သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-13
မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ချီးကျူးဂုဏ်ပြုကြောင်း ပြော ကြားလိုက်ပါတယ်။
2015-11-13
အခုရရှိထားတဲ့ မဲစာရင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရတစ်ရပ် ဖွဲ့နိုင်ပြီဖြစ်ပြီး ဖွဲ့စည်းပုံနဲ့ ကိုက်ညီတဲ့ မည်သည့်ပုဂ္ဂိုလ်ကိုမဆို သမ္မတအဖြစ် တင်မြှောက်နိုင်ပြီလို့ ရှေ့နေကြီး ဦးကိုနီက ပြောပါတယ်။
2015-11-13
နိုဝင်ဘာလ ၁၃ ရက် နေ့လည် ၁၂ နာရီ အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရဲ့ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၂၃၈ ဦး ၊ အမျိုးသား လွှတ်တော်အတွက် ၁၁၀ ဦး ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အတွက် ၄၀၁ ဦး ရှိနေပါတယ်။
2015-11-13
ရှမ်းပြည်နယ် နမ့်စန်မြို့နယ် မဲဆန္ဒနယ်မှာ တစ်ဦးတည်းက မဲလက်မှတ် ၅ ခုလောက်နဲ့ မဲပေးခဲ့တာတွေ၊ ကြိုတင်မဲကို ကိုယ်စားပေးတာတွေ ရှိနေတဲ့အတွက် နမ့်စန်မြို့နယ် မဲစာရင်းရလဒ်ကို အန်အယ်လ်ဒီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ တစည ပါတီ ကိုယ်စားလှယ်တွေက လွိုင်လင် ခရိုင်ကော်မရှင်ထံ ကန့်ကွက်စာတင်လိုက်ပါတယ်။
2015-11-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် အကူအညီပေးခဲ့ကြတဲ့ အနုပညာရှင်တွေ နဲ့ ဒေါ်အောင်ဆန်းကြည်ဟာ ရန်ကုန်မြို့ မှာ နိုဝင်ဘာ လ ၁၂ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
2015-11-13
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အစာငတ်ခံဆန္ဒပြနေတဲ့ ဗကသ ကျောင်းသားနှစ်ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့က မြင်းခြံမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2015-11-13
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကြိုတင်မဲနဲ့ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်ခဲ့တဲ့အတွက် ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က နိုဝင်ဘာလ ၁၂ ရက်နေ့ ဒီကနေ့ လားရှိုးမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-11-13
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက နေပြည်တော် သတင်းမီဒီယာ စင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-11-13
လက်ရှိ ရရှိထားတဲ့ မဲစာရင်းအရ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အစိုးရတရပ် ဖွဲ့နိုင်ပြီဖြစ်ပြီး၊ ဖွဲ့စည်းပုံနဲ့ ကိုက်ညီတဲ့ မည်သည့်ပုဂ္ဂိုလ်ကိုမဆို သမ္မတအဖြစ် တင်မြောက်နိုင်ပြီလို့ ရှေ့နေကြီးဦးကိုနီက ပြောပါတယ်။
2015-11-13
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ သုံးလအတွင်း ပါတီတွင်း ပြုပြင်ပြောင်း လဲရေးတွေ မလုပ်ဘူးဆိုရင် နိုင်ငံရေး ကို ကျောခိုင်းပြီး၊ စီးပွားရေးကိုသာ ဇောက်ချလုပ်တော့မယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေက ပြောလိုက်ပါတယ်။
2015-11-13
ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီက နေရာအတော်များများ အနိုင်ရနေသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လတ်တလာ မြို့နယ် ၃ မြို့နယ်မှာ အနိုင်ရနေပါတယ်။
2015-11-12
သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ နောက် တက်လာမယ့် အစိုးရသစ်ကို အာဏာမလွှဲ ခင် မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP-B က မနေ့က တောင်းဆိုလိုက်ပါတယ်။
2015-11-12
မြန်မာနိုင်ငံမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ အရပ်ဘက်အုပ်ချုပ်ရေးဆီကို ဦးတည်နေပေမယ့် နိုင်ငံကို ဒီမိုကရေစီ အနှစ်သာရ ပိုပြီးပြည့်ဝစေဖို့ဆိုရင် အခြေခံ ဥပဒေပြင်ဆင်ရေးဟာ လိုအပ်မြဲ လိုအပ်နေသေးတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။
2015-11-12
နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေး ဖို့ မြင်းခြံထောင်မှာ အစာငတ်ခံ ဆန္ဒပြတောင်းဆိုတဲ့ ကျောင်းသား ကိုစိုးလှိုင်နဲ့ ကိုစည်သူမြတ် တို့နှစ်ယောက်ကို ထောင် အာဏာပိုင်တွေက နှိပ်စက်ညှင်းပမ်းခဲ့တယ်လို့ အဲ ဒီကျောင်းသားတွေက ဒီနေ့တရားရုံးချိန်းထွက်ချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2015-11-12
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရွေးကောက် ပွဲ အောင်နိုင်ရေးအတွက် ပါဝင်ကူညီခဲ့တဲ့ အနုပညာ ရှင်တွေနဲ့ ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ခြံဝန်းထဲမှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။