သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-08
မြန်မာပြည်က လက်ရှိလူနေမှုဘဝ အခြေအနေတွေကို စိတ်ကျန်းမာရေးရှုထောင့်ကနေ အပတ်စဉ် ဆွေးနွေးဝေမျှနေတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဟာဝိုင်ယီအခြေစိုက် စိတ်ကျန်းမာရေးပညာရှင် ဂျူဂျူးမင်းသူနဲ့အတူ RFA က စီစဉ်တင်ဆက်ထားပါတယ်။
2024-04-08
မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာတဲ့ လူငယ်တွေ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်လာတာလို့ စစ်ကောင်စီက ဆိုပါတယ်။
2024-04-08
မြန်မာစစ်တပ်ဟာ အင်အားချည့်နဲ့လာနေပြီဖြစ်တာကြောင့် စစ်တိုက်တာရပ်ပြီး ဆွေးနွေးရမယ့်အချိန်တန်နေပြီလို့ ထိုင်းဝန်ကြီးချုပ်က ရိုက်တာသတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။
2024-04-08
ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ ပြည်သူစစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာတဲ့လူငယ်တွေကို သွားရောက်ခေါ်ထုတ်တဲ့ ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2024-04-08
မန္တလေးတိုင်း ပြင်ဦးလွင်မြို့က စစ်ကောင်စီတပ်ရဲ့ စစ်တက္ကသိုလ် (DSA) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပါတယ်။
2024-04-08
စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူတွေကို ဒုတိယအကြိမ် စစ်သင်တန်းခေါ်ယူနိုင်ဖို့ မတ် ၃၀ ရက်နေ့စလို့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
2024-04-08
ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အနီးက ရွာမရွာမှာ လမ်းသွား၊ လမ်းလာဒေသခံ ၁၃ ဦးကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-08
လက်ရှိတရားစွဲခံထားရတဲ့ Pepsi အချိုရည်စက်ရုံရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ HR မန်နေဂျာတို့က ကုမ္ပဏီကိုပါ တရားစွဲဖို့ လျှောက်လဲတာကြောင့် အခုလို အမိန့်ချခဲ့တာလို့ ဆိုပါတယ်။
2024-04-08
နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေအထဲ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးအထိရှိလာပါတယ်။
2024-04-08
တောင်သာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်အစပ်မှာရှိတဲ့ တံတား (အရှေ့) ရွာမှာ စစ်မှုထမ်းခိုင်းဖို့ စည်းရုံးနေသူနှစ်ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2024-04-08
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ရင်းနဲ့ ရသာရွာမှာ ဧပြီလ ၈ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ရွာကို စီးနင်းပြီးနောက် အရပ်သားသုံးဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-08
ခမရ ၅၆၅ ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။
2024-04-08
မြဝတီမြို့အနီးက သင်္ဃန်းညီနောင် အခြေချဗျူဟာကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းယူပြီးနောက် မြဝတီမြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်လာမှာ စိုးရိမ်တာကြောင့် မြို့ခံတချို့ နေရပ်စွန့်ခွာကြပါတယ်။
2024-04-08
ပူနွေးခြောက်သွေ့တဲ့ အယ်လ်နီညို (El Nino) ရာသီအကျိုးဆက်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ နှစ်စဉ်ကြုံခဲ့ရတဲ့ နေ့အပူချိန်တွေထက် ဒီနှစ် ပိုပူလာတာကြောင့် ရန်ကုန်မြို့ ပန်းခြံတွေထဲမှာ အပူရှောင်သူတွေ၊ စျေးဝယ်စင်တာတွေမှာ အပူရှောင်သူတွေ များနေပါတယ်။
2024-04-08
မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားကွင်းအနီးက စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်နေရာကို လျှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။