သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-28
NCA အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ပြီး ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့နဲ့ လားဟူလူမျိုးတွေနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် နိုင်ငံရေးအခြေခံ မူတရပ် ချမှတ်နိုင်ဖို့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU (Lahu Democratic Union) အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးပွဲ ကျင်းပနေပါတယ်။
2019-05-28
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာက ရိုဟင်ဂျာတွေအသတ်ခံရတာနဲ့ ပတ်သက်ပြီး နှစ်ရှည်ထောင်ဒဏ်ချထားတဲ့ တပ်မတော်အရာရှိတွေကို၊ ပြစ်ဒဏ်မပြည့်ခင် လွှတ်ပေးလိုက်တဲ့လုပ်ရပ်ကြောင့် မြန်မာ့တပ်မတော်က စစ်သားတွေအနေနဲ့ နောက်ထပ်ရာဇဝတ်မှုတွေ ကျူးလွန်ချင်တိုင်း ကျူးလွန်လို့ရသွားနိုင်တယ်လို့ ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့တွေက ထောက်ပြပါတယ်။
2019-05-28
ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် DMG သတင်းဌာန အယ်ဒီတာချုပ်နဲ့ အမှုဆောင် ဒါရိုက်တာ တို့ကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၂)နဲ့ သတင်းအထူးတပ်ဖွဲ့က အမှုဖွင့် တိုင်ကြားထားတာကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်အနေနဲ့ ကူညီဖြေရှင်းပေးဖို့ DMG သတင်းဌာက အကူအညီ တောင်းခံစာ ဒီနေ့ရက်စွဲနဲ့ ပေးပို့လိုက်ပါတယ်။
2019-05-28
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ဆန္ဒပြခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမတွေထဲက ၂၁ ဦးကို တိုင်းပညာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ဆရာ၊ ဆရာမတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြို့နယ်ပညာရေးဦးစီးဌာန တောင်းသွားတယ်လို့ မူလတန်းကျောင်းအုပ်ဆရာ ဦးရဲဝင်းနိုင် က RFA ကိုပြောပါတယ်။
2019-05-28
ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA အခြေချနိုင်ရေးဟာ အဓိကရည်မှန်းချက်ဖြစ်တာကြောင့် တပ်မတေ်ာက လက်မခံလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရခိုင့်တပ်မတော် AA ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ဒီနေ့ပြောလိုက်ပါတယ်။
2019-05-28
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ခုံသာကျေးရွာအုပ်စု ကြက်ဖနက်ချောင်းဖျားဒေသမှာရှိတဲ့ ထူးဟန်သစ် ကုမ္ပဏီ ကျောက်မီးသွေးမိုင်းတွင်းမှာ မနေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် မိုင်းလုပ်သားလေးဦး သေဆုံးပြီး၊ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2019-05-28
မြစ်ဆုံစီမံကိန်းစာချုပ်ကို တစ်လအတွင်း ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့နဲ့ တရားဝင်မိတ္တူ ကူးယူခွင့်ပြုဖို့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က တောင်းဆိုလိုက်ပါတယ်။
2019-05-28
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရားမဝင် တစ်ရှူးငှက်ပျောလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား လေးဦးကို လဝကဥပဒေ၊ သစ်တောဥပဒေ ၄၀ (က) နဲ့ မေလ ၂၅ ရက်နေ့က ဝိုင်းမော်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးအရေး ယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒါဟာ နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖမ်းဆီးခြင်းဖြစ်ပြီး တစ်ရှူးငှက်ပျောလုပ်ငန်းဖြင့် ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသား ကိုးဦး ရှိသွားပြီဖြစ်ပါတယ်။
2019-05-27
မြန်မာ့တပ်မတော်ရဲ့ စစ်ပွဲအသုံးစရိတ်တွေကို သတင်းထုတ်ပြန်ပေးဖို့မရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
2019-05-27
ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာမှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ တပ်မတော်သား ခုနှစ်ဦးကို လွှတ်ပေးလိုက်ပြီလို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက အတည်ပြုပြောလိုက်ပါတယ်။
2019-05-27
၂၀၁၂ ကနေ ၂၀၁၈ ခုနှစ်အထိ နိုင်ငံအတွင်းက သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်တဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံ တချို့ကို ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းက ORCHID ဟိုတယ်မှာ ပြသနေပါတယ်။
2019-05-27
အင်းဒင်ရွာလူသတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ တပ်မတော်သား ၇ ဦးကို တစ်နှစ်မပြည့်ခင်မှာ ပြစ်ဒဏ်ကလွှတ်ပေးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေကို ပြသလိုက်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ထောက်ပြကြပါတယ်။
2019-05-27
ရခိုင်ပြည်နယ် မြောက်ဦးမြို့ လေးမျက်နှာ ဘုရားပုထိုးကြီးအတွင်းက ကျောက်ဆင်းထုတော် ဘုရားတွေ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ဖျက်ဆီးခံခဲ့ရတာကို ဖော်ထုတ် ဖမ်းဆီး အရေးယူပေးနိုင်တာ ရှိ မရှိ ဒီနေ့ အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2019-05-27
တပ်မတော်အနေနဲ့ AA ရခိုင်အဖွဲ့နဲ့ နှစ်ဖက်အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးအပေါ် အတိအကျ မပြောနိုင်ပေမဲ့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့ရဲ့နယ်မြေသတ်မှတ်ဖို့ မဖြစ်နိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။
2019-05-27
မြန်မာနိုင်ငံရဲ့ ပြည်ပဆန် တင်ပို့မှုမှာ မနှစ်က တန်ချိန် ၃.၆၈ သန်း တင်ပို့နိုင်ခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ ပိတ်ပင်မှုကြောင့် ဒီနှစ်မှာ တန်ချိန် နှစ်သန်းကျော်ပဲ တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။