သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-18
နိုဝင်ဘာလ ၁၈ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " စာပေညီလာခံကို ဘယ်လို ကျင်းပမှာလဲ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မောင်သွေးသစ် ( ဒုတိယဥက္ကဌ - စာပေညီလာခံ ကျင်းပရေး ကော်မတီ ) နဲ့ ဦးမျိုးမြင့်ငြိမ်း (အတွင်းရေးမှူး - စာပေညီလာခံ ကျင်းပရေး ကော်မတီ)နဲ့ ဦးမျိုးမြတ်သူ (ပြန်ကြားရေး ကော်မတီဝင်) တို့က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-11-18
၂၀၁၂ ခုနှစ် ဇွန်လကတည်းက လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က ဒညင်းကုန်း အုတ်စက်ရုံအဆောက်အအုံကို ဒီနေ့ ရဲအင်အား ၃၀ လောက်က ဖြိုဖျက်ခဲ့ပြီး စက်ရုံဝင်းထဲ နေထိုင်တဲ့ အလုပ်သမားတွေကို နေစရာပြန်ပေးမှာဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က ညှိနှိုင်းခဲ့ပါတယ်။
2017-11-18
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားကို မြန်မာပြည်ရဲ့ ပထမဆုံး ကောင်းကင်ကေဘယ်ကားနဲ့ လာမယ့် ဒီဇင်ဘာလမှာ သွားရောက်နိုင်မှာဖြစ်တယ်လို့ Sky Asia ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစောရွှေအောင်က ဒီနေ့ ပြောပါတယ်။
2017-11-18
ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ မပါဝင်ဖို့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် GTI ကျောင်းအနီးမှာ အင်းစိန်မြို့နယ် ရပ်ကွက်နေပြည်သူအချို့က ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-11-18
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံကို ကြွရောက်မယ့် အချိန်အတွင်း နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။
2017-11-18
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး မထိုးခင်မှာ သက်ဆိုင်ရာ ဆရာဝန်နဲ့ စစ်ဆေးပြီးမှ ထိုးနှံဖို့ ညွှန်ကြားထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် က ဒီနေ့ ပြောပါတယ်။
2017-11-17
ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်လာပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၄ဝ ကျော် ရှိနေသေးသလို၊ အကျဉ်းထောင်စနစ် ပြုပြင် ပြောင်းလဲရေးအတွက် လုပ်ဆောင်ဖို့ အများကြီး ရှိနေသေးတယ်လို့ AAPP လို့ခေါ်တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။
2017-11-17
MICA လို့ခေါ်တဲ့ မြန်မာ-အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီရဲ့ လုပ်ငန်းတွေထဲမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေတဲ့ လုပ်ငန်းတချို့ ရှိနေတယ်လို့ MICA ရဲ့ လုပ်ငန်းတွေကို စိစစ်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
2017-11-17
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို အနာဂတ်ကာလမှာ ထုတ်ဝေမယ့်ငွေစက္ကူတွေမှာ ရိုက်နှိပ်ထုတ်ဝေဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တစ်ဦးတို့က ကန့်ကွက်ခဲ့ပါတယ်။
2017-11-17
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသမှာ လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့အဖွဲ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေက သွားရောက်ဖမ်းဆီးရာမှာ လူ ၂၈ ယောက်နဲ့ သေနတ်ကျည်ဆံ ၈ တောင့်အပါအဝင် ပစ္စည်းတချို့ကို သိမ်းဆည်း ဖမ်းမိခဲ့ပါတယ်။
2017-11-17
ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငွေစက္ကူထုတ်ဖို့ကိစ္စ ပြည်သူလွှတ်တော်မှာ အဆိုအောင်မြင်သွားပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ အရပ်သား ကိုယ်စားလှယ်တွေကြား အမြင်မတူတာ ရှင်းရှင်း လင်းလင်တွေ့မြင်လိုက်ရတယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။
2017-11-17
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ရှိနေသေးသလို၊ အမှုရင်ဆိုင်နေရသူက ၂၀၀ ကျော်ရှိပြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မှာလည်း ဘဝပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်နေသေးတယ်လို့ AAPP နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။
2017-11-17
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းက တရုတ်လူမျိုးပိုင် K-Won အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေက လုပ်သက်လစာတိုးပေးဖို့ တောင်းဆိုနေကြပါတယ်။
2017-11-17
အစိုးရဝန်ကြီးဌာန အာဏာပိုင်တွေအနေနဲ့ သတင်းမီဒီယာကို ပြောသင့်တာတွေပြောဖို့ ခေါင်းရှောင်နေကြတာကြောင့် နိုင်ငံအတွက် ဆုတ်ယုတ်ထိခိုက်မှုတွေဖြစ်နေတယ်လို့ ဝေဖန်သုံးသပ်ကြသူတွေ ရှိနေပါတယ်။ မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
2017-11-17
မြန်မာ့တပ်မတော်က မွတ်စလင်ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ လူမျိုးတစ်စုကွယ်ပျောက်အောင် သုတ်သင်ရှင်းလင်းရေး လုပ်နေတယ်ဆိုပြီး ဝေဖန်ပြောဆိုနေတာဟာ တိုင်းပြည်အတွက် အထောက်အကူမဖြစ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကတ်သလစ်ခရစ်ယာန် သာသာပိုင်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ဒီနေ့ ပြောလိုက်ပါတယ်။