သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-27
မြန်မာနိုင်ငံမှာ နှစ်စဉ် အကြောင်းအမျိုးမျိုးကြောင့် ရှိရင်းစွဲ သစ်တောပမာဏရဲ့ တစ်ရာခိုင်နှုန်းကျော် ပြုန်းတီးနေတယ်လို့ လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။
2017-06-27
မြန်မာနိုင်ငံရဲ့ စတုရန်းမိုင်ပေါင်း ၁ သိန်း ၉ ထောင်ကျော်ဟာ သစ်တောတွေဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါ တယ်။
2017-06-27
၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး၊ မဆလ တပါတီ အာဏာရှင်အစိုးရလက်ထက်မှာ ပထမဦးဆုံး ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့ ၄၁ နှစ်ပြည့်အထိမ်းအမှတ် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်မြို့မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။
2017-06-27
အိန္ဒိယ-မြန်မာ ဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်းစီမံကိန်းမှာ အသုံးပြုဖို့ အိန္ဒိယအစိုးရရဲ့ ကုန်ကျငွေနဲ့ တည်ဆောက်ထားတဲ့ တန် ၃၀၀ ဆန့် ကုန်တင်ရေ ယာဉ် ၆ စီးကို မြန်မာအစိုးရကို စစ်တွေမြို့မှာ ဇွန်လ ၂၆ရက်နေ့က ပေးအပ်လိုက်ပါတယ်။
2017-06-27
မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ ရမယ်ဆိုပြီး ၁၃၀၀ ပြည့် ရေနံမြေအလုပ်သမား သပိတ်မှာ အင်္ဂလိပ်အစိုးရကိုကျိမ်းမောင်းလိုက်တဲ့ စကားနဲ့အတူ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ သမိုင်းမှာထင်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း (ခေါ်) သခင်ဗဟိန်းဟာ မနက်ဖြန် ဇွန်လ ၂၇ ရက် နေ့မှာ နှစ်တရာပြည့်မွေးနေ့ ကျရောက်တော့မှာဖြစ်ပါတယ်။
2017-06-27
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါကျဲမှော်မှာ မနေ့ ညနေပိုင်းက ငွေဆင်ကျောက်မျက်တူးဖော်ရေး လုပ် ကွက်ရဲ့လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေ မဆေးသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရေမဆေးသမားတစ်ဦးသေ ဆုံးပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2017-06-27
အန်အယ်လ်ဒီပါတီအပေါ် ပြည်သူလူထုဝေဖန်တာတွေကို ခေါင်းထဲထည့်မှာ မဟုတ်ကြောင်း၊ ဂရုစိုက်မှာ မဟုတ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ရဲ့ ပြောကြားချက်တွေဟာ ပြည်သူနဲ့အတူ ရှိနေမယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ချမှတ်ထားတဲ့ မူဝါဒနဲ့ လွဲချော်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျက ပြောပါတယ်။
2017-06-26
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လော့ကျေးရွာသား တအာင်းတိုင်းရင်း သားတစ်ဦးကို RCSS/ SSA (ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ) အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားတဲ့အပေါ် ကန့်ကွက် ရှုတ်ချကြောင်း တအာင်း(ပလောင် )အမျိုးသားပါတီက ဇွန်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
2017-06-26
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ရဲ့ ဒုတိယ အကြိမ် ညီလာခံကနေပြီး ခေါင်းဆောင် သစ်တွေကို ပြောင်းလဲရွေးချယ် ခဲ့ပါတယ်။
2017-06-26
အရင်အစိုးရလက်ထက်က ဝန်ကြီးအချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ ရယူထား တဲ့ နေပြည်တော် အထူးသရက်ဇုန်မှာ စီမံကိန်း အမှန် တကယ်လုပ်ကိုင်ခြင်း ရှိ၊ မရှိကို နေပြည်တော်ကောင်စီ နယ်မြေ၊ လယ်မြေယာမြေနဲ့ အခြားမြေများသိမ်းဆည်း ခံရမှုများပြန်လည်စိစစ်ရေးကော်မတီက ဒီကနေ့ စတင် ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
2017-06-26
ဒီမိုကရက်တစ်မြန်မာ့အသံ DVB နဲ့ ဧရာဝတီ သတင်းဌာနတွေက သတင်းထောက် ၃ ဦး အပါအဝင် ၇ ဦးကို ရှမ်းပြည်မြောက်ပိုင်း နမ့််ဆန်-သီပေါကားလမ်းမှာ လိုင်စင်မဲ့ကားနှစ်စီးနဲ့ အတူ ဖမ်းဆီးထားတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2017-06-26
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက် ဖျက်ရေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မူးယစ်ဆေး ဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါး စုစုပေါင်းတန်ဖိုး ငွေ ကျပ် ၅၂၃ ဘီလီယံကျော်ဖိုး ဖျက်ဆီးခဲ့ပါတယ်။
2017-06-26
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါကျဲမှော်မှာ မနေ့ ညနေပိုင်းက ငွေဆင်ကျောက်မျက်တူးဖော်ရေး လုပ် ကွက်ရဲ့လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရေ မဆေးသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရေမဆေးသမားတစ်ဦးသေ ဆုံးပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2017-06-26
သတင်းမီဒီယာတွေမှာ တပ်မတော်ကို အထင်အမြင်လွဲမှားအောင်၊ ပုံရိပ်ဆိုးတွေ ထင်အောင် ရေးသားမူတွေ မလုပ်စေ ဖို့ မြန်မာ့တပ်မတော် ထောက်ခံသူတွေရဲ့ ဟောပြောပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2017-06-26
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင် အစီရင်ခံစာအတိုင်း လိုက်နာမှု မရှိလို့ဆိုပြီး ဒေသခံ ၁၅၀ လောက်က ပုသိမ်-မုံရွာကားလမ်းမပေါ်မှာ ဒီနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။