သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-03
နေပြည်တော်ကောင်စီနယ်မြေ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၁ဝ ဦးဟာ ပုဗ္ဗသီရိမြို့နယ်က တပေါင်းကွင်း မှာ အောက်တိုဘာလ ၃၁ ရက်နေ့က မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-11-03
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ အောက်တိုဘာလ ၃၁ ရက်နေ့က ပဲခူးတိုင်း ကညွတ်ကွင်းမြို့မှာ မဲဆွယ် စည်းရုံးခဲ့ပါတယ်။
2015-11-03
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ရေဘေးဒုက္ခသည်တွေ ဘဝ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကို အလိုတော်ပြည့်ဆရာတော် ဦးစီးပြီး ရန်ကုန်မြို့ Myanmar Event Park မှာ အောက်တိုဘာလ ၃ဝ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။
2015-11-02
လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူဘယ်ဝါ အနိုင်ရရ စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ဟိုတယ်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း ဒါမှမဟုတ် သတ္တုတွင်းလုပ်ငန်းတွေကို စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်ကြီးတွေကပဲ ဆက်လက် ချုပ်ကိုင်ထားမယ်လို့ AFP သတင်းတစ်ရပ်က မနေ့က ဖော်ပြ လိုက်ပါတယ်။
2015-11-02
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျောက်ဖြူ မြို့နယ်က ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်နယ်အဆင့် ဝန်ကြီးနေရာ အတွက်တောင် တာဝန်ပေးမခံရတာကြောင့် လာမယ့် ရွေးကောက်ပွဲ မှာ ပြည်နယ်ဝန်ကြီးအဆင့် တာဝန်ယူနိုင်သူတွေကို မဲပေးကြဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးထွေးလှ က ပြောပါတယ်။
2015-11-02
ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး ဝိန်းကောင်ကျေးရွာမှာရှိတဲ့ အစိုးရတပ်မတော် တပ်ရင်းဌာနချုပ်ကို ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အဖွဲ့က အင်အားသုံး လက်နက်ကြီးငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်ဆိုပြီး စစ်တပ်ပိုင်မြဝတီ သတင်းက ထုတ်ပြန်ကြေညာချက်ဟာ မဟုတ် မမှန်ကြောင်း ဒါဟာ ပြည်သူလူထုက မိမိတို့ တပ်ဖွဲ့တွေကို အထင်အမြင်လွဲမှားအောင် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ရှမ်းပြည် တပ်မတော် မြောက်ပိုင်းအဖွဲ့က ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။
2015-11-02
မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ သာသနာထွန်းကားရေးမှာ မန္တလေး သံဃာတော်များရဲ့ သြဇာ အရှိန်အဝါက ကြီမားလှပါတယ်။
2015-11-02
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်က လာမယ့်ရွေးကောက်ပွဲနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားရှင်းလင်းပွဲတစ်ခု ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်
2015-11-02
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ အစိုးရတပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများဆုံး ကျူးလွန်နေတယ်လို့ ကချင်ပြည်နယ် အခြေစိုက် United Rights Group (URG) အဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။
2015-11-02
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဂဇတ်ကျေးရွာအနီးက လောင်းဂရိတ်ဝဲမှာ မနေ့က ရာဇာထွန်း အမြန်ရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၇ဦးအထိ ရှိနေပြီဖြစ်တယ် လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြော ပါတယ်။
2015-11-02
မြန်မာနိုင်ငံမှာ ဘာသာလူမျိုးဆိုင်ရာ ပဋိပက္ခတွေ ပေါ်ပေါက်စေနိုင်တဲ့ မုန်းတီးရေးစကားတွေ၊ လှုံ့ဆော်တဲ့လုပ်ရပ်တွေ၊ ဘာသာရေး ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အလွဲသုံးစားလုပ်တာတွေ ဆက်လက်ပေါ်ပေါက်နေတဲ့အတွက် မကြာခင်ကျင်းပတော့ မယ့် ရွေးကောက်ပွဲအတွက် အထူးစိုးရိမ်ကြောင်း ကုလ သမဂ္ဂ အတွင်းရေးမှူးချူပ် ဘန်ကီမွန်းက တနင်္ဂနွေနေ့ ညနေပိုင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။
2015-11-02
မဲပေးခွင့်ရှိသူ နောက်ဆုံးအပြီးသတ်စာရင်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဒီနေ့ထုတ်ပြန်ရာမှာ အမှားအယွင်းတွေ ဆက်ရှိနေဆဲလို့ သိရပါတယ်။
2015-11-02
ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စတွေကို ရခိုင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်က စီမံခန့်ခွဲနိုင်ဖို့အတွက် လာမယ့်ရွေးကောက်ပွဲမှာ ရခိုင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ အနိုင်ရပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိနိုင်ပါစေလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးတင်ဦးက ပြောပါတယ်။
2015-11-02
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ မှာ နေပြည်တော်က မဲရုံတွေမှာ လုံခြုံရေး တာဝန်ယူကြမယ့် အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ ဇမ္ဗူသီရိ မြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်မှာ ဒီကနေ့ ကြိုတင်မဲပေးကြ ပါတယ်။
2015-11-02
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဂဇတ်ကျေးရွာအနီးက လောင်းဂရိတ်ဝဲမှာ မုံရွာ ကနေ ဟုမ္မလင်း ကို ပြေးဆွဲနေတဲ့ ရာဇာထွန်း အမြန်ရေယာဉ် တိမ်းမှောက်ခဲ့တာကြောင့် နောက် ဆုံးအခြေအနေကို သိရဖို့ ကူညီ ကယ်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ ကလေးခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးဘုန်းအဲကို RFA သတင်းထောက် မခင်ပြည့်စုံက ဆက်သွယ်မေးမြန်းထားပါတယ်။