-06
အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီ အစည်းအဝေးကို နေပြည်တော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီးရုံးမှာ သြဂုတ်လ (၅) ရက် ဒီနေ့ ကျင်းပခဲ့ရာမှာ၊ လက်ရှိ ရင်ဆိုင်နေရတဲ့ ရေဘေး ကယ်ဆယ်ရေး ကိစ္စတွေအကြောင်း ဆွေးနွေးခဲ့ ပါတယ်။
2016-08-06
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျန်းမာရေးမှူးသင်တန်းဆင်း မဟုတ်သူတွေကို အစိုးရအနေနဲ့ ကျန်းမာရေးမှူး အဖြစ် ခန့်အပ်တာဝန်ပေးနေတာတွေကို ရပ်တန့်ပေးဖို့ ရခိုင်ပြည်နယ်က ကျန်းမာရေးမှူးတွေက ဖဲကြိုးပြာ လှုပ်ရှားမှုနဲ့အတူ တောင်းဆိုလိုက်ပါတယ်။
2016-08-06
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အတိတ်မှာဖြစ်ပျက်ခဲ့တာတွေကို အနာဂတ် လူငယ်တွေ လေ့လာနိုင်အောင် မှတ်တမ်းတင်ဖို့လိုကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ပြောပါတယ်။
2016-08-06
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူး စတဲ့ ပြည်နယ်နဲ့တိုင်း ၈ ခုမှာ ရေကြီး နစ်မြုပ်မှုကြောင့် မနေ့ကအထိ လူဦးရေ သုံးသိန်းကျော် ရေဘေးဒဏ်ခံနေရပြီး ၄ ဦးသေဆုံး ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။
2016-08-06
တစ်နိုင်ငံလုံးက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကွန်ရက်တွေမှာ လူ့အခွင့်အရေးဌာနတွေထားရှိပြီး နှစ်စဉ် လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။
2016-08-06
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်မြေတွေကို မူလတောင်သူတွေဆီ ပြန် လည်ပေးအပ်ဖို့အတွက် မြေတိုင်းတာရာမှာ သိမ်းယူထားစဉ် က မပါခဲ့တဲ့ မြေနေရာတွေကို ဝင်ရောက်တိုင်းတာနေတာကို လက်မခံနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
2016-08-06
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ လူဦးရေ ၄ဝ လောက် သေဆုံးတာဟာ ဝက်သက်ရောဂါကြောင့်ဖြစ် တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အတည်ပြုလိုက်ပါတယ်။
2016-08-06
ရခိုင်ကမ်းရိုးတန်းဒေသမှာ ငါး၊ ပုဇွန်တွေရှားပါးလာတဲ့အတွက် ကမ်းနီး ကမ်းဝေး ငါးဖမ်းသင်္ဘောတွေ ကို စည်းကမ်းချက်တွေနဲ့အညီ စိစစ်ပေးဖို့ ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။