သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-17
စစ်ကိုင်းတိုင်းအတွင်းက ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေကို နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသထဲ ထည့်သွင်းပေးဖို့ လေရှီးမြို့ခံတစ်ဦးက အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထားမှုကို ရှမ်းနီတိုင်းရင်းသား အဖွဲ့အစည်းတွေက အပြင်းအထန်ကန့်ကွက်နေကြပါတယ်။
2020-02-17
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အင်တာနက်ဖြတ်လိုက်လို့ ဒေသခံတွေရဲ့ အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတာကြောင့် အင်တာနက် ပြန်ဖွင့်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2020-02-17
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက တရုတ်ခရီးသွားတွေ ကျန်းမာရေး ကောင်းမွန်ကြောင်း အာမခံချက်နဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခွင့် ပေးထားတာကို ကန့်ကွက်ကြောင်းနဲ့ ဒီအချိန်မှာ လာရောက်လည်ပတ်ခွင့် မပေးသင့်ကြောင်း မန္တလေးဧည့်လမ်းညွှန်အသင်းနဲ့ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူတွေက ကန့်ကွက်မှုတွေ ရှိနေပါတယ်။
2020-02-17
တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အခုထိ ခုနှစ်သောင်းနီးပါး ရှိနေပါပြီ။ လူစုလူဝေးတွေကို ရှောင်ရှားကြဖို့လည်း နိုင်ငံအလိုက် အာဏာပိုင်တွေက တိုက်တွန်းထား ပါတယ်။
2020-02-17
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေနားမယောင်ဖို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတိပေးပါတယ်။ ခရီးသွားဖို့ စီစဉ်ထားရင်လည်း သွားနိုင်ပေ မယ့် ဗိုင်းရပ်စ်မကူးနိုင်အောင် လက်ကိုသန့်သန့်ရှင်းထားဖို့လည်း မှာကြားတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2020-02-16
ရခိုင်ပြည်နယ် မြို့နယ်အတော်များများမှာ တိုက်ပွဲတွေကြောင့် နယ်မြေလုံခြုံမှုမရှိလို့ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို အစိုးရ အသိအမှတ် မပြုဘဲ ဒုက္ခသည်စခန်းတွေ မဖွင့်ဖို့ တားမြစ်လိုက်တဲ့အပေါ် ဝေဖန်နေကြပါတယ်။
2020-02-16
ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် စပါးမရိတ်နိုင်တဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်က ရွာအများအပြားဟာ ဆန်ဝယ်ယူသယ်ဆောင် ရာမှာလည်း တပ်မတော်က ကန့်သတ်ထားလို့ ဒေသခံတွေ ရိက္ခာခက်ခဲနေပါတယ်။
2020-02-16
တရုတ်နိုင်ငံ ဝူဟန်ကနေ ပြန်ခေါ်လာတဲ့ ကျောင်းသား ၅၉ ယောက်၊ သွားခေါ်တုန်းက ကျန်းမာရေးစောင့်ရှောက်ဖို့ လိုက်ပါသွားတဲ့ ကျန်းမာရေးဝန်ထမ်း သုံးယောက်၊ လေယာဉ်ဝန်ထမ်း ကိုးယောက်တို့ကို စောင့်ရှောက်ကာလအတွင်း ကျန်းမာရေး ကောင်းတာကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၁၆ မနက်ပိုင်းမှာ နေအိမ်တွေကို ပြန်ခွင့်ပြုလိုက်ပါပြီ။
2020-02-15
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းတွေကို အစိုးရက ပုံမှန်ထုတ်ပြန်ပေးနေတဲ့ အတွက် လူမှုကွန်ရက်က သတင်းအမှားတွေကို မယုံကြဖို့နဲ့ မဖြန့်ဝေကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ သတင်းအမှားဖြန့်ဝေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ အကောင့်တွေကို အစိုးရက ထုတ်ပြန်ကြေညာပေးသင့်တယ်လို့ ထောက်ပြဝေဖန်သူတွေ ရှိပါတယ်။
2020-02-15
ကျောက်တော် - ပလက်၀ ရေလမ်းလုံခြုံမှုမရှိလို့ ရေယာဉ်တွေ ရပ်ဆိုင်းထား တာကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စားသောက်ကုန်ဈေးနှုန်းတွေ နှစ်ဆလောက် မြင့်တက်နေလို့ ဒေသခံတွေ အခက်ကြုံနေပါတယ်။
2020-02-15
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပြိုရွာမှာ တပ်မတော် နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဖေဖော်ဝါရီ ၁၄ရက် မနေ့က တိုက်ပွဲမှာ နှစ်ဖက်တပ်တွေ အကျအဆုံးရှိခဲ့ပါတယ်။ တပ်မတော်ကတော့ ကျဆုံးသူ မရှိဘူးလို့ ငြင်းဆိုပါတယ်။
2020-02-15
ဒီတစ်ပတ်မှာ " အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော် ဘယ်လောက်လိုက်လျောမလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-02-14
ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ ငွေကြေးလိုအပ်နေတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ချေးငွေအမြောက်အမြား ထုတ်ပေးနေပါတယ်။ နိုင်ငံတချို့မှာတော့ ဒီချေးငွေတွေကို ပြန်မဆပ်နိုင်တော့ဘဲ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတဲ့အတွက် ဒါဟာ တရုတ်ရဲ့ အကြွေးထောင်ချောက်အဖြစ် စီးပွားရေးပညာရှင်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။
2020-02-14
ရခိုင်ပြည်နယ်က စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်ပြီး မြန်မာ့တပ်မတော်ရဲ့ လုပ်ရပ်တွေကို တားမြစ်အရေးယူပေးဖို့ နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေကို ရခိုင့်တပ်တော် AA က ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ တိုက်တွန်းတောင်းဆို လိုက်ပါတယ်။
2020-02-14
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း စတင်ဖို့အတွက် မြေဧက ၁၈၀၀ ကျော်ကို လျော်ကြေးပေး သိမ်းဆည်းသွားမယ်လို့ စီးပွားကူးသန်းဒု၀န်ကြီး ဦးအောင်ထူးက ပြောကြားလိုက်ပါတယ်။