သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-07
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့နဲ့အတူ စိစစ်သွားမယ်လို့ မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေက အကြောင်းကြားလာတာကြောင့် ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။
2021-01-07
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ မနေ့က ဖမ်းဆီးရမိခဲ့တဲ့ ရိုဟင်ဂျာ မွတ်စလင် ၉၉ ဦးကို ကွန်ပျူတာတက္ကသိုလ် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းမှာ ထိန်းသိမ်းထားပြီး ကိုဗစ် ၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနေပါတယ်။
2021-01-07
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ နမ့်မတ်ရွာအနီးမှာ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တိုက်ပွဲတွေ ဖြစ်နေလို့ ဒေသခံ ၉၀၀ လောက် ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
2021-01-07
RFA ကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ ယနေ့နိုင်ငံရေး အစီအစဥ်မှာ “အစိုးရသက်တမ်း ၅ နှစ်အပေါ် သုံးသပ်ခြင်း” ဆိုတဲ့ ခေါင်းစဥ်နဲ့ အပိုင်းလိုက်ခွဲပြီး တင်ဆက်ပေးနေပါတယ်။
2021-01-07
ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုလို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ဇန်နဝါရီလ ၆ ရက်နေ့ည ၉ နာရီခန့်က အမ်းမြို့နယ်ထဲမှာ စတစ်ကာတွေကပ်ပြီး တောင်းဆိုခဲ့ပါတယ်။
2021-01-07
အစိုးရသစ်ဖွဲ့စည်းရေး၊ လွှတ်တော်အကြီးအကဲတွေ ရွေးချယ်ရေး လုပ်ငန်းတွေ ပါဝင်မယ့် တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပတော့မှာပါ။
2021-01-07
ဒီတစ်ပတ်မှာတော့ ရန်ကုန်၊ မန္တလေးနဲ့ တနင်္သာရီတိုင်းက ဖုန်းနဲ့ဆက်သွယ်ပြောလာတာ၊ စာနဲ့ ရေးသားပေးပို့လာတာတွေကို RFA သတင်းထောက် မဖြူဖြူခိုင်က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2021-01-06
မြန်မာအစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူဖို့အတွက် အလှူရှင်တွေကို ဖိတ်ခေါ်ခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် ပြည်တွင်းပြည်ပရှိ မြန်မာတွေက စတင်လှူဒါန်းနေပါတယ်။ ပြည်ပနေ မြန်မာတချို့ကလည်း အလှူငွေတွေကို အင်တာနက်ကနေ ကောက်ခံနေပါတယ်။
2021-01-06
ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရတဲ့ မြန်မာအလုပ်သမား တရက်ကို အယောက် ၂၀၀ နှုန်းလောက် တွေ့နေပြီး အခု သုံးရက်အတွင်း အယောက် ၇၀၀ ကျော် ရှိနေပါပြီ။
2021-01-06
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကနေလာတဲ့ ရိုဟင်ဂျာ မွတ်စလင် ၉၉ ဦးကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ဒီနေ့ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့က RFAကို အတည်ပြုပြောဆိုပါတယ်။
2021-01-06
ရခိုင်ပြည်နယ်က တိုက်ပွဲတွေရပ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့လို့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မန္တလေးမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂများ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုဘုန်းမြင့်ကျော်ကို ဇန်နဝါရီလ ၅ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။
2021-01-06
ရခိုင်ပြည်နယ်မှာ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်ပစ္စည်းတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးသလို ထိရောက်တဲ့ ရှင်းလင်းမှုတွေလည်း မလုပ်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြနေကြပါတယ်။
2021-01-06
၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၅၉၀ ရှိပြီး ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၅ ယောက်အထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း AAPP က ပြောပါတယ်။
2021-01-06
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၅ နဲ့ တပ်မဟာ-၃ ထိန်းချုပ်ရာဒေသတွေမှာ တပ်မတော်နဲ့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
2021-01-06
ကရင်တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရုပ်တု စိုက်ထူထားရှိတာကို အစိုးရဘက်က အသိအမှတ်ပြုပေးဖို့နဲ့ တားဆီးပိတ်ပင်တာတွေ မလုပ်ဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။