သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-06
ကရင်အမျိုးသား အစည်းအရုံး (KNU) က ဦးဆောင်တဲ့ ကော်သူးလေ မြေယာနှီးနှောဖလှယ်ပွဲကို KNU နယ်မြေဖြစ်တဲ့ လော်ခီးလာမှာ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
2017-11-06
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်ခြားမှတ်တိုင် ၄၅ နဲ့ ၄၆ အကြားမှာ မနေ့ညက ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ မြန်မာရဲတပ်သား ၄ ယောက်ကို တဘက်ဘင်္ဂလားဒေ့ရှ်နယ်ထဲက လက်နက်ကိုင်အဖွဲ့တဖွဲ့က လှမ်းပစ်တာဖြစ်ပြီး အသေအပျောက်အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
2017-11-06
လာမယ့် သီတင်းပါတ်မှာ မြန်မာနိုင်ငံကို လာရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ ခရီးစဉ်အတွင်း ရလဒ်ကောင်းတွေ မျှော်လင့်ထားကြောင်း NLD ပါတီက ပြောကြားလိုက်ပါတယ်။
2017-11-06
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားလာတဲ့ ပါတီတွေထဲက ၄ခုဟာ ဝန်ကြီးဌာန ၂ခုရဲ့ ထောက်ခံချက်တွေ မပြည့်စုံသေးလို့ ခွင့်မပြုသေးကြောင်း ကော်မရှင် ဥက္ကဌ ဦးလှသိန်း က ပြောပါတယ်။
2017-11-06
မြေယာအငြင်းပွားမှုတွေကို လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှုတွေ ပြန်လည် စိစစ်ရေး ကော်မတီတွေ ပြန်လည်စိစစ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းတဲ့အဆိုကို ပြည်သူ့ လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-11-06
ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို စိစစ်လက်ခံပြီးနောက် မူလနေရာတွေမှာ ပြန်လည်နေရာချထားခြင်းမပြုဖို့ မောင်တောမြို့နယ်တောင်ဘက်ပိုင်း ကျေးရွာပေါင်း ၂၈ ရွာက ဒီနေ့ သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2017-11-06
အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တောဒေသတွေ ကို ကွင်းဆင်းပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေဆောင်ရွက်နိုင် ဖို့ စေတနာ့ဝန်ထမ်း လူငယ်အယောက် ၄၀ ကို ဒီလထဲမှာစပြီး စေလွှတ်သွားမယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး ကပြောပါတယ်။
2017-11-06
ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ အလုပ်နားရက် ဘောလုံးကစားနေတဲ့ မြန်မာလုပ်သား ၁၈ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တစ်ဦးကို ထိုင်းဘတ်ငွေ တစ်ထောင်စီ ဒဏ်ငွေချမှတ်လိုက်တယ်လို့ အဲဒီအမှုကို ကူညီပေးခဲ့တဲ့ မဟာချိုင်မြို့အခြေစိုက် AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။
2017-11-06
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်းက ကျေး ရွာတွေမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပတ်သက်ဆက်စပ်မှုတွေရှိနေတယ် ဆိုပြီး ဒေသခံတွေကို အစိုးရတပ်မတော်ဘက် က ခေါ်ယူစစ်ဆေးတာတွေ၊ ဖမ်းဆီးထိန်းသိမ်း တာတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2017-11-06
အနည်းဆုံးလုပ်ခလစာ နှုန်းထားအသစ်ကို လာမယ့် မေလလောက်မှာ အတည်ပြု ပြဌာန်းနိုင်ဖို့ ခန့်မှန်းထားတယ်လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
2017-11-06
ကရင်အမျိုးသား အစည်းအရုံး KNU က ဦးဆောင်တဲ့ ကော်သူးလေ မြေယာနှီးနှောဖလှယ်ပွဲကို KNU နယ်မြေဖြစ်တဲ့ လော်ခီးလာမှာ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
2017-11-06
လျှပ်စစ်လည်း မသုံးနိုင်၊ ဓာတ်ငွေ့လည်း မရနိုင်တဲ့အခါ ထင်း-မီးသွေးနဲ့ နေ့စဉ် ချက်ပြုတ်နေရတဲ့ အမျိုးသမီးတွေဟာ ကျန်းမာရေးထိခိုက်လို့ ထိခိုက်နေမှန်းမသိကြပါဘူး။
2017-11-05
လက်ရှိကျင့်သုံးနေတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေဟာ ဌာနေတိုင်းရင်းသားတွေ ရဲ့ မြေယာအသုံးပြုမှုနဲ့ စီမံခန့်ခွဲမှုကို ဆန့်ကျင်နေတဲ့အတွက် ဖျက်သိမ်းဖို့ ကရင်အမျိုးသားအစည်း အရုံး KNU က ဦးဆောင်ကျင်းပခဲ့တဲ့ ကော်သူးလေ မြေယာနှီးနှောဖလှယ်ပွဲကနေ ထုတ်ပြန်တောင်း ဆိုလိုက်ပါတယ်။
2017-11-05
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စု ညောင်ပန်လှကျေးရွာ က နိုဝင်ဘာလ ၄ ရက်နေ့မနက်က ကျွဲကျောင်းသွားစဉ် မိုင်းနင်းမိတာကြောင့် တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2017-11-05
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၁၆ လုံးနဲ့ ငါး၊ ပုစွန်ဒိုင် ၁၀ ဒိုင် မီးထဲပါသွားခဲ့ပါတယ်။