သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-03
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသမှာ ကုမ္ပဏီလုပ်ကွက်တွေ အတွင်း ရေမဆေးကျောက်ရှာဖွေသူတွေ ကျောက်ဝင်ရောက်ရှာဖွေနေတာတွေကို မနက်ဖြန်နောက်ဆုံးထား ဖယ်ရှားပေး ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက အုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် ညွှန်ကြားလိုက်ပါတယ်။
2017-01-03
မကွေးတိုင်းအတွင်းက တက္ကသိုလ်ကျောင်း သားသမဂ္ဂတွေနဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ မနေ့က ပထမဆုံးအကြိမ် တွေ့ဆုံ ခဲ့ပြီး ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ တရားဝင် ဖဲ့ွစည်းလှုပ်ရှားခွင့်ရရှိဖို့ ဆွေးနွေးခဲ့ကြပါတယ်။
2017-01-03
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ဟာ မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ကို လာရောက်မှာဖြစ်ပြီး အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်မယ်လို့ သိရပါတယ်။
2017-01-03
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအတွက် ချထားပေးတဲ့ ဘဏ္ဍာငွေထဲက ပိုလျံငွေတွေနဲ့ တိုင်းအတွင်း ရပ်ဆိုင်းခဲ့တဲ့ စီမံကိန်းတွေကနေ ရရှိတဲ့ငွေတွေကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ က ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲဖို့ဆိုပြီး မြို့နယ်တချို့ကို ခွဲဝေချထားပေးလိုက်ပါတယ်။
2017-01-03
ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်ကနေ နမ္မတူမြို့နယ်ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ၁၂၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေကြောင်း နဲ့ အကူအညီတွေ ပေးဖို့ နမ္မတူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
2017-01-03
နေပြည်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေနဲ့ မနက်ဖြန် တွေ့ဆုံရာမှာ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က စီစဉ်နေတဲ့ အနေအထားတွေကို ချပြမှာဖြစ်သလို နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အကြံဉာဏ်တွေကိုလည်း တောင်းခံသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။
2017-01-03
၂၀၁၇ နှစ်သစ်ထဲ ရှပ်ရှင် ဂီတ စာပေ၊ သတင်းလောကအပြင် လူထုလူတန်းစားအလွှာ အသီးသီးရဲ့ မျှော်လင့်ချက်၊ မျှော်မှန်းချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ စုစည်းတင်ဆက်ထားပါတယ်။
2017-01-03
နှစ်သစ်ကူးချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အားပျော့သွားပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေသလို နှစ်သစ်မှာ ဆက်ပြီးကျင်းပမယ့် ၂၁ပင်လုံညီလာခံကြီးမှာတောင် လူစုံစုံညီညီမြင်ရပါ့မလား ဆိုတာလည်းမေးခွန်းထုတ်နေကြပါတယ်။
2017-01-03
မော်တော်ယာဉ်အားလုံး မောင်းနှင်နေစဉ် ထိုင်ခုံခါးပတ် ပတ်ဖို့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ယာဉ်မောင်းတွေကို ဖမ်းဆီးစစ်ဆေး အရေးယူတာတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ စတင်နေပြီ ဖြစ်ပါတယ်။
2017-01-03
စစ်အစိုးရလက်ထက်က ကဗျာတွေနဲ့တော်လှန်ခဲ့တဲ့ ကဗျာဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နေ့ တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကောင်းထက်ကျော် က တင်ပြထားပါတယ်။
2017-01-03
ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေ အဆိုတွေ မေးမြန်းမှုတွေအပေါ် တိုင်းအစိုးရအဖွဲ့ဝင်တွေ လာရောက်ဖြေကြားမှုအခြေအနေနဲ့ တိုင်းအစိုးရအဖွဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေထဲမှာ မလိုအပ်တာတွေကို စိစစ်နိုင်ဖို့ ဆောင်ရွက်နေတဲ့အခြေအနေကို RFA သတင်းထောက် ကိုအောင်သိင်္ခက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
2017-01-03
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် အခြေစိုက် ပညာရေး ကျွမ်းကျင်သူ ဦးကျော်သိန်းစိုးကို ကိုကျော်ကျော်အောင်က ဝါရှင်တန် ဒီစီမြို့တော် RFA ရုံးချုပ်မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။
2017-01-02
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စုအစိုးရက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအတွက် ချထားပေးတဲ့ ဘဏ္ဍာငွေထဲက ပိုလျံငွေတွေနဲ့ တိုင်းအတွင်း ဖျက်သိမ်းခဲ့တဲ့ စီမံကိန်းတွေကနေ ရရှိတဲ့ငွေတွေကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က မြို့နယ်တချို့ကို ခွဲဝေ ချထားပေးလိုက်ပါတယ်။
2017-01-02
ရန်ကုန်မြို့ပေါ် ပြေးဆွဲခဲ့တဲ့ BRT Lite ယာဉ်လိုင်းက ယာဉ်မောင်းတွေဟာ ရန်ကုန်ဘတ်စ်ကား အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီ YBPC ကနေ လုပ်ခ လစာငွေကျပ် ၃ သိန်းအပြည့် အဝရရှိဖို့အတွက် မင်္ဂလာဒုံမြို့နယ် အလုပ်သမားအငြင်းပွား မှုဆိုင်ရာ ညှိနှိုင်းစစ်ဆေးရေးအဖွဲ့က တာဝန်ရှိသူတွေ၊ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ ဒီနေ့ ညှိနှိုင်းခဲ့ပေ မယ့် ပြေလည်မှုမရရှိခဲ့ဘူးလို့ ယာဉ်မောင်းတွေက ပြော ပါတယ်။
2017-01-02
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလောင်း စုစုပေါင်း ၉၅ ဦးရဲ့ အမည်စာရင်းတွေ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အတည်ပြုထုတ်လိုက်ပါတယ်။