သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-05
ပုပ္ပါးတောင်ကလပ် မြေသားကျွံကျမှုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာရင် ပြောင်းရွှေ့ပေးနိုင် ဖို့အတွက် သတ်မှတ်ထားတဲ့ အန္တရာယ်ဇုန်အတွင်း ကျရောက်နေတဲ့ အိမ်ခြေစာရင်းကို လွှတ်တော် ကိုယ်စားလှယ်တွေ ပါ၊င်တဲ့ ပုပ္ပါးတောင် ထိန်းသိမ်းကာကွယ်ရေးကော်မတီက စာရင်းကောက် ယူနေပါတယ်။
2017-11-05
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကို တအာင်းလွတ် မြောက်ရေးတပ်မတော် TNLA နဲ့ ဆက်စပ်မှုတွေရှိနေတယ်ဆိုပြီး အစိုးရတပ်မတော်က နေအိမ်တွေအတွင်း ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးစစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
2017-11-05
အနည်းဆုံးအခကြေးငွေနှုန်းထားအသစ် သတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ တင်ပြတဲ့ နှုန်းထား နှစ်ခုကြား ကွာဟမှုတွေရှိနေတာကြောင့် အစိုးရအတွက် စိန်ခေါ်မှုဖြစ်နေတယ်လို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
2017-11-05
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံကို အခုလလယ်လောက်မှာ သွားရောက်မှာဖြစ်ပါတယ်။
2017-11-05
နိုဝင်ဘာလ ၄ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " NCA ၂ နှစ်ပြည့်မှသည်" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ( နာယက - ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO)၊ ဗိုလ်မှူးချုပ် တာဘုန်းကျော် (တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် - TNLA) နဲ့ ဦးနေထွန်းနိုင် (အယ်ဒီတာ - The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး ဂျာနယ် ) တို့က ပင်တိုင် ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-11-05
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စေတနာရှင်တွေ ဌာနဆိုင်ရာတွေ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တွေ စုပေါင်းပြီး နိုဝင်ဘာလ နှစ်ရက်နေ့နဲ့သုံးရက်နေ့မှာ မီးပုံးပျံလွှတ်တင်ပွဲ ကျင်းပခဲ့ပါတယ်။
2017-11-04
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တရားရုံး အချုပ်ကနေ ထွက်ပြေးသွားသူ ၇ ဦးထဲက ပြန်လည် ဖမ်းမိထားတဲ့ အချုပ်သား ၃ ယောက်ကို အချုပ်ဖောက်ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၂၂၄ နဲ့ အရေးယူထားတယ်လို့ မုံရွာမြို့ရဲစခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောပါတယ်။
2017-11-04
နိုင်ငံရေးပါတီတွေရဲ့ သဘောထားထုတ်ပြန်ချက်၊ ကြေညာချက်မိတ္တူတွေကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ထံပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။
2017-11-04
နေပြည်တော်မှာ အမှုရင်ဆိုင်နေရတဲ့သူတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် လူ ၈၀၀ ကျော်ဆံ့တဲ့ အချုပ်ထောင်ကို လာမယ့် ၂၀၁၈ ခုနှစ်မှာ စတင်အသုံးပြုသွားမယ်လို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောပါတယ်။
2017-11-04
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ အကောင်အထည်ဖော်နေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ် တဲ့ CNPC ရဲ့ စီးပွားရေးစီမံကိန်းလုပ်ငန်းတွေကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဒီကနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။
2017-11-04
ရခိုင်ပြည်နယ် မောင်တောဒေသက အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးနေရတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပြန်ခေါ်ဖို့ စီစဉ်နေတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
2017-11-04
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထား အရေးယူတာတွြေုပုလုပ်ဖို့ အမေရိကန်လွှတ်တော်မှာ စီစဉ်နေပါတယ်။
2017-11-03
နိုဝင်ဘာလ ၂ ရက်နေ့ မနက် ၃ နာရီခန့်မှာ မောင်တောမြို့နယ်၊ သရေကုန်ဘောင်ကျေးရွာက ဒေသခံ ၂ ဦးဟာ ရွာအနီးနှစ်မိုင်အကွာအဝေးမှာ သွားရောက်ငါးရှာသွားစဉ် မွတ်စလင် ၃၀ ကျော်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-11-03
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထိုင်းနိုင်ငံ လပ်ဘူရီမြို့က ထိုင်းနိုင်ငံသားတစ်ယောက်အိမ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အိမ်အကူ အမျိုးသမီးတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး အဲဒီသေဆုံးမှုဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုလို့ ထိုင်းနယ်မြေခံရဲတပ်ဖွဲ့က သတ်မှတ်ပြီး အမှုကို ပိတ်သိမ်းခဲ့ပါတယ်။
2017-11-03
ရခိုင်နဲ့ မွတ်စလင်ကြား ချစ်ချစ်ခင်ခင် နေခဲ့ကြဖူးတဲ့ လူငယ်နှစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို အမေရိကန်အောက်လွှတ်တော် မှာ ၂ဝ၁၇ နိုဝင်ဘာလ ၁ ရက်နေ့က ပြသခဲ့ပြီး အဲဒီဒေသ အခြေအနေတွေအကြောင်း ရိုဟင်ဂျာ အရေး လှုပ်ရှားသူတွေက ရှင်းလင်းပြောဆိုခဲ့ပါ တယ်။