သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-23
အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မှတ်သားထားရှိပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။
2020-01-23
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကနေ အကာအကွယ်ပေးဖို့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ ပြည်ပြည်ဆိုင်ရာ တရားရုံးက ကြားဖြတ်အမိန့်လေးချက်ကို ချမှတ်လိုက်ပါပြီ။
2020-01-23
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့က စပြီးပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အခုတပတ်အတွင်း တရုတ်ပြည်မမှာ ရောဂါကူးစက်ခံရသူ အယောက် ၆၃ဝ ကျော် ရှိလာပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိနေပါပြီ။
2020-01-23
လန်ဒန်အခြေစိုက် Financial Times သတင်းစာမှာ "စစ်ရာဇဝတ်မှုတွေ တရားစီရင်နိုင်ရေး မြန်မာကို အချိန်ပေးပါ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဆောင်းပါးတပုဒ် ဖော်ပြခဲ့ပါတယ်။
2020-01-23
ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က ICJ တရားရုံးကို တက်ရောက်နားထောင်ခဲ့တဲ့ BROUK အဖွဲ့က ကိုထွန်းခင်၊ တရားရုံးရှေ့ကို သွားရောက်ဝန်းရံခဲ့တဲ့ နယ်သာလန်နိုင်ငံက မြန်မာ့တပ်မတော် (လေ) တပ်ဖွဲ့ဝင်ဟောင်း ဦးခင်မောင်အေးရဲ့ သဘောထားတွေကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
2020-01-23
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာက တောင်းဆိုထားတဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် ခြောက်ချက်ထဲက လေးချက်ကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ဒီနေ့ ချမှတ်လိုက်ပါတယ်။
2020-01-23
RFA ကို ရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မလေးရှား နိုင်ငံမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့စာတွေထဲက တင်ပြပေးသွား မှာဖြစ်ပါတယ်။
2020-01-23
ရခိုင်မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး အိုင်စီဂျေကြားဖြတ်အမိန့်အပေါ် စိုးရိမ်ပူပန် မနေဘဲ၊ အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ဒုတိယ စစ်ဥပဒေချုပ်ဗိုလ်ချုပ် သောင်းနိုင် က ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။
2020-01-23
ရှမ်းပြည်နယ်အတွင်း တပ်မတော်က ဖြတ်လေးဖြတ်စနစ်ကျင့်သုံးပြီး နယ်မြေ ရှင်းလင်းရာမှာ ဒေသခံတွေ ထိခိုက်နစ်နာရတယ်လို့ ရှမ်းတိုင်းရင်းသား လူမှုအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းရုပ်သံတစ်ခုမှာ ဖော်ပြထားပါတယ်။
2020-01-23
လားရှိုး-နမ္မတူလမ်းပိုင်းဆယ့်နှစ်မိုင် မန်ပြိန်းရွာမှာ အကောင်အထည်ဖော်မယ့် ဧကသုံးရာ စိုက်ပျိုးရေး စီမံကိန်းကို ကန့်ကွက်တဲ့ရွာသားတွေကို SSPP/SSA အဖွဲ့က ကျေးရွာတစ်ခုမှာ တွေ့ဆုံဖို့ခေါ်ယူတာကြောင့် ရွာသားသုံးဆယ်ကျော်ဟာ လားရှိုးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
2020-01-23
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက နိုင်ငံတကာတရားရုံး ICJ က မြန်မာအပေါ် ချမှတ်လိုက်တဲ့ ကြားဖြတ်စီရင်ချက်ကို မြန်မာအစိုးရအနေနဲ့ မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒီနေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
2020-01-23
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ... ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက၊ ပအိုဝ်းအမျိုးသားပါတီ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခွန်မောင်သောင်း ကို RFA ဝိုင်းတော်သူ မအေးအေးမွန် က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2020-01-23
RFA က စီစဉ်ရိုက်ကူးပြီး DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ... "မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားတွေ လျော့နည်းသွားအောင် ဘယ်လိုလုပ်ဆောင်မလဲ" ဆိုတာကို ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။
2020-01-23
နိုင်ငံတကာတရားရုံး ICJ ဆုံးဖြတ်ချက်ချမယ့်နေ့မှာပဲ တရုတ်က မြန်မာနဲ့အတူ အမြဲတမ်းရပ်တည်နေမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
2020-01-22
ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး မနက်ဖြန်တရားရုံးက ဆုံးဖြတ်ချက်တစုံတရာချမှတ်မှာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသလို Provisional measures လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာတွေကို အရေးပေါ်ရပ်တန့်ဖို့ ကြားဖြတ်စီမံချက်ကို မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့မယ်ဆိုရင် ဒီဆုံးဖြတ်ချက်က မြန်မာနိုင်ငံအတွက် ဘာတွေဖြစ်လာနိုင်ပါသလဲ။