သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-05
ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထား ရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး အယူခံဝင်နိုင် ဖို့အတွက် သက်သေထွက်ဆိုပေးမယ့်သူ ၅ ဦးက မြန်မာ သံရုံး အထူးကိုယ်စားလှယ် အဖွဲ့ထံ ဆက်သွယ်ထားတယ်လို့ သိရပါတယ်။
2016-01-05
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အစိုးရ တပ်မတော်နဲ့ ပန်းဆေးဌာနေပြည်သူ့စစ်အဖွဲ့တို့က ဒေသခံ ရွာသူရွာသားတွေကို ဖမ်းဆီးရိုက်နှက်တာတွေ ရှိတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ဒီနေ့ ပြောပါတယ်။
2016-01-05
တရုတ်မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသား တစ်ဦး မြေမြုပ်မိုင်းထိတဲ့အတွက် ထိခိုက် ဒဏ်ရာရခဲ့တာနဲ့ပတ်သက်ပြီး တရုတ်အစိုးရက မြန်မာအစိုးရ ကို ကန့်ကွက်ကြောင်း သတိပေးလွှာပေးပို့ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွန်ယင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2016-01-05
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင် စီ(ကာလုံ)ဥပဒေကြမ်းကို ပြဌာန်းသင့်ပေ မယ့် လက်ရှိလွှတ်တော် သက်တမ်းအတွင်းတင်ပြဆွေးနွေး မှာ မဟုတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2016-01-05
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် မှာ မြေပြိုကျမှုကြောင့် လက်ရှိအချိန်ထိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေ ရတဲ့ ဒေသခံတစ်ထောင်ကျော်ဟာ အစိုးရက မြေနေရာ ချထားပေးတာ၊ အိမ်ဆောက်စရိတ်တွေ မပေးနိုင်တာနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် ဒီနေ့ ဟားခါးမြို့မှာ ၃ နာရီကြာ လမ်းလျှောက်ဆန္ဒပြကြပါတယ်။
2016-01-05
ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်မှာ ဖွင့်ထားတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေက ဒုက္ခသည် တွေကို တပ်မတော် က နေရပ်ကို ပြန်ခိုင်းနေပြီဖြစ်တဲ့အတွက် ဒုက္ခသည် ၁၅၀ ကျော်ကို သူတို့ရဲ့ နေရပ်ဖြစ်တဲ့ ဝမ်ဆော့ နဲ့ ဝမ့်လွေ ကျေးရွာတွေကို နမ့်ခုံးရှမ်းပရဟိတအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်ကစပြီး လိုက်လံပို့ဆောင်ပေးနေ ပါတယ်။
2016-01-05
ဇန်နဝါရီလ ၄ ရက်- ဒီကနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနား ကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပခဲ့ပါတယ်။
2016-01-05
ဒီနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့က NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။
2016-01-05
ဇန်နဝါရီလ ၃ ရက်၊ လွတ်လပ်ရေးနေ့ အကြိုညက မကွေးမြို့က တက္ကသိုလ်ကျောင်းသား လူငယ် တချို့ စုပေါင်းပြီး အိုးအိမ်မဲ့ ဆင်းရဲနွမ်းပါး သူတွေကို ခြုံစောင်တွေနဲ့ အစားအသောက်တွေ လိုက်လံ ဝေငှခဲ့ကြပါတယ်။
2016-01-05
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ် ခံထားရ တဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို လွှတ်ပေးဖို့ စစ်တွေမြို့နဲ့ ရန်ကုန်မြို့တွေ မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2016-01-05
အစိုးရနဲ့ SSPP/SSA အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်းမှာ နယ်မြေအေးချမ်းနေပြီမို့ မိုင်းရှူးမြို့နယ်က "ဟိုက်ပါ" စစ်ဘေး ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူတွေ နေရပ်ပြန်ကြဖို့ အရှေ့အလယ်ပိုင်း တိုင်းမှူးက ဒုက္ခသည်စခန်းကို သွားရောက် ပြောကြားခဲ့ပါတယ်။
2016-01-05
၁၅ နှစ်မြောက် "ကော်ယော်" အမျိုးသားနေ့ကို ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒေါဥခူ ရပ်ကွက်မှာ ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-01-04
ထိုင်းနိုင်ငံမှာ ခိုထောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီးသေဒဏ် ချမှတ်ခံထားရ တဲ့ မြန်မာလူငယ်နှစ်ဦး ရဲ့အမှုကို ပြန်လည် သုံးသပ်စီစစ်ပေးဖို့ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံ သားတွေက မနေ့ညနေပိုင်းက ထိုင်းသံရုံးရှေ့မှာ အေးချမ်း စွာ ဆန္ဒပြပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အတွက် မေတ္တာရပ်ခံစာ တစ်စောင်ပေးပို့လိုက်ပါတယ်။
2016-01-04
၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Empress Hotel မှာလဲ ချင်းမိုင်မြန် မာကောင်စစ်ဝန်ရုံးချူပ်က ဦးစီးပြီး မနေ့ညနေပိုင်းက ကျင်းပ ခဲ့ပါတယ်။
2016-01-04
လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆုံးဖြတ်ချက်တစ်စုံတရာချတာ မျိုးမလုပ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး အတွက် ပြင်ဆင်မှုတွေသာလုပ်ကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သဘောထားရှိကြောင်း ပါတီတာဝန်ရှိသူတွေက ဒီနေ့ ဆွေးနွေးပွဲမှာ ပြောကြတယ်လို့ သိရပါတယ်။